နိုင်ငံတဝန်းလုံးရှိ တိုင်းဒေသကြိးနှင့်ပြည်နယ်ဝန်ကြီးချုပ်အသစ်အဟောင်းများ၏ အာဏာလွှဲပြောင်း သည့် အခမ်း အနားလုပ်ဆောင်မည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
နိုင်ငံတော်သမ္မတအဆင့်သာ အာဏာ လွှဲပြောင်းသည့်အခမ်းအနားကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီး၊ပြည်နယ် များရှိ အသစ်အဟောင်းလွှဲပြောင်းမှုအစီအစဉ်မှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ထားမှုမရှိသကဲ့သို့ လွှဲပြောင်း ယူရမည့် ဘက်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမဖွဲ့စည်းနိုင်သေးကြောင်း၊ မိမိတို့ အနေဖြင့် ယနေ့နံနက် ၁၁နာရီတွင်တိုင်းဒေသကြိးအစိုးရရုံးမှ ထွက်ခွာလာခဲ့ပြီး ဖြစ် ပြီး ရုံးပရိဘောဂများ၊ စာရင်းဇယား များအားလုံး စနစ်တကျထားရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိက ပြောသည်။
သမ္မတကြီးလွှဲပြောင်းပြီးသွားလျှင် အားလုံးလွှဲပြောင်းပြီးသွားသည့်သဘောဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ဝန်ကြီးချုပ်နေရာများအတွက် လွှဲပြောင်းမှုအခမ်းအနားလုပ်ဆောင်သွားရန် လုပ်ထုံး လုပ်နည်း မရှိေ ကြာင်း ၊ လုပ်ငန်းပိုင်းဆိုင်ရာ ညှိနှိုင်းမှုများသည် နေပြည်တော်တွင်သာ ညှိနှိုင်းရခြင်းဖြစ်ကြောင်း ကိုယ်ရေး အရာရှိ က ရှင်းပြသည်။