အိန္ဒိယအစိုးကဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်း( KMTTP ) အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲနှင့် စိန်ခေါ်မှု တချို့ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက ပြောသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည့် စစ်ရေးပဋိက္ခကြောင့် နေရပ်စွန့်ခွာနေရသည့် ရခိုင်လူမျိုး အရပ်သားများအတွက် အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ဆန်နှင့်အသုံးဆောင်ပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွဲပြောင်း ပေးအပ်သည့် အခမ်းအနားအပြီး ကုလားတန်စီမံကိန်း တည်ဆောက်နေမှုအခြေအနေ နှင့်ပတ်သက်၍ အိန္ဒိယသံအမတ်ကြီး H.E Saurabh Kumar အား ဧရာဝတီက မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဖြတ်၍ ရခိုင်ပြည်နယ်အတွင်းသို့ စီးပွားရေး ကုန်စည်ကူးသန်းရောင်းဝယ်ရန်အတွက် အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝ ဆိပ်ကမ်းတို့မှာ တည်ဆောက်မှု ပြီးစီးနေသော်လည်း ပလက်ဝမှ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းမ ဖောက် လုပ်ရာ တွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကြန့်ကြားမှုတချို့ ဖြစ်ပွားနေကြောင်းလည်း သံအမတ်ကြီး က ပြောသည်။
နှစ်ဘက်တိုက်ပွဲကြောင့် လုပ်ငန်းကြန့်ကြာမှုနှင့် စိန်ခေါ်မှုများရှိနေသော်လည်း ရခိုင်ဒေသခံပြည်သူများ အကျိုးဖြစ်ထွန်းလာမည့် စီမံကိန်းတခု ဖြစ်သည့်အတွက် အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သံအမတ်ကြီး H.E Saurabh Kumar က ဆိုသည်။
ရိုက်ကူး – မင်းအောင်ခိုင်
တည်းဖြတ် – ဝေနှင်းထွဋ်