ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် က မူလတန်းပြ ကျောင်းဆရာမ ဒေါ်သူဇာလှိုင် ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သူဖြစ်ပါတယ်။
အခက်အခဲမျိုးစုံရင်ဆိုင်နေရတဲ့ ဒေါ်သူဇာလှိုင်ကို သဘာဝတရားရိပ်သာ ဆရာတော် က Nom-CDM ပြန်လုပ်ရင် မူလရထူး အတိုင်း ထမ်းဆောင်နိုင်ဖို့ ကူညီပေးမယ်ဆိုပြီး မဲဆောက်မြို့ထိ လာရောက် စည်းရုံးမှုတွေ ရှိခဲ့ပေမယ့် အာဏာရှင် အမြစ်ပြတ်ရေး အတွက် CDM အဖြစ်နဲ့ ဆက်ရပ်တည်မယ်လို့ တုန့်ပြန်ခဲ့သူဖြစ်ပါတယ်။