ရှမ်းပြည်နယ် တောင်ကြီးမြို့ကန်ရှေ့ရပ်ကွက်ရှိ လုံဝမ်ရွှေဆိုင်အား ယနေ့မနက်ပိုင်းက သေနတ် အတု ဖြင့် ဝင်ရောက်လုယက်ခဲ့သူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း တောင်ကြီးမြို့မရဲစခန်းက သိရသည်။
လုယက်သူမှာ တောင်ကြီးမြို့နယ် လွယ်ကောင်ရွာဇာတိဖြစ်သည့် ခွန်ရန်းကိုဆိုသူဖြစ်ပြီး နေ့လည် ၂ နာရီခန့်တွင် City Square ဈေးဝယ်စင်တာ အောက်ထပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တောင်ကြီးမြို့နေ ဒေါ်ခင်မိုးမိုးက “သူက ဈေးဝယ်စင်တာက ဆော့တဲ့သေနတ်ဝယ်ပြီး ဝင်လုတာ၊ အဲ့ဒီ မှာဝိုင်းဖမ်းကြတော့ ထွက်ပြေးသွားတာ ဆိုင်ကယ်ပါကျန်ခဲ့တယ်၊ အခုတော့မိသွားပါပြီ”ဟု ဧရာဝတီ သို့ ပြောသည်။
အမှုနှင့်ပတ်သက်၍ ဖမ်းမိထားသူအား တောင်ကြီးမြို့မရဲစခန်းတွင် ဆက်လက်စစ်ဆေး ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။