ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်တွင် လွှင့်ထူထားသော မြန် မာအလံတိုင်ကို တရုတ်နယ်ခြားစောင့်တပ်က လက်နက်အပြည့်အစုံဖြင့် လာရောက်၍ ဖြုတ်ချခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ ညှိနှိုင်းမှုဖြင့် ယခုအခါ နယ်နမိတ်မြေ ပြန်တိုင်းရန် သဘောတူညီမှု ရရှိထားကြောင်း သတင်းရရှိသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ဖြစ်ပွားခဲ့သည့် ယင်းပြဿနာကြောင့် ၂ နိုင်ငံ ဆက်ဆက်ရေးကို ထိခိုက်စေခဲ့သဖြင့် ယင်း ဒေသတွင် နယ်နိမိတ် ပြန်လည် သတ်မှတ်ရန် မြန်မာ အစိုးရက ကြိုးစားခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ် ၂ ရပ်ကွက် နယ်နိမိတ် ကျောက်တိုင် အမှတ် BP- 144/3 နှင့် BP-144/4 ကြား ခန့်မှန်း မြေပုံညွန်း (MF-824965) ရှိ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ (၄.၇) မီတာခန့်အကွာတွင် စိုက်ထူထားသော မြန်မာနိုင်ငံ အလံတိုင်နေရာသို့ တရုတ် နယ်ခြားစောင့်တပ်မှ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
“အဲဒီတုန်းက နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် တရုတ်သံအမတ်ကြီးကို ကန့်ကွက်တယ်။ အဲဒီကတဆင့် သူတို့က နိုင် ငံတော်ကို သတင်းပို့တယ်။ အဲဒါပြီးတော့ နယ်နမိတ်ကိစ္စတွေ ဆောင်ရွက်နေပါပြီ။ အိမ်နီးနားချင်းနိုင်ငံလည်း ဖြစ်တယ်။ မိတ် ဝတ်မပျက်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ နိုင်ငံတော်ရဲ့ ညွှန်ကြားချက်အရ နယ်နမိတ်ဆိုင်ရာ ကိစ္စတွေကို ဥပဒေ၊ နည်းဥပဒေနဲ့အညီပဲ ဖြေရှင်းပါတယ်”ဟု အစိုးရ အဖွဲ့ ရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ပြောသည်။
ထိုစဉ်က လောက်ကိုင်၊ ကုန်ကြမ်းနှင့် ချင်းရွှေဟော်မြို့နယ်တို့တွင် တရုတ်ဘက်မှ လက်နက်ကိုင် အဖွဲ့ ဝင် ၅၀ ခန့်သည်
မြန်မာ နယ်ခြားမှတ်တိုင် အနီးရှိ အလံတိုင်များကို လာရောက် ဖျက်ဆီးခဲ့ရာ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့်အတူ သွားရောက်တားမြစ်ပြီး နယ်နမိတ်ပြန်သတ်မှတ်ခဲ့ရသည်ဟု ဦးတင်မြင့်က ပြော သည်။
၎င်းက“သူတို့က တခါ ပြန်လာဖျက်တယ်။ ကျနော်တို့က သတ်မှတ်တယ်။ အဲလိုနဲ့ ဖြစ်တဲ့အခါမှာ ၂ နိုင်ငံ ချစ်ကြည်ရေး အတွက် ရည်ရွယ်ပြီးတော့ သံတမန်နည်းလမ်းအရ ဒီလိုဖြစ်နေတယ်။ ခင်ဗျားတို့ တပ်တွေ ပြန်ဆုတ်ပါဆိုပြီး ၂ ဖက် ညှိ နှိုင်းပြီ ၂ ဖက်စလုံးက တပ်ဖွဲ့ တွေ ပြန်ဆုတ်သွားတယ်”ဟု ရှင်းပြသည်။
သို့သော် မည်သည့်အချိန်က စတင်ဆောင်ရွက်သည် ဆိုသည့် အသေးစိတ် ဆောင်ရွက်ချက်များကို မရှင်းပြနိုင်သေး ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပိုသိ၊ ပိုပြောနိုင်မည် ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ယင်းနေရာကို နယ်နမိတ်ပြန်တိုင်းတာရန် နှစ်ဘက်စလုံးက ဆောင်ရွက်လျက်ရှိရာ မြန်မာဘက်က လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ ကြေးတိုင်နဲ့ မြေစာရင်းဌာန အပါအဝင် ကျွမ်းကျင်သည့် အဖွဲ့ အစည်းများနှင့် ဖွဲ့ စည်းပြီး တိုင်းတာမည် ဖြစ်ကြောင်း၊ မူဆယ်နှင့် ချင်းရွှေဟော်တို့တွင် တချို့ နေရာများကို တိုင်းတာပြီးဖြစ်ကြောင်း၊ တချို့ နေရာများကို တိုင်းတာနိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် ညှိနှိုင်းလျက်ရှိကြောင်း အစိုးရအဖွဲ့ ရုံးမှ ညွှန်ချုပ် ဦးမြင့်သန်းက ပြောသည်။
“ချင်းရွှေဟော်မှာက အသေးစိတ် တိုင်းတာခြင်း လုပ်ငန်းတွေ မပြီးဆုံးသေးပါဘူး။ သို့သော်လည်းပဲ ၂ ဖက် နိုင်ငံချင်း သ ဘောတူပြီးတော့ ထပ်မံပြီး ကျူးကျော် မြေဖို့တာတို့ အဲဒီ ထိပ်တိုက်တွေ့ တဲ့ လုပ်ငန်းစဉ်တွေကတော့ အားလုံး ရပ်ဆိုင်း ပြီးပါပြီ။ သံတမန်ရေးအရ ဆွေးနွေးပြီးတော့ ရပ်ဆိုင်းပြီးပါပြီ”ဟု ဦးမြင့်သန်းက ပြောသည်။
နယ်စပ်ပြဿနာများသည် တရုတ်နှင့်သာမက အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့်လည်း ဖြစ်ပွားလျက်ရှိကြောင်း၊ သို့သော် ပြဿနာ ဖြစ်ပွားတိုင်းတွင် အိမ်နီးချင်းကောင်း ပီသစွာ မိတ်ဝတ်မပျက်စေရန် ပါးနပ်လိမ္မာစွာ ကိုယ်တွယ်ဖြေရှင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့ ရုံး တာဝန်ရှိသူများက ပြောသည်။
“ဥပဒေတွေ၊ ၂ နိုင်ငံ ချုပ်ဆိုထားတဲ့ စာချုပ်တွေ ရှိပါတယ်။ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ မြေပုံတွေလည်း ရှိပါတယ်။ ဒါအမိနိုင်ငံရဲ့ အချုက်အခြာ အာဏာနယ်မြေ ပိုင်ဆိုင်မှုလည်း တလက်မမှ အိမ်နီးနားချင်းနိုင်ငံတွေ လက်ထဲကို မပါရှိအောင် အလေးထားဆောင်ရွက်နေပါတယ်”ဟု ဒု ဝန်ကြီး ဦးတင်မြင့်က ပြောသည်။
၎င်းတို့ အရပ်ဘက် အုပ်ချုပ်ရေး အဖွဲ့ များ သွားရောက်ရန် အခက်အခဲ ရှိသည့် နေရာများသို့ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် အတူ သွားရောက်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် ထိုင်းနိုင်ငံက သောင်းရင်းမြစ်တွင် မြေထိန်းနံရံ တည်ဆောက်သည့်အခါတိုင်း ကန့်ကွက်ပြောဆိုလျက်ရှိကြောင်း သိရသည်။
“ကျနော်တို့မှာ နယ်ခြားကော်မတီလည်း ဖွဲ့ ထား ပါတယ်။ သက်ဆိုင်ရာ မြို့နယ် နယ်ခြားကော်မတီကနေ သိတာနဲ့ ကန့် ကွက်တယ်။ ကျနော်တို့ ရုံးချုပ်ကို ပို့ရင် ချက်ချင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပို့တယ်။ အိန္ဒိယဆိုလည်း အိန္ဒိယ – မြန်မာ အစည်းအဝေးတွေ ရှိတယ်။ မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း ပေါ့နော်။ အဲဒီလို နယ်ခြားကော်မတီတွေကနေ နယ်နမိတ် ကိစ္စတွေကို ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ပြောသည်။
တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ဖြေရှင်းနိုင်ရေး အတွက် မြန်မာ-တရုတ် နယ်စပ် ဒေ သများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထား ကြကြောင်း သိရသည်။
ထို သဘောတူစာချုပ်ပါ အခြေအနေများ အပါအဝင် လက်ရှိ မြန်မာ- တရုတ် နယ်စပ်အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေး အတွက် ဆောင်ရွက်မည့် ကိစ္စများကို တရုတ်နိုင်ငံနှင့် ဆက်လက် ဆွေးနွေးနေသလို နယ်စပ် အငြင်းပွားမှုများ ထပ်မံ မဖြစ် ပေါ် လာရေး အတွက် ပူးတွဲရည်မှန်းချက် တခုကို ဖော်ဆောင်ရန်လည်း မြန်မာအစိုးရက ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
You may also like these story:
မြန်မာအလံ တရုတ်တို့ ဖြုတ်ချခဲ့မှု ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်၍ နယ်နိမိတ်ပြန်သတ်မှတ်မည်