လာမယ့် မိုးရာသီမှာ ဆရာဝန်တွေအနေနဲ့ Covid – 19 နဲ့ ရာသီတုပ်ကွေးရောဂါလက္ခဏာ အလွန်ခွဲခြားရခက်တဲ့လူနာတွေ အများအပြားကြုံတွေ့လာရနိုင်တယ်လို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က သတိပေး ပြောဆိုပါတယ်။
Covid – 19 ရောဂါဟာ ရောဂါကူးစက်မှုပုံစံအသစ်တွေ ထပ်တွေ့လာရတဲ့အပြင် ရောဂါလက္ခဏာ မပြသသူ ပမာဏဟာလည်း ထပ်ပြီး တိုးလာနေတဲ့အတွက် ရေရှည်တိုက်ရမယ့် တိုက်ပွဲတခု ဖြစ်လာနေတယ်လို့ ဒေါက်တာဇော်သန်းထွန်း က ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း
ဓာတ်ပုံ – ဧရာဝတီ