ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ နေရာရှိပါတယ်။
အမျိုးသားလွှတ်တော်တွင် အရပ်သားနှင့်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးရှိပါသည်။ အမျိုးသားလွှတ်တော်က ဒုတိယသမ္မတ ၁ ဦး တင်မြှောက်ရပါမည်။
ပြည်သူ့လွှတ်တော်တွင် အရပ်သားနှင့်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄၄၀ ရှိပါတယ်။ ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတ ၁ ဦး တင်မြှောက် ရပါမည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်သည် ပြည်သူ့လွှတ်တော်တွင် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅၆ ဦး စုစုပေါင်း ၁၆၆ ဦးရှိပါသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဒုတိသမ္မတ ၁ ဦးတင်မြှောက် ရပါမည်။
ဒုတိယသမ္မတ ၃ ဦးထဲမှ သမ္မတ ၁ ဦးကို ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး လွှတ်တော်အမတ်အရေအတွက် ၆၆၄ တွင် အနည်ဆုံး ၅၀ ရာခိုင်နှုန်းကျော် အမတ်အရေအတွက် ၃၃၃ ဦး ပိုင်ဆိုင်ထားသော နိုင်ငံရေးပါတီက မိမိတင်မြှောက်လိုသူကို သမ္မတ တင်ခြင်းဖြင့် သမ္မတ တင်မြှောက်နိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်/တိုင်းအစိုးရအဖွဲ့ကို ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ရှိသည်။
လတ်တလော NLD ပါတီသည် လွှတ်တော်အမတ်နေရာ ၃၃၃ ဦးကျော် အနိုင်ရရှိထား၍ သမ္မတတင်မြှောက်ခွင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့် ရရှိထားပြီဖြစ်သည်။