• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဂတိကျော်ဇောရုံဖြင့် နေပြည်တော်ကောင်စီဝင်တဦး ရာထူးမှ ဖယ်ရှားခံရ

by ထက်နိုင်ဇော်
17 March 2018
in သတင်း
A A
နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်ကို ပြည်ထောင်စု လွှတ်တော်တွင် တွေ့ရစဉ် / MPU

နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်ကို ပြည်ထောင်စု လွှတ်တော်တွင် တွေ့ရစဉ် / MPU

27.4k
VIEWS
Share on FacebookShare on Twitter

သမ္မတ တိုက်ရိုက် အုုပ်ချုပ်သည့် ပြည်ထောင်စုနယ်မြေမှ နေပြည်တော် ကောင်စီဝင် ဦးတင်ထွဋ်ကို ဦးထင်ကျော် လက်မှတ်ရေးထိုးပြီး ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းသည် အဂတိမှု ကျော်ဇောသောကြောင့်ဟု နီးစပ်သူ အသိုင်းအဝိုင်းက ဆိုသည်။

အမည်မဖော်လိုသော နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်တဦးက“ဘာကြောင့်အထုတ်ခံရလဲဆိုတော့ နာ မည်ကြီးတာကြောင့်ပါ။ ဆိုလိုတာက ကျော်ဇောမှုပဲ ရှိတာ။ သူက တင်ဒါလုပ်ငန်းတွေကို အဓိက ကိုင်တွယ်ရတာ။ စီမံကိန်းတွေ ကိုင်ရ တယ်။ လွှတ်တော်ကိုလည်း သူပဲ သွားပြီး ရှင်းလင်း တင်ပြတာတွေ လုပ်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။ အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပါ။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
17
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
48
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
247

မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် သမ္မတဦးထင်ကျော်၏ အမိန့်ပြန်တမ်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ နေပြည်တော် ကောင်စီဥပဒေပါ ပြဌာန်းချက်များအရ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်ကို တာဝန်မှ ရပ်စဲလိုက်သည်ဟု ဖော်ပြ ထားသော်လည်း ထုတ်ပယ်ရသည့် အကြောင်းရင်းကို ဖော်ပြထားခြင်း မရှိပါ။

သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးကမူ သမ္မတ၏ တိုက်ရိုက်အမိန့်ဖြင့် ထုတ်ပြန်ခြင်း ဖြစ်ပြီး ဘာကြောင့် ထုတ်သည်ဆိုသည်ကို အစိုးရ အနေဖြင့် ပြောလေ့ပြောထ မရှိ ဟု ဆိုသည်။

ဦးတင်ထွဋ်သည် NLD အစိုးရလက်ထက် နေပြည်တော်တွင် ရာထူးအကြီးဆုံး အရေးယူခံရသူ တဦး ဖြစ်ပြီး ၎င်းမတိုင်မီ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမျိုးတင့် ဆိုသည့် တပ်မတော် အရာရှိဟောင်းတဦးမှာလည်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ရာထူးတာဝန်မှ နုတ်ထွက်ပေးခဲ့ရသေးသည်။

“ဦးမျိုးတင့်တုန်းကတော့ ထွက်မလား။ ထုတ်ရမလား မေးလိုက်တာ။ အခုက ကြည့်ရတာက အနားယူခိုင်းတာ မဟုတ်ဘဲ Force နဲ့ ထုတ် ပစ်ရတာ။ သူက ငြင်းချင်တယ်။ ငြင်းနေရင်တော့ ထုတ်ပစ်ရတာပေါ့။ ဦးမျိုးတင့်တုန်းကတော့ မငြင်းနိုင်အောင် အများကြီး ကိုင်ထားတာ” ဟု အထက်ပါ စည်ပင်အရာရှိက ပြောသည်။

တာဝန်မှ ရပ်စဲခံရခြင်းကို ကြိုတင် သိရှိခဲ့ခြင်း မရှိဘဲ ရုတ်တရက် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးတင်ထွဋ်မှာ NLD ပါတီဝင် မ ဟုတ်ဘဲ ၂၀၁၅ ခုနှစ်တွင် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန်ရာထူးဖြင့် အငြိမ်းစား ယူခဲ့သူဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နေပြည်တော်ကောင်စီတွင် တာဝန်ပေးခံရကြောင်း ဦးတင်ထွဋ်၏ ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဦးမျိုးသန့်က ဧရာဝတီ သို့ ပြောသည်။

ကာယကံရှင် ဖြစ်သူ ဦးတင်ထွဋ်ကို ဧရာဝတီက ဆက်သွယ်ရာတွင် ယခုမှ ပစ္စည်းများ သိမ်းနေ၍ မီဒီယာများကို တစုံတရာ မပြောနိုင် သေးကြောင်း၊ နောက်ပိုင်းတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း မနေ့က ပြန်လည် တုန့်ပြန်ခဲ့ပြီး ယနေ့ ထပ်မံဆက်သွယ်ရာတွင် ဖုန်းပိတ်ထားခဲ့သည်။

NLD အစိုးရ လက်ထက် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ စည်ပင်အရာရှိ ၂ ဦး ဖြစ်သူ ဈေးများဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်စိုးလှ တို့ ကိုလည်း အဂတိလိုက်စားမှုဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလက အရေးယူခဲ့ပြီး မန္တလေးတိုင်း တရားရုံးတွင် ယခုအခါ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

Your Thoughts …
Tags: နေပြည်တော် ကောင်စီဝင်သမ္မတရုံးဦးတင်ထွဋ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

by ဒေးဗစ်အောင်
28 July 2023
11.5k

သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

ကုန်းဘောင် စာဆိုရှင် မယ်ခွေ ၏ “လက်ဆောင်” ကဗျာ ကိစ္စ သမ္မတရုံး ဝင်ပါနေရ

by မိုးမိုး
8 June 2019
23.2k

ယင်းကဗျာတွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ပတ်သက်သည့် အကြောင်းအရာ ပါသည်ဆိုကာ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ အမျိုးသမီး ဆရာဝန်ကြီး တဦးက ထိုကဗျာ ကြောင့် ကလေးများ ဆေးလိပ် ၊...

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး  / ထက်နိုင်ဇော် /  ဧရာဝတီ

သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွတ်မြောက်

by ဧရာဝတီ
26 June 2021
96.8k

အာဏာမသိမ်းမီ နောက်ဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတာတွေကို တပ် ချုပ်က တော်တော် စိတ်ဆိုးတယ်လို့ ကျနော်တို့ သိရတယ်။ ရွေးကောက်ပွဲရလဒ်ကို ဝေဖန်တဲ့လူတွေ၊ အဖွဲ့အစည်းတွေက Political Suicide နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်မယ်ဆိုပြီး ပြောတာ။ သူက...

အောက်တိုဘာ ၂၅ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်း ထောက်များနှင့် တွေ့ ဆုံနေသည့် ဦးဇော်ဌေး / ထက်နိုင်ဇော် / ဧရာဝတီ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ အဖမ်းခံရမှု ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ဟုဆို

by ထက်နိုင်ဇော်
26 October 2019
17.5k

ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညမ မမိုးနှင်းဖြူ၊ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အောက်တိုဘာ၁၉ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း သက်ဆိုင်ရာက သတင်းထုတ်ပြန်မှု တစုံတရာ မရှိသေးသဖြင့် မနေ့က နေပြည်တော်တွင် ဧရာဝတီက ယင်း...

Wisdom Hill ကျောင်း  / ထက်နိုင်ဇော် / ဧရာဝတီ

Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော

by မိုးမိုး
5 July 2019
32.1k

Wisdom Hill ပုဂ္ဂလိက ကျောင်းတွင် အသက် ၃ နှစ်မပြည့်သေးသည့် ကလေးငယ် မဖွယ်မရာ ပြုကျင့်ခံ ရ သည့် အမှုနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့် ကျောင်းဖြစ်သည့် အတွက် အရေးယူသွားမည်...

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး / ကျော်မျိုး

AA ကို စစ်ဆင်ပြီး နှိမ်နှင်းမည်ဟု သမ္မတ ရုံး ပြော

by မိုးမိုး
7 January 2019
157.2k

ရက္ခိုင့်တပ်မတော် AA ကို သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေးများ ပြုလုပ်ပြီး ထိရောက်စွာ ဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ရုံးမှ ညွှန်ကြားထားသည်

Next Post
လူဟာ ရေ မသောက်ဘဲ ဘယ်လောက်ကြာ နေနိုင်လဲ

လူဟာ ရေ မသောက်ဘဲ ဘယ်လောက်ကြာ နေနိုင်လဲ

ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာခေါ် ဘင်္ဂလီ ဒုက္ခသည်များအရေး ဆစ်ဒနီမြို့တွင် ဆန္ဒပြနေကြစဉ် / Reuters

ဒေါ်အောင်ဆန်းစုကြည်ကို ဩစတြေးလျမှာ တရားရုံး တင်မရဟု ရှေ့နေချုပ်က ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate