တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရတဲ့ မြန်မာအမျိုးသမီး ၂ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက မြန်မာနိုင်ငံကို ပြန်လည်ထွက်ပြေး ရောက်ရှိလာခဲ့ကြပါတယ်။ အဲဒီ ၂ ဦးက ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်က အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတဦးပါ။
သူတို့ဟာ လူကုန်တားရဲတပ်ဖွဲ့ရဲ့ အကူအညီပေးမှုကြောင့် ပြန်လည်လွတ်မြောက် လာကြသူတွေမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ပြေးလာကြရင်း မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှ စစ်ဆေးမေးမြန်းသူတွေကို သူတို့ရဲ့ လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေကို ပြောပြခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာ ကိုဗစ်ကာလဖြစ်တာကြောင့် သူတို့ ၂ ဦးကို တိုက်ကြီးမြို့နယ်က ကိုဗစ် ၁၉ စောင့်ကြည့်ရေးစင်တာ တခုမှာ ထားရှိထားပါတယ်။
အမျိုးသမီး ၂ ဦးဟာ မတူကွဲပြားတဲ့ မိသားစုနောက်ခံ အခြေအနေတွေကြားမှာ လူကုန်ကူးသူတွေကြောင့် ဘဝရည်မှန်းချက်တွေ ဖျက်ဆီးခံခဲ့ရပြီးနောက် တိုင်းတပါးမှာ ကြိုးစားရှင်သန်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ သူတို့လိုပဲ လူကုန်ကူးခံနေရတဲ့ ဘဝတူ မြန်မာအမျိုးသမီးတွေရဲ့အကြောင်းကို အခုလို ရင်ဖွင့် ပြောပြခဲ့ကြပါတယ်။
#IRWWomens#Humantrafficked#
အင်တာဗျူး – ဇူဇူး
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း