• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်သမ္မတ ရှီကျင့်ဖျင် ရှေ့အပတ် သောကြာနေ့ ရောက်မည်

by မိုးမိုး
10 January 2020
in သတင်း
A A
၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း ဘေ့ဂျင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့စဉ် /  Reuters

၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း ဘေ့ဂျင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့စဉ် / Reuters

19.4k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် (Mr. Xi Jinping) သည် သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ 

သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိလာရောက်မည်ဖြစ်ပြီး တွေ့ဆုံမည့် ပုဂ္ဂိုလ်၊ သွားရောက်မည့် နေရာနှင့် ဆွေးနွေးမည့် အကြောင်းအရာများကို ထုတ်ပြန်မထားသေးသော်လည်း ထိုခရီးစဉ်၏ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုကိုတော့ စိတ်ဝင်စားနေကြသည်။  

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
120
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.2k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
118

ယခု ၂၀၂၀ ပြည့်နှစ်သည် တရုတ်–မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်ပြီ ဖြစ်သည့်အတွက် ယင်း အထိမ်း အမှတ် အဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖျင်၏ ယခုခရီးစဉ်သည် နှစ်ပေါင်း ၁၉ နှစ် အတွင်း တရုတ် သမ္မတ တဦး အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မကြာမီ ရောက်ရှိလာမည့် တရုတ်သမ္မတ ခရီးစဉ်အတွင်း မြန်မာ–တရုတ် ၂ နိုင်ငံ စီးပွားရေး သဘောတူညီချက်များ တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် စီမံကိန်း အပါအဝင် MoU ၃ ခု လက်မှတ် ထိုးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ဒု ဝန်ကြီး ဦးအောင်ထူးက ပြောသည်။ 

ဒု ဝန်ကြီး ဦးအောင်ထူး က “ကျနော်တို့ဘက်ကတော့ ၃ ခုပေါ့ဗျာ။ တခုက ကုန်သွယ်ရေးနှင့် ပတ်သက်ပြီးတော့ ပူးတွဲ ကော်မတီ တခု၊ နောက်တခုက နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ MOU ပေါ့၊ နောက်တခုက ကျောက်ဖြူ ပေါ့” ဟု ပြောသည်။ 

ဇန်နဝါရီ ၉ ရက်နေ့က နေပြည်တော်ရှိ စီးပွား/ကူးသန်း ဝန်ကြီးဌာနတွင် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ် အရစ်ကျ ရောင်းချရေး အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲတွင်  တရုတ်သမ္မတ ခရီးစဉ် နှင့် ပတ်သက်ပြီး သတင်းထောက်များကို ဒုတိယ ဝန်ကြီးက အထက်ပါ အတိုင်းပြောသည်။ 

ကျောက်ဖြူစီမံကိန်းအတွက် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် လက်မှတ်ရေးထိုးမည့် နားလည်မှု စာချွန်လွှာ (MoU) တွင် မူဘောင် သဘော တူညီ ချက် (Framework Agreement) အောက်တွင် ပါရှိသော လုပ်ငန်းစဉ် ၇ ခုအနက်မှ ၂ ခု ပါဝင် လာမည်ဖြစ်ကြောင်း၊ အခြားသော စီးပွား ရေးလုပ်ငန်းများလည်း  သဘောတူ လက်မှတ်ထိုးရန် စီစဉ်လျက် ရှိကြောင်း စီးပွား/ကူးသန်း မှ သိရသည်။

“ကျောက်ဖြူက ပထမ Framework မူဘောင် သဘောတူစာချုပ် ထိုးပြီးသား။ အခုဟာက Concessional Agreement (ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘော တူညီချက်) နဲ့ နှစ်ခုထိုး မှာ” ဟု ဦးအောင်ထူးက ပြောသည်။ 

ကျောက်ဖြူစီမံကိန်းသည် မူလစာချုပ်ပါ Frame Work Agreement အရ EIA ၊ SIA လုပ်ငန်းစဉ်များဆောင် ရွက်ရန် ၁ နှစ်ခန့် ကြာမည်ဖြစ်သည့် အတွက် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးချိန်မှသာ ရေနက် ဆိပ်ကမ်း (Deep Sea Port) လုပ်ငန်းကို စတင်နိုင်မည်ဟု ဒု ဝန်ကြီးကရှင်းပြသည်။

တရုတ်၏ မဟာဗျူဟာ စီမံကိန်း တရပ် ဖြစ်သော ပိုးလမ်းမသစ် စီမံကိန်း (One Belt One Road – OBOR) ၏ အစိတ်အပိုင်း ဖြစ်သည့် တရုတ်–မြန်မာ စီးပွားရေး  စင်္ကြန်တွင် အကောင်အထည် ဖော်ရန် တရုတ်နိုင်ငံက အဆိုပြု ထားသော စီမံချက် လုပ်ငန်းများ အနက် မန္တလေး–မူဆယ် ရထားလမ်း စီမံကိန်းလည်း ပါဝင်သည်။

ယင်း မန္တလေး–မူဆယ် ရထားလမ်းသည် အရှည် ၂၆၈ မိုင်ရှိပြီး တရုတ်ပြည် ကူမင်းမြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူ အထိ တဆက်တည်း ဖြစ်မည့် ရထားလမ်း စီမံကိန်းဖြစ်ကာ ယခုနှစ်ဆန်းပိုင်းမှ စတင်၍ စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုများ (Feasibility Study) ပြုလုပ်ရန် နှစ်နိုင်ငံ သဘောတူ လက်မှတ်ထိုးပြီး အဆင့်ဖြစ်ကြောင်း သိရသည်

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှု အများဆုံး ပြုလုပ်နေသည့် နိုင်ငံ တနိုင်ငံဖြစ်သည့် အတွက် တရုတ် သမ္မတ၏ ခရီးစဉ်သည် မြန်မာနိုင်ငံ စီးပွားရေး အတွက် ကောင်းမွန်သည့် ခရီးစဉ် ဖြစ်ကြောင်း စီးပွား/ကူးသန်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က ပြောသည်။

“အဓိက ဘယ်အပိုင်းတွေ လုပ်မယ်ဆိုတာ သူတို့ဘက်ကလည်း ကြေညာပါလိမ့်မယ်။ စီးပွားရေး အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုတွေ၊ အပြန်အလှန် ရင်းနှီးချစ်ခင်မှုရှိတဲ့ အတွက် ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှပ်နှံမှု လက်မှတ် ထိုးကြမှာပါ။ အားလုံးကတော့ ကောင်းတဲ့ အရာတွေပါပဲ” ဟု ၎င်းက ပြောဆိုသည်။ 

လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူ ဒေသ၌ ရေနက် ဆိပ်ကမ်း အပါအဝင် အထူးစီးပွားရေးဇုန် စီမံကိန်းများကို အကောင်အထည် ဖော်ရန် တရုတ် အစိုးရပိုင် China International Trust and Investment Company Group –CITIC) ကုမ္ပဏီက ဆောင်ရွက်နေသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်ဘက်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို ခန့်မှန်း ကုန်ကျငွေ ဒေါ်လာ ၇ ဘီလျံနှင့် တည်ဆောက်ရန် ကနဦး လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ခဲ့ကြောင်း၊ ထိုတင်ဒါသည် ယခင် သမ္မတဟောင်း ဦး သိန်းစိန် အစိုးရ လက်ထက်က ဖြစ်ကြောင်း၊ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှု အချိုး ၈၅၊ မြန်မာ ဘက်က ၁၅ အချိုးဖြင့် သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်–မြန်မာ ကုန်သွယ်မှုတွင် ၂၀၁၉ ခုနှစ် ပထမ ၉ လအတွင်း ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၁၃.၅၄ ဘီလီယံ ရှိ၍ ယခင် နှစ်များနှင့် စာလျှင် ၁၇ ဒသမ ၉ ရာခိုင်နှုန်း တိုးလာသည်ဟု  တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ စာရင်းဇယား အချက်အလက်များတွင် ဖော်ပြထားကြောင်း Global Time သတင်းတွင် ပါရှိသည်။

You may also like these stories:

မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း

တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက်

မြန်မာ တည်ငြိမ် အေးချမ်းရေး တရုတ် နှင့် ဂျပန် အခန်းကဏ္ဍ

Your Thoughts …
Tags: တရုတ် သမ္မတ ရှီကျင့်ဖျင်
မိုးမိုး

မိုးမိုး

...

Similar Picks:

၂၀၂၀ သြဂုတ် ၁၉ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ရွှေကြာပင်ရပ်ကွက် NLD ပါတီဝင်များ၏ နေအိမ်များသို့ လှည့်လည်တွေ့ဆုံစဉ် / သီဟလွင် / ဧရာဝတီ

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

by ဇင်လင်းထက်
17 November 2020
7k

ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် NLD ပါတီသည် နိုင်ငံတော် ကြွယ်ဝချမ်းသာရေးဟူသော လုပ်ငန်း ဖော်ဆောင်ရာ၌ ကြီးမားသည့် အောင်မြင်မှုရလိမ့်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်နှင့် မြန်မာ ၂ နိုင်ငံသည် ဆွေမျိုး ပေါက်ဖော်၊ အိမ်နီးချင်းကောင်းများ ဖြစ်ကြပြီး တရုတ်...

တရုတ် သမ္မတ ရှီကျင့်ဖျင်  / Reuters

ရှီကျင့်ဖျင် နှင့် အကန့်အသတ်မဲ့ သမ္မတ သက်တမ်း

by ထက်မြက်
1 May 2018
9.5k

သမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိပ်ဆုံးသို့ ဦးတည်နေသည်ကို မည်သူမျှ ငြင်းမရပေ။

Next Post
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ အစိုးရနှင့် ပုဂ္ဂလိကပိုင် ထာဝရ  ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေ သော ကျောက်ပုထိုး ရွှေသတ္တုတွင်း ရွှေသန့်စင် စက်ရုံ / Min Htin

ပြည်တွင်း၌ အင်္ဂလန်မှ ရွှေသန့်စင်စက်ရုံ တည်ဆောက်ရန် ဆွေးနွေးနေ

“ဒါရိုက်တာ ပြည့်ဟိန်းသီဟက ဟာသ သရုပ်ဆောင်တွေနဲ့ လက်တွဲညီတယ်”လို့ ဂွမ်းပုံ ပြော (ရုပ်/သံ)

“ဒါရိုက်တာ ပြည့်ဟိန်းသီဟက ဟာသ သရုပ်ဆောင်တွေနဲ့ လက်တွဲညီတယ်”လို့ ဂွမ်းပုံ ပြော (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate