သတင်းတို

ကမ္ဘာ့လှည့်ခရီးသွားများအတွက် အကောင်းဆုံးမြို့အဖြစ် ဘန်ကောက် သတ်မှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာလှည့် ခရီးသွားအတွက် အကောင်းဆုံးမြို့အဖြစ် ဘန်ကောက်မြို့ဟာ နံပါတ် ၁ နေရာမှာ ရှိနေ ကြောင်း ဘဏ္ဍာရေးဝန်ဆောင်မှု ပြုလုပ်ပေးနေသည့် Mastercard ၏ ထုတ်ပြန်သည့် အစီရင်ခံစာ များ ကို ကိုးကားပြီး Bangkok Post သတင်းကဆိုပါတယ်။

ဘန်ကောက်မြို့ဟာ ကမ္ဘာ့နံပါတ် ၁ နေရာကို ဒုတိယအကြိမ်ရယူခဲ့ခြင်းဖြစ်ပြီး၊ ဒီနှစ်မှာတော့ ခရီးသွား ၂၀. ၂သန်း ဘန်ကောက်မြို့ကို လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ယခင် ကမ္ဘာ့လှည့်ခရီးသွားများအတွက် အကောင်းဆုံးမြို့အဖြစ် နံပါတ် ၁နေရာကို ရယူထားတဲ့ လန်ဒန်မြို့ဟာ အခုအခါမှာတော့ ဒုတိနေရာကို ရောက်ရှိသွားပြီး၊ ဒါပေမယ့်လည်း ဒီနှစ်မှာ လန်ဒန်မြို့ ကို ကမ္ဘာလှည့်ခရီးသွား သန်း ၂၀ ကျော်လာဖို့ မျှော်လင့်နေပါတယ်။

တတိယနေရာကို ပြင်သစ်နိုင်ငံ ပါရီမြို့က ရယူထားပြီး ခရီးသွား ၁၆.၁ သန်းလာရောက်ကာ၊ အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE)ရဲ့ ဒူဘိုင်းမြို့ကတော့ နှစ်စဉ် ကမ္ဘာ့လှည့် ခရီးသွား ၁၆သန်း လာ ရောက်ကာ စတုထ္တနေရာမှာ ရှိပါတယ်။ စင်ကာပူအနေနဲ့ကတော့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၁၃.၇ သန်းဝင် ရောက်ပြီး ပဉ္စမနေရာကို ရရှိထားပါတယ်။

ကမ္ဘာ့လှည့်ခရီးသွားများ အများဆုံး ငွေကြေးသုံးစွဲမှုမှာတော့ ဒူဘိုင်းမြို့ဟာ ထိပ်ဆုံးမှာရှိပြီး၊ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့လှည့် ခရီးသွား ၁၄.၉သန်းလာရောက်ကာ အမေရိကန်ဒေါ်လာ ၂၈.၅ ဘီလျံ သုံးစွဲခဲ့ကြောင်း၊ ယခုနှစ်မှာတော့ ၁၀.၂ ရာခိုင်နှုန်း တိုးဖို့ မျှော်မှန်းထားကြောင်းသိရပါတယ်။

ဒုတိယ သုံးစွဲတဲ့မြို့ကတော့ နယူးယောက်ခ်မြို့ဖြစ်ပြီး၊ လန်ဒန်မြို့ကတော့ တတိယနေရာမှာရှိကာ့ နံပါတ် ၅ နေရာကိုတော့ ဘန်ကောက်မြို့က ရယူထားပြီး ယခုနှစ်မှာတော့ ၁၄.၀၈ ဘီလျံ ရရှိမယ်လို့ မှန်းထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading