လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ Myan Mode အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က အလုပ်သမား ၅၇၁ ယောက်ကို အလုပ်ထုတ်လိုက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော်တို့ဟာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေခဲ့ကြပါတယ်။
ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာတော့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အစိုးရတာဝန်ရှိသူ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်းမှု ပြုလုပ်ခဲ့ပေမယ့် ပြေလည်မှု မရှိခဲ့ပါဘူး။
စက်ရုံလုပ်သား လျှော့ချရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အလုပ်ရှင်ဘက်ကို ဧရာဝတီသတင်းဌာနက မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ညှိနှိုင်းဆွေးနွေးမှုအပြီးမှာ အလုပ်သမားတွေက ဘာကြောင့် သူတို့ကို အလုပ်ထုတ်လည်းဆိုတာ အလုပ်ရှင်ဘက်က မဖြေကြားခဲ့တဲ့အတွက် ရုံးရှေ့မှာ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ညနေ ၆ နာရီအချိန်အထိ ညှိနှိုင်းမှု မပြေလည်သေးဘူးလို့ သိရပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ