• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုင်းအစိုးရနဲ့ စည်ပင် ကားဝယ်ဖို့ ဘဏ္ဍာကော်မတီ လက်မခံ

by ထွန်းထွန်း
1 June 2018
in သတင်း
A A
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် / အောင်ကျော်ထက် / ဧရာဝတီ

41.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့မှ ၂၀၁၈-၁၉ ခုနှစ် ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)တွင် ကားဝယ်ယူရန် ဘတ်ဂျက်တင်ထားမှုအား ခွင့်မပြုသင့်ကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက ယနေ့ဇွန်လ ၁ ရက်နေ့ တိုင်းလွှတ်တော်အစည်းအဝေးတွင် တင်ပြသည်။

၂၀၁၈-၁၉ ခုနှစ် လျာထားဘတ်ဂျက်တွင် တိုင်းအစိုးရအနေဖြင့် Ford ကား ဆယ်စီးဝယ်ယူရန် ကျပ်သန်းတထောင်၊ မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ရုံးသုံးယာဉ်များဝယ်ယူရန် ကျပ် ၂၆၄၄ သန်းအား တင်ပြထားခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း Double Cap ကား ၂၁ စီးအား ဝယ်ယူရန် ကျပ် ၁၀၅၀ သန်း တင်ပြထားကြောင်း သိရသည်။

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “ ကိုကိုးကျွန်းမပါ ၄၄ မြို့နယ်အတွက် စုစု ပေါင်းဝယ်တဲ့ ကားအစီးရေဟာ ယခုနှစ် အပါအဝင်ဆိုရင် ၅၇ စီးရှိနေပါပြီ။ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေကို တစီးစီ ပေးမယ်ဆိုရင်တောင် ပိုနေပြီ ဖြစ်ပါတယ်၊ ဒါကြောင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ စည်ပင်သာယာ ရေးကော်မတီမှာ တင်ပြထားတဲ့ မော်တော်ယာဉ်တွေကို ဝယ်ဖို့တန်ဖိုးငွေကျပ် ၃၆၄၄ သန်းကို မြို့နယ်တွေမှာ လိုအပ်တဲ့ဖွံ့ဖြိုးရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်ရန်အတွက် ခွင့်ပြုပေးရန် မသင့်ပါ၍ ဖြတ်တောက်သင့်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

တိုင်းအစိုးရအဖွဲ့၏ ကားဝယ်မည့်ကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ဆွေးနွေးခဲ့ကြပြီး ဘတ်ဂျက်ချွေတာ သုံးစွဲနေရသည့် အခြေအနေတွင် ပြည်သူများအတွက် ပိုမိုလိုအပ်သည့်နေရာတွင်သာ ဘတ်ဂျက်ကို သုံးစွဲသင့်ကြောင်းလည်း ထောက်ပြဆွေးနွေးကြသည်။

တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က “ ကားဝယ်မယ့်ကိစ္စက အစိုးရဘက်နဲ့ဆွေးနွေးတော့ သူတို့ပြဿနာတွေတင်ပြတယ်၊ ရှိတဲ့ကားတွေကလည်း အတော်လေးပျက်စီးနေပြီ၊ VIP တွေ၊ ဧည့်ကြိုဖို့၊ လူကြီးစီးဖို့တွေအတွက် ခဏခဏ မဝယ်ရအောင် တခါတည်းအမြင့်ကား ဝယ်တဲ့သဘောပြောတာပေါ့၊ ငွေပမာဏက များတော့ ကန့်ကွက်မှုတွေရှိလာတာပါ”ဟု ပြောသည်။

ဘဏ္ဍာရေးကော်မတီ၏ တင်ပြချက်တွင် စည်ပင်သာယာရေးကော်မတီ၏ သာမန်ရငွေရှင်လင်းချက်အား စုပေါင်းဖော်ပြထားသည့်အတွက် စိစစ်ရန်ခက်ခဲပြီး လာမယ့်နှစ်မှစ၍ သီးခြားတခုချင်းစီသာ ဖော်ပြရန်လည်း တင်ပြခဲ့သည်။

ရန်ကုန်မြို့တော်ဘဏ်မှာ နိုင်ငံခြားဘဏ်လုပ်ငန်းများ လုပ်ဆောင်ရန် ငွေကျပ်သန်းပေါင်း ၆၈၀၀ ထည့်ဝင် ရန်အတွက် တင်ပြမှုကိုလည်း ပြည်သူအခွန်ဘဏ္ဍာများ ဆုံးရှုံးနိုင်ချေရှိသည့်အတွက် ခွင့်မပြုသင့်ကြောင်း ဘဏ္ဍာရေးကော်မတီက ဆိုထားသည်။

ပြည်သူငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က “လျာထားဘတ်ဂျက်တွေကို စိစစ်ပြီး ဖြတ်တောက်တယ်ဆိုတာက အစိုးရအနေနဲ့ မသုံးရတာတော့ မဟုတ်ဘူး၊ တခြားလိုအပ်တဲ့နေရာတွေမှာ ပိုသုံးဖို့ရွေ့လိုက်တာပါပဲ”ဟု ပြောသည်။

စည်ပင်ကောက်ခံရငွေများ၊ ဘက်ဂျက်ပိုငွေများ ထည့်သွင်းရာ မြို့တော်ဘဏ်လီမိတက်၏ အမြတ်ငွေ ရရှိမှုအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၁၃၄၆.၅၅၂ သန်း၊ ၂၀၁၆- ၁၇ ခုနှစ်တွင် ၁၆၀၃.၅၀ သန်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ၁၅၃၅.၅၀ သန်းနှင့် ၂၀၁၈ ခုနှစ် ၆ လ ဘတ်ဂျက်တွင် ကျပ် ၈၂၂ သန်းအား အမြတ်ငွေအဖြစ် ဖော်ပြထားသော်လည်း မည်သည့်နေရာတွင် သုံးစွဲထားကြောင်း မည်သည့် ဘဏ္ဍာရေးနှစ်တွင်မှ ဖော်ပြထားခြင်း မတွေ့ရှိရကြောင်းလည်း ဘဏ္ဍာရေးကော်မတီက ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

စည်ပင်သာယာရေး ကော်မတီမှ ရာနှုန်းပြည့် မတည်ရင်းနှီးမြုပ်နှံထားသည့် မြို့တော်ဘဏ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး စာရင်းစစ်ချုပ်က စာရင်းစစ်ဆေးခြင်း မရှိခဲ့သည့်အတွက် စည်ပင်၏ ဘဏ္ဍာရေး လုပ်ငန်းများအား စစ်ဆေးရာတွင် မြို့တော်ဘဏ်၏ လုပ်ငန်းများကိုလည်း ထည့်သွင်းစစ်ဆေးပေးရန် ပြည်သူ့ငွေစာရင်းကော်မတီက တင်ပြထားသည်။

ရုပ်ရှင်ရုံဆိုင်ခန်းငှားခများနှင့် ပတ်သက်၍လည်း လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကာလပေါက်ဈေးများ အတိုင်း တိုးမြှင့်ကောက်ခံသင့်ကြောင်းလည်း ဘဏ္ဍာရေးကော်မတီက အကြံပြုထားသည်။

မြို့တော်ဂေါက်ကွင်း အခြားအသုံးစရိတ်အနေဖြင့် တင်ပြထားသည့် ကျပ် ၁၀၇.၆၅ သန်းနှင့် ပတ်သက်၍ ၂၀၁၈ ဘဏ္ဍာရေးနှစ် ၆ လဘတ်ဂျက်တွင် ကျပ် ၁၅၃၅.၅၀၀ သန်းအား သုံးစွဲခွင့်ပြုထားပြီးဖြစ်သည့်အတွက် ထပ်မံတောင်းခံငွေအား ဖြတ်တောက်သင့်ကြောင်းလည်း တင်ပြခဲ့သည်။

ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် ၂၀၁၈-၁၉ ခုနှစ် လျာထားဘက်ဂျက်မှ မှားယွင်းမှုများ၊ မလုပ်သင့်သည့် စီမံကိန်းများ၊ ပေါက်ဈေးထက် ပိုမိုတောင်းခံထားသည့် တင်ပြမှုများ စိစစ်ဖြတ်တောက်ခဲ့ရာတွင် ကျပ် ၇၃၀၀၁ သန်းအား လျော့ချနိုင်ခဲ့ကြောင်းလည်း သိရသည်။

တိုင်းအစိုးရ၏ ၂၀၁၈-၁၉ ခုနှစ် လျာထားဘတ်ဂျက်နှင့်ပတ်သက်ပြီး လာမည့် ဇွန်လ ၄ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတဦးက လွှတ်တော်တွင် ပြန်လည်ရှင်းလင်းဆွေးနွေးဖြစ်ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်–သိန်း ၁၀၀၀ တန် Ford ကား ၁၀ စီးဝယ်ရန်တင်ပြချက် ဝေဖန်မှုဖြင့် ရင်ဆိုင်နေရ

Your Thoughts …
Tags: ကားစည်ပင်ဘတ်ဂျက်အစိုးရ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
16.9k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

ဇိမ်ခံကားကြီးတွေလှူတာ ရှက်စရာကောင်းတယ် (ရုပ်/သံ)

ဇိမ်ခံကားကြီးတွေလှူတာ ရှက်စရာကောင်းတယ် (ရုပ်/သံ)

by မိုးသောက်
11 June 2024
3.6k

အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ရဲ့ ဆရာတော်ကြီးတွေကို အဆောင်အယောင်အဖြစ် ဇိမ်ခံကားတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

by ဧရာဝတီ
16 January 2025
899

အာဏာသိမ်း စစ်ကောင်စီဟာ လှည့်ကျစနစ်နဲ့ပေးနေတဲ့ လျှပ်စစ်မီးကိုတောင် မှန်အောင်မပေးနိုင်တော့ပါဘူး။ ရန်ကုန်မြို့မှာ အရင်က အလှည့်ကျ မီးရရှိမှုဟာ တရက်ကို ၁၂ နာရီ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်ရဲ့ မီးပေးဝေမှု ဇယားမှာတော့ တရက်ကို ၈...

ထိုင်း ကားထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်းခန့် မြင့်တက်လာလို့ ဆို

ထိုင်း ကားထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်းခန့် မြင့်တက်လာလို့ ဆို

by ဧရာဝတီ
27 July 2025
796

အခုလို ကားထုတ်လုပ်မှု မြင့်တက်လာခြင်းဟာ ပို့ကုန် ဈေးကွက်အတွက် Pickup Truck တွေ ပိုမို ထုတ်လုပ်ခဲ့ခြင်းက အဓိက ကျကြောင်း…

ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲ ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ  / ထက်ဝေ  / ဧရာဝတီ

ကရင် BGF ခေါင်းဆောင်တွေ ဘယ်လမ်းရွေးမလဲ

by ထွန်းထွန်း
20 January 2021
26k

အငြင်းပွားမှုတွေနဲ့ ဝေဖန်ခံနေရတဲ့ ရွှေကုက္ကို မြို့သစ်စီမံကိန်း ဂယက်ဟာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့အကြား အစုလိုက်အပြုံလိုက် နှုတ်ထွက်တဲ့အထိ သဘောထား တင်းမာမှုတွေဖြစ်ခဲ့ပြီး မရေရာတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

by ဇော်မြတ်ခန့်
17 July 2024
720

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သွားတဲ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Black Lists) စာရင်းကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး စစ်ကောင်စီက မက်လုံးပေး ဖိတ်ခေါ်နေပါတယ်။

Next Post
အဆိုတော် အစ္စဏီနဲ့ သူ့ရဲ့ အမေဖြစ်သူ ဒေါ်ဥမ္မာမြင့်  / ထက်ဝေ / ဧရာဝတီ

“တရားလို ထွက်ဆိုချက်တွေကြောင့် သား ဒေါသထွက်နေတယ်” လို့ ပြောတဲ့ အစ္စဏီရဲ့အမေ

လှဖိုးခေါင် ကြားစခန်းတွင် ပြန်လည် ဝင်ရောက်လာသော ဘင်္ဂါလီများနှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံနေစဉ် / ဒေါက်တာ ဝင်းမြတ်အေး ဖေ့စ်ဘုတ်

ပြန်ဝင် ဘင်္ဂါလီ ၆၀ ကျော်တွင် ၁၀ ဦး ထွက်ပြေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved