သတင်း

ယိုးတရုတ်စခန်းမှူး ဓားထိုးခံရ၍ သေဆုံး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးတရုတ် ရဲကင်းစခန်းမှူး ဒုရဲအုပ် ဇော်မင်းဌေးမှာ ယနေ့ နံနက်ပိုင်းက ဈေးဝယ် နေစဉ် ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က ယိုးတရုတ်ဈေးတွင် ဈေးဝယ်နေစဉ် ဓါးထိုးခံရခြင်း ဖြစ်ကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။

ရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက “ ဖြစ်တာက ဟုတ်ပါတယ်။ ဓားထိုးခံရတာက ရဲက ဗိုလ်လေး တပွင့်နဲ့ပါ ။ အခု ကျနော်တို့ ဆေးရုံကို ရောက်နေတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ရဲကင်းစခန်းမှူး ဒုရဲအုပ် ဇော်မင်းဌေး ဓားထိုးခံရပြီး သေဆုံးသွားသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုး အား ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်အား အတည်ပြုသော်လည်း အသေးစိတ် အချက် အလက်ကို မသိရှိရကြောင်း ပြောသည်။

လက်ရှိအချိန်တွင် ဆေသုံးသွားသည့် ဒုရဲအုပ် ဇော်မင်းဌေး၏ ရုပ်အလောင်းအား ယိုးတရုတ် တိုက်နယ် ဆေးရုံမှနေ ပုဏ္ဏားကျွန်း ပြည်သူ့ဆေးရုံသို့ ယူဆောင် သွားကြောင်းလည်း သိရသည်။

သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျောက်ဖြူ အခြေစိုက် အမှတ် ( ၃၂ ) ရဲတပ် ရင်းမှ လုံခြုံရေး ယာဉ်တန်းမှာ မိုင်းဆွဲတိုက် ခိုက်ခံရသည့်အတွက် ဒုရဲမှူး သောင်းလွင်နှင့် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၃ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

သြဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်မှာ ရေယာဉ်ဆိပ်ကမ်း ရုံးအနီးတွင် ရှိနေစဉ် ဓားထိုးခံရသည့်အတွက် လက်ရှိအချိန်အထိ ဆေးကု သမှုကို ခံယူရသည်။

ယခုနှစ် မတ်လ ၉ ရက်နေ့ အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးတရုတ် ရဲကင်း စခန်းကို AA က ဝင်ရောက်တိုက်ခိုက်သည့် အတွက် တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

ပုဏ္ဏားကျွန်း၌ ရဲယာဉ်တန်း မိုင်းဆွဲခံရ၊ ဒုရဲမှူးသေဆုံး ၄ဦး ဒဏ်ရာရ

ကျောက်တော် ရဲတပ်ဖွဲ့မှူး ဓားထိုးခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading