On This Day

မြန်မာ့အသံ (ရေဒီယို)မှ စီးပွားရေး ကြော်ငြာများ ရပ်ဆိုင်းခြင်း

ယနေ့သည် မြန်မာအသံ ရေဒီယိုမှ နိုင်ငံတော် ဘဏ္ဍာငွေ ရရှိနေသည့် စီးပွားရေး ကြော်ငြာ အစီအစဉ်များကို အာဏာသိမ်း အစိုးရဖြစ်သည့် တော်လှန်ရေး ကောင်စီမှ ရပ်ဆိုင်းခဲ့သည့် ၅၅ နှစ်မြောက် နေ့ဖြစ်သည်။

ယင်းကြော်ငြာ အစီအစဉ်ကို ၁၉၆၂ ခုနှစ်က ပထမဆုံး စတင်ခဲ့ရာ ၂ နှစ်အတွင်း ကြော်ငြာခငွေ ၂သိန်းနီးပါး ရရှိခဲ့သော် လည်း ဆိုရှယ်လစ် စီးပွားရေးစနစ် အရ ပြည်သူပိုင် သိမ်းယူခြင်းများ ပြုလုပ်ခဲ့ပြီး တစ်နှစ်ကျော်အကြာ ယင်း ကြောငြာ အစီအစဉ်ကိုပါ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းမြန်မာ့အသံ ရေဒီယို စီးပွားရေး ကြော်ငြာတွင် ဟောလစ်၊ အိုဗာတင်း၊ စည်သွတ်ဗူးကစ၍ နိုင်လွန်ထည်၊ ချည်ထည်၊ အိမ်သုံးဆေး၊ ပလပ်စတစ်ပစ္စည်းများ အထိ ကြော်ငြာခဲ့ပြီး ကြော်ငြာခငွေများ ရရှိရုံသာမက အသံလွှင့်ချိန်ကို ပြည်သူများ က စောင့်မျှော် နားထောင်သည် အထိ ဖျော်ဖြေမှုကိုလည်း ပေးနိုင်ခဲ့သည်။

၁၉၆၄ ခုနှစ် တော်လှန်ရေး ကောင်စီမှ ပြည်သူပိုင် သိမ်းပြီး မြင်ကွင်း

“သင့်အင်အားကို တိုးပွားစေရန် အရသာရှိသော အိုဗာတင်းကို သုံးဆောင်ပါ၊ အိုဗာတင်း..အိုဗာတင်း” ဟူ၍ လည်းကောင်း၊ “အမောပြေအောင် ဟောလစ်ကို သုံးဆောင်ပါ၊ ဟော…ဟော..ဟောလစ်” စသည့် ကြော်ငြာများမှာ ခလေးလူကြီးများ၏ နှုတ်ဖျားတွင် စွဲခဲ့ကြသည်။

၁၉၈၈ခုနှစ် စစ်တပ်မှ တဖန်အာဏာသိမ်းပြီးနောက် နဝတ အစိုးရတက်လာပြီးနောက်ပိုင်းတွင် ထိုစီးပွားရေး ကြော်ငြာ များကို မြန်မာ့အသံရေဒီယို၊တီဗွီတို့က ပြန်လည်ထုတ်လွှင့်ပေးခဲ့သည်။

ရည်ညွန်း- နှစ် ၃၀ မြန်မာ့အသံ (ဦးကျော်ညိန်း-မာတလိ)

Loading