ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များနှင့် တနင်္လာနေ့( နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်) အတွင်းတွင် ရာနှင့် ချီသော ရို ဟင်ဂျာ မွတ်ဆလင်များ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်ဟု အကူအညီပေးရေး လုပ် သားများက ပြောကြသည်။
ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှ ပဋိပက္ခများ အရှိန်မြင့်တက်လာသည့် နောက်ပိုင်းတွင် သေဆုံးသူ အနည်းဆုံး ၈၆ ဦးနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်သူ ၃၀၀၀၀ ခန့် ရှိပြီ ဖြစ်သည်။
ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်မှုများဆိုင်ရာ အဖွဲ့အစည်း (International Organization for Migration – IOM) မှ အမည်မဖော်လိုသူ အရာရှိတဦးက နယ်စပ်အနီးမှ တောင်ကုန်းများ အတွင်းတွင် ရှိသည့် IOM စခန်းများအတွင်းသို့ လူ ၅၀၀ ကျော် ဝင်ရောက်လာသည်ကို နိုဝင်ဘာလ ၂၁ ရက်နေ့က မြင်တွေ့ခဲ့ရကြောင်း ပြောသည်။
IOM စခန်းများတွင် ရှိနေသော အခြား ကုလသမဂ္ဂ အေဂျင်စီများနှင့် ရိုက်တာ သတင်းထောက်များက မြန်မာနိုင်ငံမှ လတ် တလောတိုက်ပွဲများကြောင့် ထွက်ပြေးလာရသည်ဟု ပြောသူများကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။ ကုလ သမဂ္ဂ ဝန်ထမ်းများက အရေအတွက် အတိအကျမပြောသော်လည်း လူဦးရေ ရုတ်တရက် တိုးလာသည့်အတွက် စိုးရိမ်ကြောင်း ပြောကြသည်။
၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ၂ ဘက် အသိုင်းအဝိုင်း ပဋိပက္ခများအတွင်း ရာနှင့် ချီ၍ သေဆုံးခဲ့ရချိန်မှစ၍ ထိုပြဿနာက အရေးအကြီးဆုံး ဖြစ်လာပြီး ၈ လသက်တမ်းသာ ရှိသေးသည့် နိုဘယ်ငြိမ်းချမ်း ရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအတွက် အကြီးဆုံး စမ်းသပ်ချက် ဖြစ်လာသည်။
အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် တပ်စခန်း ၃ ခုတိုက်ခိုက်ခံရပြီး ရဲအဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရခြင်းကို တုန့်ပြန် သည့် အနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ရှိ ဒေသများသို့ မြန်မာ့တပ်မတော်မှ စစ်သည်အမြောက်အများ ချထားခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ကျေးရွာတရွာမှ အသက် ၆၀ အရွယ် မော်လဝီ အာဇစ်ခန် က သူ၏နေအိမ်ကို စစ်တပ်က လာ ဝိုင်းပြီး မီးရှို့ရန် လုပ်ဆောင်ခဲ့သည့် နောက်ပိုင်းတွင် ယခင်အပတ်က မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကြောင်း ပြောသည်။
“အဲဒီအချိန်မှာ ကျနော်က ကျနော့်ရဲ့ သမီး ၄ ယောက် မြေး၃ ယောက်နဲ့ အတူ အနားက တောင်ကုန်းပေါ်ထွက်ပြေးပြီး တော့ နောက်ပိုင်းမှာ နယ်စပ်ကို ဖြတ်ကျော်နိုင်ခဲ့တယ်” ဟု သူက ဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်များ တွင် ရိုက်ကူးခဲ့သည့် ဂြိုဟ်တု ဓာတ်ပုံများအရ ရခိုင်ပြည်နယ် မြောက်ပိုင်း မှ ကျေးရွာ ၅ ခုတွင် အဆောက်အဦး ၈၂၀ မီးလောင်ပျက်စီးနေသည်ကို တွေ့ရသည့် အတွက် မီးလောင်ပျက်စီးသည့် အ ဆောက်အဦး စုစုပေါင်း ၁၂၅၀ အထိရှိလာသည်ဟု အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် Human Rights Watch က ပြောသည်။
မွတ်ဆလင်အရပ်သားများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည် ဆိုသည့် အစောပိုင်း သတင်းများကို အစိုးရက ငြင်းဆိုသည်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ နှင့် အသစ်ဖွဲ့စည်းလိုက်သော ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဦးဇော်ဌေးက အဆိုပါ သတင်းများကို အစိုးရက ဆက်လက်စုံစမ်းခဲ့ကြောင်းနှင့် သို့သော်လည်း မှန်ကန်ကြောင်း ပြသနိုင်သည့် အထောက်အထားများ ယခုအချိန်အထိ မတွေ့ရှိရသေးကြောင်း ပြောသည်။
“အောက်တိုဘာလ ၉ရက်နေ့က စပြီးတော့ လူတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်လို့ စစ်တပ်နဲ့ ရဲအဖွဲ့နဲ့ အတူ ကျနော်တို့ စစ်ဆေးခဲ့ပါတယ်။ တချို့တွေက သူတို့ရွာတွေက ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် သူ တို့ကို ကျနော်တို့က သူတို့ ရွာကို ပြန်ပို့ခဲ့ပါတယ်” ဟု သူက ပြောသည်။
“တကယ်လို့ အဲဒီလိုမျိုး ဖြစ်ခဲ့တယ်ဆိုရယ်၊ ကျနော်တို့စိုးရိမ်ပါတယ်။ ကျနော်တို့ ဆက်လက်စုံ စမ်းသွားပါမယ်။ ကျနော် တို့က စွပ်စွဲမှုတွေ အားလုံးကို ငြင်းနေတာ မဟုတ်ပါဘူး။ ကျနော်တို့ အစိုးရက စွပ်စွဲမှု အားလုံးကို အမြဲတမ်း စစ်ဆေး ပါတယ်။ တချို့ဟာတွေကတော့ မမှန်ဘူးဆိုတာ တွေ့ရှိရပါတယ်။”
မြန်မာ့တပ်မတော်က မွတ်ဆလင်အများစု ရှိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းကို စစ်ဆင်ရေးဇုန် အဖြစ် ကြေညာထားခဲ့သည်။ အစ္စလမ်မစ် လက်နက်ကိုင်များနှင့် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါဧရိယာသို့ နိုင်ငံတကာမှ သတင်းထောက်များ ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်း ၎င်းတို့က ပြောသည်။
လတ်တလောဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ရသူ ၃၀၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး ပိုမို ထိခိုက်ခံစား ရသူ ထောင်နှင့် ချီ၍ ရှိသည်ဟု ကုလသမဂ္ဂက ပြောသည်။
လူ ၁၅၀၀၀၀ ကျော်အတွက် အစားအစာ၊ ငွေကြေး နှင့် အာဟာရများ ထောက်ပံ့ပေးသည့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ လုပ်ငန်းများမှာလည်း ရပ်ဆိုင်းထားသည်မှာ ရက်ပေါင်း ၄၀ ကျော်ခဲ့ပြီ ဖြစ်သည်။
အကူအညီများ ပေးခွင့်ပြုရန် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှ မြန်မာ အစိုးရကို တောင်းဆိုထားသည်။
“ရည်ရွယ်ချက်က သူတို့ကို သူတို့ ရောက်နေတဲ့ နေရာမှာ အကူအညီပေးဖို့ပါ။ ဒါမှသာ သူတို့ အနေနဲ့ နယ်စပ်ကို ဖြတ် ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုထွက်မသွားမှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးမှ ဒေ သဆိုင်ရာ ပြန်ကြားရေး အရာရှိ Vivian Tan က ရိုက်တာသို့ပြောသည်။
“တကယ်လို့ သူတို့ ရှိနေတဲ့ နေရာမှာ သူတို့ အကူအညီမရဘူးဆိုရင် သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်လိုမျိုး တခြားနိုင်ငံကို ထွက်သွားဖို့ ဖြစ်လာလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့လည်း သူတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှု အစဉ်အလာကို လေး စားဖို့နဲ့ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးထားဖို့ ကျမတို့က တောင်းဆိုထားပါတယ်။”