အမေရိကန်အစိုးရက ကချင် ဒုက္ခသည် ၅၅၀၀၀ အတွက် ၆ လစာ ဆန် မက်ထရစ် တန်ချိန် ၃၄၀၀၀ ကို ကူညီထောက်ပံ့မည် ဖြစ် ကြောင်း သိရသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင် စစ်ဘေးဒုက္ခသည်များအတွက် ယင်းဆန်များကို ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့(WFP)မှ တဆင့် ပေးအပ်သွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် က ယနေ့ ရန်ကုန်မြို့၌ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်ဟု 7day ဂျာနယ် သတင်းက ဆိုသည်။ မစ္စတာ ဒဲရစ် မစ်ချဲလ် သည် ဇူလိုင်လ ၁၁ ရက်က သံအမတ်တာဝန်ကို စတင် ထမ်းဆောင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။