ဧရာဝတီ ၊ ဒီဇင်ဘာ ၁၇ ၊ ၂၀၁၈
ရွှေတောင်ဖောင်ဒေးရှင်းအနေနဲ့ ပညာရေးကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတတ်လာစေဖို့ ရည်ရွယ်ချက်နဲ့ အခြေခံပညာကျောင်းများကို ဆောက်လုပ်လှူဒါန်းလာတာဟာ ၁၀၃ကျောင်းရှိနေပြီဖြစ်တယ်လို့သိရပါတယ် ။အခြေခံပညာကျောင်းများကို သွားလာရခက်ခဲတဲ့ ဒေသများမှ အဓိကထားဆောက်လုပ်လှူဒါန်းခဲ့တဲ့အပြင် ဒီဇင်ဘာလ ၁၅ရက်နေ့ကလည်း ပြည်မြို့နယ် အင်းလျားကျေးရွာမှာ တစ်ထပ်စာသင်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ် ။အဲဒီကျောင်းအခြေခံပညာအလယ်တန်း ကျောင်း (ခွဲ)ဖြစ်ပြီး ကျောင်းသားကျောင်းသူပေါင်း (၁၉၈)ဦး ပညာသင်ကြားနေပြီး ယခင်က ကျောင်းအဆောက်အဦးမလုံခြုံမှုကြောင့် ပညာသင်ကြားရေးမှာ အခက်အခဲတွေရှိခဲ့ပေမယ့် လည်း ရွှေတောင်ကုမဏ္ဍီမှ အသစ်ဆောက်လုပ်လှူဒါန်းခဲ့တဲ့Steel Structureကျောင်းဆောင်သစ်ကြောင့် ကျောင်းသားကျောင်းသူများ လုံခြုံစွာနဲ့ ပညာရေးကို ဆက်လက်သင်ကြားနိုင်သွားမှာ ဖြစ်တယ်လို့ လည်းသိရပါတယ် ။
ရိုက်ကူး /တည်းဖြတ် – ဝေနှင်းထွဋ်