ဆောင်းပါး

မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အစိုးရ စာကြည့်တိုက် ဖြစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစာကြည့်တိုက်မှာ သူမတူအောင် စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေကို အခုလို ထိန်းသိမ်း စောင့်ရှောက် ထားနိုင်တဲ့အပေါ် အမျိုးသမီး တယောက်ကို ကျေးဇူး အထူးတင်ရပါလိမ့်မယ်။

ဒေါ်မော်နီကာ မြမောင်တယောက် မြန်မာဝတ်လုံတော်ရ ဦးပါစီမြမောင်ရဲ့  အင်္ဂလိပ်ဇနီးသည် အဖြစ်နဲ့ ၁၉၃၇ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်မြို့ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။ ဦးပါစီမြမောင်ဟာ တရားသူကြီးတယောက်ရဲ့ သားဖြစ်ပြီး ကိန်းဘရစ်ချ် (Cambridge) တက္ကသိုလ်၊ စိန့်ဂျွန်းကောလိပ် (St. John’s College) ကနေ ဘွဲ့ရခဲ့သူပါ။

ဗြိတိသျှကောင်စီ စာကြည့်တိုက်ကို ၁၉၄၇ ခုနှစ်မှာ စတင်ဖွင့်လှစ်တဲ့အခါ “အန်တီမော်နီကာ” လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဒေါ်မော်နီကာ မြမောင်က အားလပ်ချိန်မှာ ဝိုင်းကူတာတွေ စလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၂ အာဏာ သိမ်းတဲ့အခါမှာတော့ သူ့ရဲ့တပ်ဖွဲ့တွေက အဲ့ဒီစာကြည့်တိုက်ကို သိမ်းယူဖျက် ဆီးခဲ့ပြီး စာကြည့်တိုက် ပိတ်ဖို့နဲ့ စာအုပ်တွေ ရောင်းထုတ်ပစ်ဖို့ကိုပါ အမိန့်ပေးခဲ့ပါတယ်။

ထက်မြက်ပြီး ပါးရည်နပ်ရည်ရှိလှတဲ့ အန်တီမော်နီကာကတော့ မြန်မာ့သမိုင်း စာအုပ်ရှည် အုပ် ၅၀၀ ကို အလျှင်အမြန်ပဲ ဖွက်လိုက်ပါတယ်။ ဖျက်ဆီးခံရမယ့် ဘေးကလွတ်အောင် စာအုပ်တွေကို ဗြိတိသျှသံရုံးထဲက စားပွဲတွေအောက်မှာနဲ့ လျှို့ဝှက် အခန်းငယ်လေးတွေထဲမှာ ဖွက်ထားလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တရားဝင် ပြန်ဖွင့်ခွင့်ရတဲ့ ၁၉၇၃ ခုနှစ် အထိ စာကြည့်တိုက်ကို တိတ်တဆိတ် ဆက်လက် လည်ပတ်ခဲ့ပါတယ်။

“သူဟာ သိပ်ကို တက်တက်ကြွကြွရှိပြီး စံနမူနာယူသင့်တဲ့ အံ့သြချီးမွမ်းဖွယ်ရာ အမျိုးသမီးတယောက်ပါ” လို့ စာကြည့် တိုက်ရဲ့ လက်ရှိ သတင်းပြန်ကြားရေးမန်နေဂျာ ဒေါ်မိုးမိုးစိုးက ကျနော့်ကို ပြောပြပါတယ်။ “သူက မြန်မာပြည်နဲ့ မြန်မာ ပြည်သူတွေကို ချစ်တယ်၊ ပြီးတော့ မြန်မာပြည်ဟာ သူ့အိမ်လို့ အမြဲတမ်းယူဆထားသူဖြစ်တယ်။ အလုပ်က အငြိမ်းစား ယူပြီးနောက်ပိုင်းမှာတောင်မှပဲ ဒီမှာ အချိန်ပိုင်း ဆက်လုပ်သွားသေးတယ်” လို့လည်း သူက ဆိုပါတယ်။

အန်တီမော်နီကာရဲ့ ရဲရင့်တဲ့လုပ်ရပ်တွေကြောင့်ပဲ ဘယ်လိုမှအစားထိုးလို့မရနိုင်တော့တဲ့ ဥပမာ – မြန်မာပြည် အတိတ်နှင့် ပစ္စုပ္ပန် – ဘားမင်းအင်ပိုင်ယာတွင် မှီတင်းနေထိုင်သူတယောက်၏ နေ့စဉ်မှတ်တမ်း (Burma Past and Present, Journal of a Residence in the Burmham Empire နဲ့ အဓိကချင်းလူမျိုးစု၏ စီးပွားရေး (The Economics of the Central Chin Tribe) စာအုပ်မျိုးတွေ စာကြည့်တိုက်မှာ ကနေ့ထိရှိနေပြီး ပညာရှင်တွေ လက် လှမ်းမှီနေတာပါ။

အန်တီမော်တီကာရဲ့ သံမဏိစိတ်ဓာတ်နဲ့ ဆောင်ရွက်မှုမျိုးကို သူ့လို ဗြိတိသျှတွေ ထူထပ်လှတဲ့ ကိုလိုနီအသိုင်းအဝိုင်း အကြား ဝိုင်းကြဉ်ခံထားရတဲ့ အချိန်မျိုးမှာ လူတိုင်း လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် သူကတော့ အဲ့ဒီအသိုင်းအဝိုင်း ရဲ့ ဟန်ဆောင်မှုတွေကို ဂရုစိုက်တယ်ဆိုရုံလေးပဲရှိပြီး သူရဲ့ မြန်မာဆွေမျိုးအသိုင်းအဝိုင်းအသစ်ထဲကို မိုက်မိုက်ကန်း ကန်း ခြေစုံပစ်ဝင်ခဲ့ပါတယ်။

ပထမဆုံး ရန်ကုန်ရောက်တဲ့နေ့က မြန်မာ ပိုးထည်ဝတ်စုံဝတ်ပြီး ရွှေတိဂုံဘုရားမှာ ဝတ်ပြုနေတဲ့ ဒေါ်မောနီကာမြမောင် ဟာ သတင်းစာထဲမှာသုံးဖို့ဆိုပြီး ဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်။ ဒီဓာတ်ပုံက သူတို့သားရဲ့ ဇနီးရွေးချယ်မှုအပေါ် သဘော မတူတဲ့ သူ့ရဲ့ ယောက္ခတွေကို သိသိသာသာ စိတ်သက်သာရာရစေခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလိပ်လို သံတူအစစကားလုံးနဲ့ “မြန်မာဝတ်လုံတော်ရက လှပတဲ့ ဗုဒ္ဓဘာသာဝင် ဗြိတိသျှဇနီးလောင်း ခေါ်လာ (Burmese Barrister Brings Bak Beautiful British Bride)” ဆိုပြီး နောက်တနေ့ သတင်းစာထဲပါလာတဲ့ အခါမှာတော့ မျိုးချစ်စိတ်ပြင်းထန်လှတဲ့ ဗြိတိသျှတွေ အသိုင်းအဝိုင်းကြားမှာ သူ့ကို ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေခဲ့ပါ တယ်။ ၁၉၃၀ ခုနှစ်တွေတုန်းက ဘယ်မြန်မာမှ (အဲ့ဒီအချိန်က ယာယီနန်းရင်းဝန်ဖြစ်နေတဲ့ ဆာဂျိုးဇက်ဖ် မောင်ကြီး တောင်မှပဲ) အင်္ဂလိပ်ကလပ်တခုမှာ အဖွဲ့ဝင်ဖြစ်ခွင့် မရှိပဲကိုး။ အဲ့ဒီစည်းကမ်းက ၁၉၁၄ ဇွန်လ ၅ ရက်မှာမွေးတဲ့ ဒေါ် မော်နီကာမြမောင် ရန်ကုန်လူ့အဖွဲ့အစည်းမှာ အားထားရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မလာခင် သိပ်မကြာသေးခင်ကပဲ ထုတ်ခဲ့တာပါ။

“ရန်ကုန်မှာ ကမ္ဘာအရပ်ရပ်က သံအမတ်တွေ အများကြီးရှိတာမို့ သူတို့ရဲ့ ဇနီးတွေအားလုံးကို အန်တီက အင်္ဂလိပ်စာ သင်ပေးတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေး ၃ ယောက်ကိုတောင်မှပဲ အင်္ဂလိပ်စာ သင်ပေးခဲ့သေးတယ်” လို့ ဒေါ်မိုးမိုးစိုး က ပြောပါတယ်။

အန်တီမော်နီကာဟာ ကိုယ်ပိုင်သားသမီး မထွန်းကားခဲ့ပေမယ့် ခင်ပွန်းသည်နဲ့တိုင်ပင်ပြီး သားသမီး မွေးစားခဲ့ပါတယ်။ ပြီးတော့ ခင်ပွန်းသည်ဆုံးတဲ့ ၁၉၈၇ ခုနှစ်အထိ ရန်ကုန်က ကျွန်းအိမ်နိမ့်လေးမှာပဲ နေထိုင်သွားခဲ့ပါတယ်။ အင်္ဂလန်ကို ပြောင်းရွှေ့နေထိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ခဏပဲပြန်သွားပြီး သူရဲ့ တကယ့်အိမ်အစစ်ကဘယ်မှာဆိုတာသိတာမို့ မြန်မာ ပြည်ကို အမြန်ပြန်လာခဲ့ပါတယ်။

“၂၀၀၀ ခုနှစ်တုန်းက လန်ဒန်မှာကြုံရတဲ့ အဖြစ်အပျက်တခုကို ကျမမှတ်မိနေသေးတယ်။ ထောင်စုနှစ်အခမ်းအနား တွေကို တီဗွီမှာ ကျမတို့ ကြည့်နေကြတဲ့အချိန်ပေါ့။ အန်တီက ကျမတို့ဖက်လှည့်ပြီး ဘာဖြစ်လို့ ငါက ဒီရောက်နေတာ လဲလို့မေးပါတယ်။ လန်ဒန်မှာ သူ့ဆွေမျိုးတွေနဲ့အတူရှိနေတာကို မေ့နေပုံရတယ်” လို့ ဒေါ်မိုးမိုးစိုးက သူကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။

ဒေါ်မော်နီကာမြမောင်ဟာ ၁၉၇၉ ခုနှစ်မှာ ဗြိတိသျှအင်ပိုင်ယာ၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ (Member of the Most Excellent Order of the British Empire – MBE) ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။ ဗြိတိသျှကောင်စီမှာ ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။ မြန်မာပြည်မှာ နေခဲ့တဲ့ဘဝတလျှောက် ဂျပန်ဗုံးကြဲတာ၊ ဂျပန်ဝင်သိမ်းတာ၊ နေအိမ်အကျယ်ချုပ်၊ ပုလိပ်ရောဂါ ဖြစ်ပွားမှု စတာတွေကို ကြုံတွေ့ခဲ့ရပြီး အသက် ၉၀ အထိ စာသင်ပေးသွားခဲ့သူပါ။

“သူ့လို အင်္ဂလိပ်အမျိုးသမီးမျိုး ကျမ ဘယ်တုန်းကမှ မသိခဲ့ဖူးပါဘူး။ သူက လူတွေကို လူသားလိုမြင်တဲ့အပြင် စာအုပ် တွေကို ချစ်သူ၊ စာဖတ်တာကို ခုံမင်နှစ်သက်သူဖြစ်ပါတယ်” လို့ ဒေါ်မိုးမိုးစိုးက ထပ်ဖြည့်ပြောပါတယ်။

အခုဆိုရင် ဒေါ်မိုးမိုးစိုးတယောက် ဒဏ္ဍာရီတွင်လောက်တဲ့ သူ့လက်ဦးဆရာရဲ့ ခြေလှမ်းအတိုင်း လှမ်းနေပြီး စာကြည့် တိုက်မှာ ထင်ရှားကျော်ကြားသူတယောက် ဖြစ်လာပါပြီ။ “အန်တီမိုး” လို့ လူသိများတဲ့ သူ့ရဲ့ စီမံမှုအောက်မှာ စာကြည့် တိုက်ကလည်း အောင်မြင်တိုးတက်လာနေပါပြီ။

ဗဟုသုတနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်လာဖို့အတွက် ရန်ကုန်က ဗြိတိသျှကောင်စီစာကြည့်တိုက် ကို လာကြသူတွေ တနေ့ကို ၁၂၀၀ လောက်ရှိပြီး ဒီစာကြည့်တိုက်ဟာ ဆင်ဆာအဖြတ်မခံရတဲ့ စာအုပ်စာတမ်းတွေ ရှိရာ မြန်မာပြည်ရဲ့ တခုထဲသောနေရာလည်း ဖြစ်ပါတယ်။

အန်တီမိုးက အငြိမ်းစားယူမယ်လို့ စဉ်းစားမိတဲ့အကြောင်း ပြောမိတယ်ဆိုရင် အနားမှာရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် တယောက်က “ဘုရားရေ၊ ဟုတ်လို့လား။ ကျမတော့ အန်တီ အနားယူမယ်မထင်ဘူး” လို့ ဖြတ်ပြောတတ်ပါတယ်။

အန်တီမော်နီကာရဲ့ဝိညာဉ်ဆက်လက်ရှင်သန်နေဆဲဆိုတာကတော့ အထင်အရှားပါပဲ။

Charlie Campbell ၏ The Woman Who Saved Burmese History ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading