မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည် (၂)

ဂျာရက် ဘစ်ဆင်ဂျာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စီးပွားရေးလုပ်ငန်း အမူအကျင့်ဟောင်းများ အလျင်အမြန် ပြောင်းလဲနေပြီ

မပြောင်းပါ။ ထိုသို့ မပြောင်းခြင်းက မြန်မာအတွက် ကံဆိုးခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်တည်ဆောက်ပုံ ဖွဲ့စည်းမှု ပြောင်းလဲခဲ့သော်လည်း မြန်မာနိုင်ငံ စီးပွားရေးစနစ်တွင် လုပ်ပိုင်ခွင့်နှင့် သြဇာရှိဖို့ ကြိုးစားကြပုံသည် နိုင်ငံရေး အခြေအနေကဲ့သို့ပင် မပြောင်းလဲဘဲ အတူတူ ရှိနေသေးသည်။ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (International Crisis Group – ICG) က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဆွေးနွေးထားရာ၌ “လက်ဝါးကြီးအုပ်စနစ်၊ လိုင်စင်များ။ ပါမစ်ခွင့်ပြုချက်များ၊ ကန်ထရိုက်များ ရရှိရန် လူချင်းနီးကပ်ဆက်ဆံမှုတို့ကို ဖျက်သိမ်းခဲ့ပြီး” ဖြစ်သည်ဟု ဆိုထားသော်လည်း လက်တွေ့ သက်သေများအရ အပြောင်းအလဲများမှာ အနည်းအကျဉ်း အပေါ်ယံမျှသာ ရှိသေးသည်။

ဝန်ကြီးဌာနများ အနေဖြင့် ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများ ဖြည့်ဆည်းခြင်း၊ ပြင်ပမှ ပုဂ္ဂိုလ်များသို့ ဖိတ်ခေါ် ကမ်းလှမ်းခြင်း ဖွင့်ပေးခြင်းများ ရှိသော်လည်း၊ ဗျူရိုကရေစီ ယန္တယား လုပ်ငန်းစဉ်များကို ကျော်လွားနိုင်အောင် လုပ်ကိုင်ခြင်း၊ လမ်းကြောင်းရှာ ဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ချက် ချမှတ်မည့်သူများကို ထိတွေ့နိုင်ခြင်း စသည်တို့သည် ပုဂ္ဂိုလ်ရေးနီးစပ်မှု အပေါ်တွင် ယခုတိုင်များစွာ တည်မှီနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် သတ္ထုတွင်းတူးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားသည် အစိုးရက အသိအမှတ်ပြုထားသည့် စာရင်းပါကုမ္ပဏီကြီး ၃၈ ခုနှင့် မိတ်ဖက်ပါတနာ ပြုရမည် ဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင်လည်း အလားတူ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးနေပြီး မိတ်ဖက်ပြုရမည့် ကုမ္ပဏီ ၆၀ ခန့်ရှိသည်။

အချို့သော ကုမ္ပဏီများတွင် လိုအပ်သည့် ကျွမ်းကျင်မှုများ ရှိသော်လည်း။ ကျန်ကုမ္ပဏီများမှာမူ ပုဂ္ဂလိက ကုမ္ပဏီများ၌ ဆုံးဖြတ်ချက်ချခြင်း ဖြစ်စဉ်တွင် ဝင်ရောက်စွက်ဖက် အကျိုးအမြတ် ထုတ်ယူနေကြခြင်းသာ ဖြစ်သည်။ မလိုလားအပ်သည့် ကြားဝင်ဆောင်ရွက်နေသော အုပ်စုများဖြစ်၍ ပုဂ္ဂလိက ကုမ္ပဏီများ၏ ဆုံးဖြတ်ချက် ချမှတ်မှုများ အပေါ်တွင် ဝင်၍ အကျိုးအမြတ် ထုတ်ယူနေကြခြင်းသာ ဖြစ်သည်။ ဤသို့ အခွင့်ထူးခံ ကုမ္ပဏီများစာရင်းထဲတွင် ပါဝင်ပြီး စီးပွားရေးကို ဟန်ကျပန်ကျ အောင်အာင်မြင်မြင် လုပ်နိုင်ရန်အတွက် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များအတွင်းမှ သိသင့်သိထိုက်သူနှင့် သိကျွမ်းရန် လိုသည်။ ကုမ္ပဏီများစာရင်း ရရှိရန်နှင့် ယေဘုယျအားဖြင့် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းတခု ဖြစ်လာရန်မှာ မည်သူ့ကို သိသည်နှင့် များစွာ မူတည်နေပါသေးသည်။

မကြာသေးမီက ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းခဲ့သည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများမှာလည်း အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ ပြနေ လူကုံထံ လူနည်းစု၏ လက်ထဲသို့သာ လွှဲပြောင်းရောက်ရှိခဲ့ရသည်။ အကြောင်းမှာ ထိုသူတို့တွင် အဆက်အသွယ်နှင့် အရင်းအနှီး ရှိနေသောကြောင့် ဖြစ်သည်။ နိုင်ငံအတွင်း ခိုင်မာအားကောင်းသည့် အခွန်အကောက်စနစ်များ ရှိမနေသောကြောင့်လည်း မြန်မာပြည်သူများ အနေဖြင့် မကြာသေးမီကမှ ပုဂ္ဂလိကထံ လွှဲပြောင်းပေးခဲ့သည့် စီးပွားရေး လုပ်ငန်းများမှနေ၍ အခွန်မှ ရရှိလာသည့် ဘဏ္ဍာငွေများကို ပို၍ မခံစားကြရပါ။ နိုင်ငံ၏ ဖွံ့ဖြိုးရေးကို မြှင့်တင်ဆောင်ရွက်ပါမည်ဟု ထုတ်ပြန်ကြေညာထားသည့် ပန်းတိုင်နှင့် လွဲချော်စွာပင် အများစုသော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် အင်အားကြီးများကသာ ချုပ်ကိုင်လွှမ်းမိုးနေသည့် အခြေအနေ (Oligarchization) အဖြစ်သို့ ကျရောက်နေရပါသည်။ ယခင် စီးပွားရေးလုပ်ကိုင်ပုံ နည်းလမ်းဟောင်းများသည် အခြား အာရှနိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သည့်နည်းတူ မြန်မာ့စီးပွားရေး ဖြစ်ပေါ် တိုးတက်မှုအပေါ် သြဇာသက်ရောက်မှု ရှိနေစေမည် ဖြစ်သည်။

ကြီးကျယ်ခမ်းနားသော ပြုပြင်ပြောင်းလဲ မှုများဖြစ်ပေါ်နေပြီ၊ နောက်ထပ်လည်း မလွဲမသွေ ဖြစ်လာဦးမည်

သင်ထင်ထားသကဲ့သို့ အမြောက်အများ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ နေပြည်တော်ရှိ မြန်မာ အစိုးရအနေဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲနိုင်ရန် အရေးကြီးသည့် အဆင့်များ လုပ်ဆောင်ခဲ့သည်။ ဥပမာအားဖြင့် နိုင်ငံခြား ငွေလဲလှယ်မှုနှုန်းထား ပြင်ဆင်သတ်မှတ်ခဲ့ခြင်းနှင့် အချို့သော သွင်းကုန်စည်းမျဉ်း တင်းကျပ်မှုများ လျှော့ချပေးခဲ့ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း တစုံလုံး အနေဖြင့်မူ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုက ပို၍ အကြီးအကျယ်သဘော ဆောင်သည်ဟု ဆိုနိုင်သည်။ စီးပွားရေးကဏ္ဍတွင်မူ ဥပဒေပြဌာန်းဆောင် ရွက်မှုများ များစွာ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်။

စီးပွားရေးကဏ္ဍတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲမှာ “ခေါင်းမာဂိုဏ်းသားများ” နှင့် “ပြုပြင်ပြောင်းလဲရေး သမားများ” အကြား ဖြစ်ပေါ်နေခြင်း မဟုတ်ပေ။ ယခင်စနစ်တွင် အကျိုးအမြတ် ဖြစ်ထွန်းခဲ့သူများ အပါအဝင် မြန်မာနိုင်ငံမှ လူအများစုကြီးသည် အတိတ်ကို အလွမ်းစိတ်ဖြင့် ပြန်၍ ကြည့်မနေတော့ပါ။  မြန်မာနိုင်ငံမှ ယခင်စနစ်မှ အကျိုးအမြတ် ဖြစ်ထွန်းနေသူ လက်တဆုပ်စာသည်သာ အတိတ်ကို အလွမ်းစိတ်ဖြင့် ပြန်၍ ကြည့်နေကြပါသည်။ ၎င်းအစား စီးပွားရေးကဏ္ဍတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခမှာ စီးပွားရေး ဖြစ်စဉ်အသစ် (New economic order) ၏ ပုံစံပင် ဖြစ်ပါသည်။ နိုင်ငံတကာ ဈေးကွက်သို့ ဖွင့်ပေးလိုက်ခြင်းကြောင့် အကျိုးအမြတ် ရှိလာမည့်  စီးပွားရေးလုပ်ငန်းများနှင့် အရည်အသွေး မပြည့်မှီသော ကုန်စည်များကို ကာလကြာရှည် ဈေးကြီးပေး ဝယ်စားနေရသည့် စားသုံးသူများ တဖက်တွင် ရှိနေပါမည်။ အခြားတဖက်တွင်မူ ယခင် စီးပွားရေးဖြစ်စဉ် အခင်းအကျင်းဟောင်းအောက်တွင် သူတို့ စီးပွားရေးလုပ်ငန်းများကို တည်ဆောက်ခဲ့ပြီး စီးပွားရေး တံခါးဖွင့်မှုကို အများအပြား အလျင်အမြန် လုပ်ဆောင်ပါက ဆုံးရှံးမှု ကြီးမားနိုင်သည့် လုပ်ငန်းများလည်း ရှိနေသည်။။  တဖက်တွင် စီးပွားရေး လုပ်ငန်းများ ရှိနေမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ ဖွင့်ပေးလိုက်ခြင်းကြောင့် သူတို့ အကျိုးအမြတ် ရှိကြပါလိမ့်မည်။

စားသုံးသူများဖက်တွင်လည်း ယခင်က ကန့်သတ် ချုပ်ချယ်ထားမှုများကြောင့် အရည်အသွေးနိမ့်သည့် ကုန်ပစ္စည်းများကို ဈေးနှုန်း အဆမတန် ကြီးကြီးပေး၍ ဝယ်ယူခဲ့ကြရသည်။ အခြားတဖက်တွင်မူ အချို့စီးပွားရေးလုပ်ငန်းများက သူတို့လုပ်ငန်းများကို ယခင် စီးပွားရေးဖြစ်စဉ် အခင်းအကျင်းဟောင်းအောက်တွင် တည်ဆောက်ခဲ့ကြပြီး အကယ်၍ နိုင်ငံက အလျင်အမြန် ဖွင့်လိုက်ပါက သူတို့ အရှုံးထွက်မည်ကို စိုးရိမ်နေကြပါသည်။ ယခု ဖြစ်ပေါ်နေသည့် တိုက်ပွဲမှာ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရန် သင့်-မသင့် အပေါ် ဖြစ်နေကြခြင်း မဟုတ်ဘဲ မည်သို့ပြုပြင်ပြောင်းလဲမည်၊ မည်သူများက အကျိုးရှိမည် ဆိုသည့်အပေါ် ငြင်းခုံနေကြခြင်း ဖြစ်ပါသည်။

လွှတ်တော်က ယခုလဆန်းပိုင်းတွင် ချမှတ်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် ပတ်သက်၍ ဆွေးနွေး ငြင်းခုန်မှုများတွင် အားပြိုင်နေကြသည့် ကိစ္စများကို မြင်တွေ့နေကြရပါသည်။ အစိုးရ၏ အမြင်ဖက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အလျင်အမြန်နှင့် အကြီးအကျယ် ဆွဲဆောင်စည်းရုံးလိုနေကြပြီး မူကြမ်းဥပဒေတွင် ဆွဲဆောင်ကမ်းလှမ်းမှု အများအပြားကို ထည့်သွင်းထားခဲ့သည်။ ဆွေးနွေးမှုများ ပြင်းထန်လာချိန်၌ ဒေသခံ စီးပွားရေး လုပ်ငန်းများက နောက်သို့ပြန်၍ ဆွဲကြပါသည်။ သူတို့က တင်းကျပ်ကန့်သတ်ထားမှု အများအပြားကို တောင်းဆိုကြပါသည်။

၎င်းတို့အနက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၅ သန်း ရှိရမည်။ “နည်းပညာနိမ့်သည့် လုပ်ငန်း” များကို ကန့်သတ်ထားမှု၊ နိုင်ငံခြားက လာရောက်ဖက်စပ် ဆောင်ရွက်လျှင် ရင်းနှီးမြှုပ်နှံမှုအတွက် ပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းကိုသာ ခွင့်ပြုမည် စသည့်အချက်များ ပါဝင်ပါသည်။ နောက်ဆုံး ထွက်ပေါ်လာသည့် ဥပဒေသည် အပြင်းအထန် ငြင်းခုန်ထားပြီး ညိနှိုင်းကြရာမှ ထွက်ပေါ်လာသည့် ရလဒ်ဖြစ်၍ နိုင်ငံခြားရင်းနှီး မြုှပ်နှံသူများထံမှ ထောက်ခံမှု အနည်းငယ်သာ ရရှိပါသည်။

ဤသို့ ဆွေးနွေးမှုများထဲတွင် မတွေ့ရဘဲ ပျောက်ကွယ်နေသည့် ကိစ္စမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် အရေးပေါ် အထူး လိုအပ်နေသည့် ကိစ္စများ ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်း လုပ်ကိုင်နေကြသည့် လယ်ယာ ကဏ္ဍအပေါ် တွင် ဆွေးနွေးချက်များ ဖြစ်ပါသည်။ အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှု ၂ ခု (၂ ခုစလုံးမှာလည်း မြေနှင့် သက်ဆိုင်သည်) အပေါ်  လူအများက အကြီးအကျယ် ဝေဖန်ပြောဆိုနေကြပြီး ပြုပြင်ပြောင်းလဲ မှုများကြောင့် ကော်ပိုရေးရှင်းကြီးများက မြေများကို မတရားသိမ်းဆည်းလာနိုင်ပြီး နိုင်ငံရေး အမြတ်ထုတ်နိုင်သည့် မြေယာစီမံခန်ဏ္ဍခွဲမှု ကော်မတီများကို ဖွဲ့စည်းလာနိုင်ပါသည်။ ပြုပြင်ပြောင်းလဲမှုများအရ ကော်ပိုရေးရှင်းကြီးများက မြေများ အဓမ္မရယူခြင်းနှင့် နိုင်ငံရေးအရ ပတ်သက်မှုရှိနေသည့် မြေယာစီမံ ခန့်ခွဲမှု ကော်မတီ ဖွဲ့စည်းခဲ့သည့် ကိစ္စများပင် ဖြစ်သည်။ ဤမြေယာပြုပြင်ပြောင်းလဲမှု ဥပဒေများမှာ မြန်မာနိုင်ငံ၏ သာမန် လယ်သမားများအတွက် မည်သို့မျှ အထောက်အကူ မဖြစ်စေပါ။

ပြုပြင်ပြောင်းလဲမှုများကြောင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အထောက်အကူ ဖြစ်စေပြီး ကျယ်ပြန့်သော ကဏ္ဍပေါင်းစုံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာစေမည်

မှားပါသည်။ လက်ရှိ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များသည် ကဏ္ဍပေါင်းစုံ အကျယ်အပြန့်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာစေမည် ဆိုသည်မှာ အကြီးအကျယ် ယုံမှတ်မှားမှုပင် ဖြစ်ပါသည်။ ယနေ့တိုင် ဆောင်ရွက်ရသော ပြုပြင်ပြောင်းလဲမှုများမှာ စုံစီနဖာ ရောထွေးနေဆဲ ရှိနေပါသည်။ ဥပမာ အကောင်းဖက်သဘော ဆောင်သည့် ငွေကြေး ထိန်းချုပ်မှု လျှော့ချပေးခြင်းမျိုး ရှိသလို၊ ညံ့ဖျင်းစွာ ပုံစံထုတ်ထားသည့် မြေယာဥပဒေသစ် ကဲ့သို့သော ကြိုးပမ်းမှုများလည်း ရောထွေး ပါဝင်နေပါသည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများနှင့် အထူးစီးပွာရေးဇုန်များ တည်ထောင်ခြင်း ကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများသည် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးကျေးဇူး အကန့်အသတ်သာ ရှိစေနိုင်သည်။ ထိုသို့သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေရခြင်းကြောင့် ပိုမိုအရေးကြီးသော ပြုပြင်ပြောင်းလဲမှုများ တိမ်မြုပ်ပျောက်ကွယ်နေရသည်။ ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေမည့်၊ ဥပမာအားဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ သို့မဟုတ် အထူး စီးပွားရေးဇုန်များ (SEZs) အပေါ်သာ အာရုံစိုက်နေကြပြီး ယခုပြုပြင်ပြောင်းလဲမှုများမှ အချို့ အကန့်အသတ်ဖြင့် အကျိုးခံစားခွင့်များ ဖြစ်လာစေရန် အရေးကြီး ပြဿနာကိစ္စများသည် ဆွေးနွေးငြင်းခုန်မှုများအကြားတွင် တိမ်မြူပ်သွားရသည်။

မြန်မာနိုင်ငံရှိ ခေါင်းဆောင်များ အနေဖြင့် ယခုတိုင် နိုင်ငံ၏ ကျေးလက်ဒေသများရှိ ကြုံတွေ့နေရသည့် အဓိက ပြဿနာများ အတွက် လုံလောက်စွာ အလေးပေး ဖြေရှင်းခြင်း မရှိကြသေးပါ။ အထူးသဖြင့် ကျေးလက်ဒေသက အဓိက လွှမ်းမိုးထားသည့် နိုင်ငံတခုဟု ဆိုနိုင်သော မြန်မာနိုင်ငံတွင် အထူးသဖြင့် လယ်သမားများသည် လယ်ယာစိုက်ပျိုး သက်မွေးဝမ်းကျောင်း ရပ်တည် နိုင်ရန်ခက်ခဲသည့် ပြဿနာပင် ဖြစ်ပါသည်။ သွင်းအားစုများ၏ တန်ဖိုးမှာ ငွေကြေး ဖောင်းပွမှုနှင့်လိုက်၍ တိုးတက်မြင့်မား လာသော်လည်း လယ်ယာလုပ်ငန်းမှ ပြန်၍ရရှိသောငွေမှာ ကျပ်ငွေတန်ဖိုး မြင့်တက်နေမှုကြောင့် ကျဆင်းမှုနှင့် ကြုံတွေ့နေကြရသည်။ ဤအနေအထားကြောင့် ရလဒ်အနေဖြင့် လယ်သမားအများစုကြီးမှာ ကြွေးမြီ အောက်ရောက်နေကြသည်။ လယ်သမား အများစုမှာ ကြွေးမြီများ တင်ရှိလာကြသည်။

ကုန်ထုတ်လုပ်မှု တိုးတက် မြင့်မားလာစေရန်နှင့် လယ်သမားများ၏ သီးနှံခြံထွက်ဈေးနှုန်းများ ပိုမိုမြင့်မားလာစေရန် ကောင်းမွန်သည့် လမ်းများ၊ ဆိပ်ကမ်းများ၊ ရေသွင်းစနစ်များ၊ ဆက်သွယ်ရေးစနစ်များကို ဖြည့်ဆည်းပေးရန် လိုအပ်သော်လည်း မလုပ်နိုင်သေးပါ။ ထုတ်လုပ်မှု တိုးတက်လာစေရန် အစိုးရက ဖြည့်ဆည်းပေးရမည့် ဝန်ဆောင်မှုများနှင့် လယ်ယာထွက်ကုန်များ၏ ဂိတ်ကြေးတန်ဖိုးများ (ဥပမာအားဖြင့် – ကောင်းမွန်သည့်လမ်းများ၊ ဆိပ်ကမ်းများ၊ ရေသွင်းစနစ်များ၊ ဆက်သွယ်ရေးစနစ်များ) စသဖြင့်တို့မှာ ချို့တဲ့နေပါသည်။ အဓိကကျသည့် ပြဿနာများကို အစိုးရက ဖြေရှင်းရမည့်အစား လက်တဆုပ်စာ လူ့မလိုင်များကို မူဝါဒချမှတ်ခွင့် ပေးထားသည်။ အဓိကကျသည့် ပြဿနာများကို ပြုပြင်ရမည့်အစား အစိုးရက နီးစပ်သူ လူနည်းစုများကို ဆွေးနွေးရမည့်ကိစ္စ အစီအစဉ်များအတွက် ဆုံးဖြတ်ခွင့် ပေးနေသည်။ ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးမည့် လုပ်ငန်းကြီးများမှာ တိုးပွားလာနေသည်။ သာမန် လယ်သမားများမှာ စိုက်ပျိုးရေးချေးငွေနှင့် သွင်းအားစုများကို အဆိုပါ ကုမ္ပဏီကြီးများ ဆီမှသာ ရယူနေကြရပါသည်။ တခြား ရွေးချယ်စရာလည်း မရှိပါ။ ဆိုလိုသည်မှာ ကုမ္ပဏီကြီးများက လယ်သမားများထက်စာလျှင် မြေပိုင်ဆိုင်မှုအပေါ် ချေးငွေရယူပိုင်ခွင့်နှင့် သွင်းအားစုများ ပိုမို၍ တိုးမြင့်ရရှိလာစေပြီး လယ်သမားငယ်များအတွက်မူ အခြားရွေးချယ်စရာ နည်းလမ်းများလည်း ပေးမထားပါ။ သို့အတွက်ကြောင့် တချို့သော စိုက်ပျိုးရေး ကုမ္ပဏီများမှာ အမြတ်အစွန်းကြီးစွာ ရရှိစေပြီး လယ်သမားများက အရှုံးပေါ်နေကြရသည်။ ဤအချက်မှာ မြန်မာပြည် စီးပွားရေး မည်မျှ ပုံပျက်ယွင်းနေသည်ကို ဖော်ပြနေသည်။

ကျေးလက်ဒေသ စီးပွားရေးကို ပြုပြင်ရန်ဆိုလျှင် ရေရှည်မဟာဗျူဟာ လိုအပ်သည်။ လုပ်သားများ၏ ထုတ်လုပ်နိုင်စွမ်းအား တိုးမြင့်လာစေရန်၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍကို ရှင်သန်ဖွံ့ဖြိုးလာစေရေး တည်ဆောက်ရန်၊ သဘာ၀ အရင်းမြစ်များမှ ရရှိသည့် ဘဏ္ဍာငွေများ ထုတ်လုပ်နိုင်စွမ်းအားရှိသည့် ရင်းနှီးမြှုပ်နှံမှုများ (အထူးသဖြင့် အခြေခံအဆောက်အဦကဏ္ဍများသို့) တိုက်ရိုက် ဝင်လာစေရန် လုပ်ဆောင်ရန် လိုအပ်နေပါသည်။ ဤသို့ လိုလားချက်အတိုင်း ဖြစ်ပေါ်လာစေရန် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများကို အခွန်လျော့ပေါ့ပေးခြင်း အမျိုးမျိုးဖြင့် ဆွဲဆောင်ကမ်းလှမ်း၍ မဖြစ်နိုင်ပါ။ အစိုးရတွင် အခွန်ဘဏ္ဍာများ ပြတ်လပ်ရသည်သာ အဖတ်တင်ပါလိမ့်မည်။ ကျယ်ပြန့်သော ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ၏ လူများစုအပေါ် ထိခိုက်သက်ရောက်နေသည့် ပြဿနာများကို နားလည်မှ ဖြေရှင်းပေးမှသာ ဖြစ်ပေါ်နိုင်ပေလိမ့်မည်။ ဤသို့ ဖြစ်လာရန် ကြိုးစားလုပ်ဆောင် စရာများလည်း အများကြီး ရှိနေပါဦးမည်။ ဆောင်ရွက်ရန်မှာလည်း  ရေရှည်ကာလ လမ်းကို လျှောက်လှမ်းကြရဦးမည် ဖြစ်ပါသည်။

(Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသော ဂျာရက် ဘစ်ဆင်ဂျာ (Jared Bissinger) ၏ Think Again: Burma’s Economy ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မက်ကွာရီ တက္ကသိုလ် (Macquarie University) တွင် ပါရဂူဘွဲ့အတွက် ကြိုးပမ်းနေသည့် ကျောင်းသားတဦး ဖြစ်ပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် ယခင်က အမျိုးသား အာရှသုတေသနဆိုင်ရာ ဗျူရိုမှ ပညာရှင်တဦးလည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading