ဆောင်းပါး

တိုက်ပွဲကြားက လက်ဗလာနဲ့ ရဲဘော်

“လွတ်မြောက်ရာလမ်းမှာလည်း မျက်နှာငယ်ခဲ့ရတာပါပဲ။ ကလေးဘဝတုန်းကလို အရုပ်ဆိုင်ရှိုးကေ့စ်ထဲက ဈေးကြီးတန် ဓာတ်ခဲသေနတ်မဝယ်နိုင်လို့ ငေးကြည့်ခဲ့ရသလိုမျိုး အခုလည်း တကယ့်တိုက်ပွဲတွေကြားမှာ စစ်သားကြီးဟာ လက်ဗလာပါပဲ”။

ကျောတခင်းစာ သူ့တဲကလေး၏ ထရံအကာအတွင်းပိုင်းတွင် ထိုစာသားကို တွေ့ရခြင်းဖြစ်သည်။

သူ့တဲကလေးထဲ အလည်ရောက်သည့်အခါ ဤကဲ့သို့သော စာသားမျိုးတွေ တဲအတွင်းပိုင်း အပြည့်နီးပါးရှိနေသည်က ကျနော့်အတွက် ထူးဆန်းနေသည်။

အရပ်ရှည်ရှည် အသားဖြူဖြူ သူ့ပုံစံက ပျော့တိပျော့ဖတ် ထင်စရာရှိသော်လည်း မျက်မှန်အောက်က သူ့မျက်ဝန်းများထဲတွင် တော်လှန်ရေးအတွက် ခိုင်မာသည့် သန္နိဋ္ဌာန်ကိုတွေ့ရသည်။

“အဲဒီတခေါက်တုန်းက ရှေ့တန်းထွက်ကြတော့ သေနတ်တွေက ထွက်တဲ့ရဲဘော်တွေ ယူသွားကုန်ကြပြီ၊ သေနတ်မရှိလည်း ငါလိုက်မယ်ပေါ့” ဟု ထိုနေ့က လက်ဗလာဖြင့် ရှေ့တန်းလိုက်ဖြစ်ပုံကို ကိုစိုင်းကပြန်ပြောပြနေသည်။

ပြတ်သားရဲတင်းသည့်သူ့စိတ်က လက်နက်မရှိလျှက်ပင် ရှေ့တန်းစစ်မျက်နှာသို့ တွန်းပို့ခဲ့ဟန်တူသည်။

“အဲဒီတခေါက်တုန်းက ရှေ့တန်းထွက်ကြတော့ သေနတ်တွေက ထွက်တဲ့ရဲဘော်တွေ ယူသွားကုန်ကြပြီ၊ သေနတ်မရှိလည်း ငါလိုက်မယ်ပေါ့” ဟု ထိုနေ့က လက်ဗလာဖြင့် ရှေ့တန်းလိုက်ဖြစ်ပုံကို မင်းသန့် က ‌ပြန်ပြောပြနေသည်။

တိုက်ခိုက်ရေးရဲဘော်များ များပြားသော်လည်း လက်နက်ရှားပါးလွန်းလှရာ အလှည့်ကျပစ်မည်ဟူသည့် စိတ်ကူးဖြင့် သူလိုက်သွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ရန် နယ်စပ်တနေရာတွင် လူငယ်များ စစ်သင်တန်းတက်နေကြစဉ်

ထိုနေ့က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်၊ သောကြာနေ့ဖြစ်ပြီး ဒီမော့ဆိုမြို့နယ်အတွင်းရှိ ဒေါကမီး၊ ဆီလီတုန်း၊ ပူဖားရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲဖြစ်ပွားကြခြင်းဖြစ်သည်။

စစ်မျက်နှာရောက်ပြီး ကားထိုးရပ်လိုက်သည်နှင့် ရဲဘော်မင်းသန့် တို့ကားအား စစ်ကောင်စီတပ်က RPG ဖြင့် ပစ်တော့သည်။

“အဲဒီတုန်းက ကျနော်တို့ပဲ တအား ကံကောင်းတာလား၊ စကစတပ်က ကောင်တွေကပဲ ပစ်တာမကျွမ်းတာလား မသိဘူး၊ မထိဘူး” ဟု ထိုနေ့က အဖြစ်အပျက်ကို ရဲဘော်မင်းသန့် က ပြန်ပြောပြသည်။

ကားပေါ်ပါလာသူများနှင့်အတူ လမ်းဘေးမြောင်းထဲ ဝပ်ရင်း စိတ်ထဲတွင်တော့ ပြန်ပစ်ချင်စိတ်က တဖွားဖွားပေါ်နေသည်ဟုဆိုသည်။ တိုက်ပွဲပြင်းထန်ပြီး ရဲဘော်များ ကျည်ကုန်ကြပြီ။

ရဲဘော်မင်းသန့် ထိုအသံကြားသည်နှင့် AK ကျည် ၁၀၀ နှင့် M 16 ကျည် ၁၀၀ အား ဘောင်ဘီဘေးအိတ် တဖက်စီတွင်ထည့်ကာ ကျည်ပို့ပေးရန် ပြင်ဆင်တော့သည်။ ဘုရားကျောင်း အုတ်နံရံအနီးနေရာယူရင်း ရဲဘော်များဆီသို့ တဖြည်းဖြည်းသွားသည်။

တဖက်မှ ပြေးလွှားပစ်ခတ်နေသည်ကို မြင်နေရလောက်အောင်ပင် နီးကပ်ရာ စစ်ကောင်စီတပ်ဘက်မှ ရဲဘော်မင်းသန့် တို့ရှိရာသို့ စက်လတ်ဖြင့် အတွဲလိုက်ဆွဲနေသည်။

ထို့နောက် မြေပေါ်တွင် ပြန့်ကျဲနေသည့်ကျည်များကို မှောက်လျှက်ပင် တတောင့်ချင်း လိုက်ကောက်ကာ ရဲဘော်များဆီသို့ ရောက်အောင်ပို့ပေးခဲ့သည်။

“ကျနော်ထပြီး ပြေးတဲ့အချိန် ပစ်လဲတယ်၊ ကျည်တွေအကုန် လွင့်ကုန်တယ်၊ ဟေ့ကောင်တွေ ငါ့ကိုမထားခဲ့ပါနဲ့ဆိုပြီး ပါးစပ်ကလည်း အော်နေမိတယ်” ဟု မင်းသန့် က ပြန်ပြောပြ‌သည်။

ထို့နောက် မြေပေါ်တွင် ပြန့်ကျဲနေသည့်ကျည်များကို မှောက်လျှက်ပင် တတောင့်ချင်း လိုက်ကောက်ကာ ရဲဘော်များဆီသို့ ရောက်အောင်ပို့ပေးခဲ့သည်။

လက်ဗလာနှင့် ရဲဘော်မင်းသန့် အား ခေါင်းဆောင်ဖြစ်သူက လမ်းကြောင်းပြောပြကာ နောက်သို့ပြန်လွှတ်သည်။

“သူက သေချာတော့ လမ်းပြလိုက်ပါတယ်၊ ကျနော်က လမ်းမှားသွားတာ၊ တယောက်တည်း၊ သေနတ်လည်း မပါဘူး။ လက်နက်ကြီးတွေလည်း တအားပစ်နေတော့ သွားရင်းက ‌မြောင်းတခုထဲ ရောက်သွားတယ်” ဟု တိုက်ပွဲကြား တဦးထဲလမ်းပျောက်ရပုံကို မင်းသန့် က ပြန်ပြောပြသည်။

ကရင်နီဒေသခံ မဟုတ်သည့် ရဲဘော်မင်းသန့် လမ်းပျောက်ပြီး အဆက်အသွယ်ပြတ်ရင်း စစ်ကောင်စီဘက်သို့ ဦးတည်ကာ ဆက်သွားနေမိသည်။

ထိုနေ့က ရဲဘော်မင်းသန့် ၏ အမျိုးသမီးဖြစ်သူမှာ ၎င်းတို့သမီးဦးလေး မွေးဖွားရန် ဆေးရုံတွင် ရုန်းကန်နေရသည့်နေ့လည်း ဖြစ်သည်။

ရဲဘော်မင်းသန့် ဖုန်းလိုင်းမိသည့်နေရာတခုတွေ့ရာ သူ့ရဲဘော်များနှင့် အဆက်အသွယ်ရသွားသည်။ ထို့နောက် သူ့တပ်ဖွဲ့ရှိရာကို ပြန်လာနိုင်ခဲ့သည်။

အမျိုးသမီးဖြစ်သူမှာလည်း သမီးဦးလေးအား ရှောရှောရှူရှူ မီးဖွားနိုင်ခဲ့သည်။

အသက် ၂၆ နှစ် ရှိပြီဖြစ်သည့် ရဲဘော်မင်းသန့် သည် ကွန်ပျူတာတက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး အမျိုးသမီး ကိုယ်ဝန် နှစ်လလွယ်ထားရချိန်တွင် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ကရင်နီဒေသသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အသက် ၂၆ နှစ် ရှိပြီဖြစ်သည့် ရဲဘော်စိုင်းသည် ကွန်ပျူတာတက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး အမျိုးသမီး ကိုယ်ဝန် နှစ်လလွယ်ထားရချိန်တွင် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ကရင်နီဒေသသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အာဏာသိမ်းပြီးကာလ အတွင်းမှာပင် သူ့ချစ်သူနှင့် မိသားစုဘဝလေး အစပြုခဲ့ခြင်းဖြစ်သည်။

သို့သော် အချစ်ရေး မိသားစုအရေးထက် ခေတ်ကပေးသည့် တာဝန်အတွက် တိုက်ပွဲဝင်ဖို့ သူဆုံးဖြတ်ခဲ့သည်။

“မိန်းမကတော့ တားတာပေါ့၊ ငိုတောင်ငိုတယ်။ ဒါပေမဲ့ ငါသွားရမယ်၊ ပြန်လာချင်မှလည်း ပြန်လာနိုင်မယ်၊ ငါ့ကိုယ်ပွားလေးကိုတော့ နင်နဲ့အတူထားခဲ့တာပဲ၊ ငါ တခုခုဖြစ်ခဲ့ရင်တောင် အကြာကြီးဝမ်းနည်းမနေနဲ့” ဟု သူ့အမျိုးသမီးကို မှာခဲ့သည့် စကားများအား တိမ်ဝင်သွားသည့် အသံတိုးတိုးလေးနှင့် မင်းသန့် က ပြန်ပြောပြသည်။

စစ်ကောင်စီတပ် အာဏာသိမ်းမှုကို လုံးဝလက်မခံသည့် လူငယ်တဦးဖြစ်ရာ ဆန္ဒပြတောင်းဆိုစဉ် ကာလတွင်လည်း မင်းသန့် တယောက် နေ့စဉ်ပါဝင်လှုပ်ရှားခဲ့သည်။

‌”ကျနော်အမေစုကို ချစ်တယ်ရော၊ သူတို့အမေစုကို ဖမ်းကြတော့ ကျနော် စိတ်လည်းတိုတယ်၊ ဝမ်းလည်းနည်းတယ်၊ ဒါကြောင့် ဆန္ဒပြတယ်။ အရင်ခေတ်နဲ့လည်း မတူတော့ ပစ်တာခတ်တာတွေ မရှိဘဲ ပြန်ရမယ်ထင်တာ” ဟု စစ်အာဏာရှင်အား ဆန့်ကျင်တော်လှန်ဖြစ်ပုံကို မင်းသန့် က ရှင်းပြသည်။

ရဲဘော်မင်းသန့် ၏ အထင်နှင့် စစ်ကောင်စီတပ်၏ ပြုမူပုံမှာ တက်တက်စင်အောင် လွဲတော့သည်။

နေပြည်တော်က မမြသွဲ့သွဲ့ခိုင်မှ အစပြုကာ ‌နိုင်ငံအတွင်း ဒေသအနှံ့မှ လက်နက်မဲ့ဆန္ဒပြ ပြည်သူ လူငယ်များအား ရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန်တော့သည်။

ပစ်ခတ်ဖြိုခွင်းသည့် ထိုကာလတွင် ရပ်ကွက်အတွင်း ဝင်လာသည့် စစ်ကောင်စီတပ်သားတဦးကို မင်းသန့် နှင့် လူငယ်တစုက ရှင်းခဲ့ဖူးကြောင်း ပြောပြသည်။

“အဲဒီတုန်းက ရပ်ကွက်ထဲမှာ ပိတ်မိသွားတာ၊ သူတို့က (စစ်ကောင်စီတပ်သား) တက်လာတာ လူခွဲပြီးရှာတဲ့အချိန်၊ ကျနော်တို့ ဒိုင်းကာအဖွဲ့က ခေါင်းဆောင်က သေနတ်လုတယ်၊ ဘေးနားက သူငယ်ချင်းတွေက ဝိုင်းချုပ်ထားတာကို ကျနော်က ပါလာတဲ့ဓားနဲ့ နှစ်ချက်ထိုးလိုက်တယ်” ဟု ထိုနေ့က ဖြစ်စဉ်ကို ရဲဘော်မင်းသန့် က ပြန်ပြောပြသည်။

GoPro နှင့် ရိုက်မိလျက်သားဖြစ်နေသည့် ထိုဖြစ်စဉ်ရုပ်သံကို လုံခြုံသည့်နေရာတွင် သိမ်းထားကြောင်း မင်းသန့် က ဆိုသည်။

ပုံတောင် ကျား PDF အဖွဲ့၏ လက်နက် ထုတ်လုပ်ရေး လုပ်ငန်းခွင်

ထိုကာလသည် စစ်ကောင်စီတပ်၏ ပစ်ခတ်ဖြိုခွင်းမှုများ ပြင်းပြင်းထန်ထန် လုပ်နေသည့်ကာလဖြစ်ပြီး ဆန္ဒပြလူငယ်များမှာလည်း ဒိုင်းကာများ၊ လေသေနတ်၊ ဂတ်စ်သေနတ်၊ တုတ်၊ ဓားစသည့် ရှိရာလက်နက်များဖြင့် ခုခံနေချိန်ဖြစ်သည်။

ခေတ်ပညာတတ် လူငယ်တယောက်ဖြစ်သည့် ရဲဘော်မင်းသန့် မှာ အနေအေးသူလည်းဖြစ်ရာ ထိုသို့ စစ်ကောင်စီတပ်သားတဦးအား သတ်လိုက်ရခြင်းအတွက် တပတ်ခန့် မစားမ‌သောက်နိုင်ဖြစ်ကာ ထိုအဖြစ်အပျက်က သူ့ကိုခြောက်လှန့်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ရဲဘော်မင်းသန့် တယောက် စစ်ကောင်စီတပ်ကို အပြင်းအထန် ခုခံတိုက်ခိုက်နေသည့် ကရင်နီဒေသ စစ်မြေပြင်သို့ ရောက်ရှိပြီး KNDF BO 6 တွင် တာဝန်ထမ်းဆောင်နေသည်မှာ တနှစ်နှင့်ငါးလရှိပြီ ဖြစ်သည်။

ထိုကာလအတွင်း တိုက်ပွဲပေါင်း ခုနစ်ပွဲခန့် ရှေ့တန်းစစ်မြေပြင် ထွက်တိုက်ခဲ့ဖူးသလို အနီးတွင် လက်နက်ကြီးကျကာ ရဲဘော်ရဲဘက်များ ကျဆုံးသည်ကိုလည်း ရဲဘော်မင်းသန့် ကြုံခဲ့ရဖူးပြီ။

ယခုတော့ သူ့ကျောတခင်းစာ တဲကလေး၏ ခေါင်းရင်းတွင် ၁၉၅၆ ခုနှစ်ထုတ် မီးကျိုးမောင်းပျက် ရိုင်ဖယ် တလက်ကို သူမြတ်မြတ်နိုးနိုး ကိုင်တွယ်နေသည်။

“ဒီသေနတ်က တကယ်တော့ ပစ်ထားကြတာ။ တဲဆောက်ရင်း ကျနော်တွေ့တာ၊ အဲဒါနဲ့ ဒုရင်းမှူးကို ပြတယ်၊ ပြီးတော့ဆေးကြောပြီး ကိုင်ထားတာ” ဟု တတောင့်ထိုးသေနတ် သူကိုင်ရပုံကို မင်းသန့် က ပြောပြသည်။

သေနတ်အစစ်နှင့် ပစ်လိုကြောင်းနှင့် ရှေ့တန်းထွက်တိုင်း လိုက်လိုကြောင်းက ရဲဘော်မင်းသန့် ၏ လက်သုံးစကားလို ဖြစ်နေသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်ရာ ဒေသအနှံ့တွင် ရဲဘော်မင်းသန့် ကဲ့သို့ လက်ဗလာ ရဲဘော်များ အများအပြား ရှိနေဆဲဖြစ်သည်။

You may also like these stories:

မြန်မာလူထုအား လက်နက်ကူရန် အချိန်တန်ပြီ

လက်နက်လိုအပ်နေကြောင်း ခုခံရေးအင်အားစုများက NUG ကိုပြော

နိုင်ငံတကာ အကူအညီမပါဘဲ PDF တွေ ကိုယ့်လက်နက်ကိုယ် ထုတ်လာ

ဝယ်ထားသည့် လက်နက် ၆ ပုံ ၁ ပုံသာ PDF ထံ ပို့နိုင်သေးကြောင်း NUG ပြော

ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ

Loading