အာဆီယံ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် အားထုတ်မှုသည် အရှေ့တောင်အာရှဒေသကို ကမ္ဘာ့စီးပွားရေး တွင် ပိုမိုကွဲပြား သိသာသည့် အစုအဖွဲ့တခု ဖြစ်လာစေနိုင်ပါမည်လား။ သီးသန့်ဖြစ်သည့် ကိစ္စရပ်များရှိနေ သော်လည်း ဖြစ်နိုင်ပါသည်ဟု ဖြေရမည်ဖြစ်သည်။
အရှေ့တောင်အာရှသည် စီးပွားရေးအရ ကွဲ ပြားမှုများစွာရှိနေသည့်ဒေသတခုဖြစ်သည်။ အချမ်း သာဆုံးနှင့် အဆင်းရဲဆုံးနိုင်ငံများကြား (စင်ကာပူနှင့် မြန်မာကဲ့သို့) လူနေမှုအဆင့် အတန်းကွာခြားမှုသည် အဆ ၄၀ ဖြစ်နေသည်။ ဤနေရာတွင် ရှုထောင့် တထောင့်တည်းကိုသာ ကြည့်သေးခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံက ဝန်ဆောင်မှုကို အခြေပြုသည့် စီးပွားရေးဖြစ်ပြီး ဘရူနိုင်း၏ စီးပွားရေးက ရေနံကို အခြခံသည်။ ထိုင်းနှင့်မလေးရှားတို့က အလျင်အမြန် ဖွံ့ဖြိုးလာနေသော စက်မှုနိုင်ငံများဖြစ်သည်။ ထိုင်း နှင့်ဗီယက်နမ်တို့က စိုက်ပျိုးရေးထွက်ကုန်များအကြီး အကျယ်တင်ပို့နေကြသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် တို့က စားသောက်ကုန် ပိုမိုတင်သွင်းသည့် နိုင်ငံများ ဖြစ်သည်။ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ က လယ်ယာစိုက်ပျိုးရေးမှာ သာ ရှိနေကြသေးသည်။
အစိုးရများ၏ စီးပွားရေး မူဝါဒများကလည်း အမျိုးမျိုး ကွဲပြားနေကြသည်။ စင်ကာပူနိုင်ငံသည် လွတ်လပ်သော ဆိပ်ကမ်းတခုဖြစ်ပြီး ၎င်း၏ စုစုပေါင်း ကုန်သွယ်မှု ပမာဏသည် ပြည်တွင်း အသားတင် ထုတ်လုပ်မှု (GDP) ၏ ၄၀ဝ ရာခိုင်နှုန်းနှင့် ညီမျှ သည်။ အခြားအစွန်းတဖက်တွင် မကြာသေးမီကမှ နယ်နိမိတ်များကို ဖွင့်လှစ်ခဲ့သော မြန်မာနိုင်ငံရှိနေ သည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် GDP ၏ ၃၁ ရာခိုင်နှုန်းသာရှိသည်ဟု တရားဝင်ထုတ်ပြန် ခဲ့သည့် အချက်အလက်များအရ သိရသည်။
ထို့ပြင် အခြားသောကြီးမားသည့် ကွာဟချက် များမှာ စည်းမျဉ်းစည်းကမ်းများနှင့် အဖွဲ့အစည်းတို့၏ အရည် အသွေးနှင့် စီးပွားရေးအသိုင်းအဝိုင်း အခြေ အနေတို့ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက် အရ စင်ကာပူနိုင်ငံသည် စီးပွားရေးလုပ်ရာတွင် သက် တောင့်သက်သာ အရှိဆုံး နံပါတ် ၁ နိုင်ငံဖြစ်၍ ထိုင်းနှင့် မလေးရှားတို့က ထိပ်ပိုင်းနိုင်ငံ ၂၀ ထဲတွင် ပါဝင်နေပြီး ကျန်နိုင်ငံများက နောက်ပိုင်း တော် တော်ဝေးဝေးတွင် ရှိနေသည်။ ဤသို့ စီးပွားရေး ကွဲပြားမှုသာမက သမိုင်း၊ ယဉ်ကျေးမှု၊ ပထဝီအနေအထား၊ လူဦးရေ၊ လူဦးရေ သိပ်သည်းမှုနှင့် နိုင်ငံရေးစနစ် စသည့် ကျယ်ပြန့် သော ခြားနားမှုများလည်း ရောစပ်ပါဝင်နေသည်။
မည်သို့ပင်ဖြစ်စေ အာဆီယံနိုင်ငံများ တစုတစည်းတည်း ပေါင်းစည်းနိုင်ရေး အရေးပါသည့် အခြေခံ အကြောင်းတရားများကလည်း တိုးပွားလာနေသည်။ ၁၉၈၀ နှစ်များမှစ၍ အာဆီယံနိုင်ငံများတွင် ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းရေးတွင် အဓိကကျ သည့် ကုန်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ လွတ်လပ်မှုမျာ ရှိနေခဲ့ပြီဖြစ်သည်။
အာဆီယံနိုင်ငံ အများစုတွင် သွင်းကုန်ခွန်ကို ပျမ်းမျှ ၅ ရာခိုင်နှုန်းဝန်းကျင်သာ ကောက်ခံသည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအိုနှင့် မြန်မာနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများ၏ ကုန်သွယ်ရေးနှင့် GDP အချိုးသည် ၁၀ဝ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်မြင့်မားခဲ့သည်။ အာဆီယံသည် ကမ္ဘာ့ကုန်ထုတ်လုပ်မှု၏ ထောက်ပံ့ရေးလမ်းကြောင်းအတွက် စက်ပစ္စည်းများ၊ ပစ္စည်းအစိတ် အပိုင်းများ ထုတ်လုပ်ပေးနေသည့် ဒေသတွင်း အချက်အချာနေရာတခု ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ အပါအဝင် အာရှအရှေ့မြောက်ပိုင်းနှင့် လည်း ဆက်စပ်မိသွားပြီး ခိုင်မာသည့် ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု အဆက်အသွယ် များ ရှိလာသည်။
ဒေသတွင်း စီးပွားရေးကို ကြည့်မည်ဆိုလျှင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အာဆီယံနိုင်ငံ ၅ နိုင်ငံတွင် ယခု နှစ်အတွင်း ဖွံ့ဖြိုး တိုးတက်မှု ၅ ရာခိုင်နှုန်းရှိမည် ဟုကြိုတင်ခန့်မှန်းထားသည်။ ပြီးခဲ့သည့်နှစ် အနည်း ငယ်အတွင်းတွင် ရှိခဲ့သော ဖွံ့ဖြိုးတိုးတက်မှုများကို အခြေခံ၍ တွက်ချက်ခဲ့ခြင်းဖြစ်သည်။ စီးပွားရေးအရ ရှေ့ရောက်သည့် နိုင်ငံများ အထူးသဖြင့် အမေရိကန်ကဲ့သို့သောနိုင်ငံများ စီပွားရေး အနည်းငယ် ပြန်လည် နာလန်ထလာခြင်းကလည်း ပို့ကုန်မှတဆင့် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အထောက်အကူ ဖြစ်စေခဲ့သည်။
စိန်ခေါ်မှုများ စောင့်ဆိုင်းနေ သို့သော်လည်းရှေ့ဆက်ရမည့်ခရီးတွင် အခက် အခဲများရှိနေသေးသည်။ ပထမဆုံးအနေဖြင့် တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးမှုနှေးကွေးသွားခြင်းကလည်း အာဆီ ယံ၏ ကမ္ဘာသို့ အလယ်အလတ်အဆင့် ထွက်ကုန် များတင်ပို့မှုကို ဂယက်ရိုက်စေခဲ့သည်။ ၎င်းတို့ကို တရုတ်ပြည်တွင်းဈေးကွက်နှင့် အာဆီယံအတွင်းမှ တရုတ်ရင်းနှီးမြှုပ်နှံမှုများ အတွက် ရည်ရွယ်တင်ပို့နေ ခြင်းဖြစ်သည်။ ဒုတိယအချက်အနေဖြင့် အာဆီယံနိုင်ငံများ သည် မိမိတို့ပြည်တွင်းနှင့် ကမ္ဘာတလွှားတွင် ငွေ ကြေးမူဝါဒများ လျော့ရဲမှုကြောင့် ေြွကးမြီပေါက်ကွဲမှု နှင့် ကြုံတွေ့ခဲ့ကြရသည်။ စားသုံးသူတို့၏ေြွကးမြီများ အလွန်များပြားခဲ့ရ သည်။ အိမ်ခြံမြေဈေးကွက်လည်း အဆမတန် ဖောင်းပွခဲ့ရသည်။
ကမ္ဘာ့ငွေကြေး အခြေအနေ တင်းကျပ်လာပြီး အထူးသဖြင့် အမေရိကန် Federal Reserve ၏ ချုပ်ကိုင်မှု တင်းကျပ်လာခြင်းနှင့် အနောက်နိုင်ငံများ တွင် အတိုးနှုန်းများမြင့်မားလာသည့်အတွက်အသေး စားဆုံးရှုံးမှု များတွေ့ကြုံရနိုင်သည့် အန္တရာယ်လည်း ပိုများလာသည်။
ထိုအခြေအနေကို အစိုးရများအနေဖြင့်လည်း မလွှဲမရှောင်သာတော့ဘဲ လျော့ရဲနေသည့် ငွေကြေး မူဝါဒများကို နောက်မကျခင် အမြန်ဆုံး စွန့်လွှတ်ရ တော့မည်ဖြစ်သည်။ ကမ္ဘာ့ဈေးကွက် အကျပ်အတည်း၏ ရိုက်ခတ်မှု ကို ရင်ဆိုင်ကျော်ဖြတ်ရာတွင် အာဆီယံနိုင်ငံများ သည် ၁၉၉၇ ခုနှစ် အာရှ ငွေကြေး အကျပ်အတည်း ကြုံတွေ့ခဲ့ရသည့် အခြေအနေထက်စာလျှင်ပိုကောင်း သည့်နေရာတွင် ရှိနေသည်။ ယခင်ကထက် ဘဏ္ဍာ ရေးနှင့် ငွေကြေးအခြေအနေ ပိုကောင်းလာသည်။ ငွေလဲနှုန်းက ပို၍ ပြောင်းလွယ်ပြင်လွယ်ဖြစ်လာ သည်။ ကာလတို နိုင်ငံခြားေြွကးမြီမှ ထိခိုက်မှုများစွာ လျော့နည်းသည်။ ငွေချေး စာချုပ်စာတမ်း ဈေးကွက် လည်း ခိုင်ခိုင်မာမာဖြစ်လာသည်။
တတိယအချက်အနေဖြင့် ငွေတန်ဖိုးနည်းသည့် မူဝါဒများနှင့် မြင့်မားသည့် ကုန်ပစ္စည်းဈေးနှုန်းများ ရှိခဲ့သည့် ဆယ်စုနှစ်တခုက ထွန်းကားလာသည့် ဈေးကွက်တွင် မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်နေတတ် ခြင်းကို မျိုးစေ့ချ ထားပေးခဲ့သည်။
အာဆီယံသည် ြွခင်းချက်မဟုတ်ပါ။ အစိုးရ များက ဈေးကွက်အတွင်းမှ အနှောင့်အယှက်များကို လျှော့ချနိုင်ရေး အတွက် ပြုပြင်ပြောင်းလဲရေးကို လည်း လျစ်လျူရှုခဲ့ကြသည်။ ၎င်းတို့ကို ကမ္ဘာ့ ငွေကြေးအခြေအနေ တင်းကျပ် လာမှုနှင့် ကုန်စည် ဈေးနှုန်းများ ကျဆင်းလာမှုတို့ ပိုပြီးထင်သာမြင်သာ ဖြစ်လာသည်။
မြေနေရာ၊ အလုပ်သမားနှင့် အရင်းအနှီးဈေး ကွက်များတွင်လည်း ပြုပြင်ပြောင်းလဲရေးများ မရှိ သေးပေ။ အများပြည်သူနှင့်ဆိုင်သည့် ကဏ္ဍအများ စုတွင်လည်း ပြုပြင်ပြောင်းလဲရေးများ မရှိသေးပေ။ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လွတ် လပ်ခွင့်ပေးရေးတွင်လည်း နှေးကွေးနေသည်သို့မဟုတ် တုံ့ဆိုင်းနေသည်။
အစိုးရ၏ ကြိုးနီစနစ်ကလည်း စီးပွားရေး ပတ် ဝန်းကျင် အခြေအနေကို ဆိုးရွားစေသည်။ ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်နိုင်မှု ညွှန်း ကိန်းတွင် ဗီယက်နမ်နိုင်ငံက အဆင့် ၉၉ တွင်ရှိနေ ပြီး မြန်မာနိုင်ငံက အဆင့် ၁၈၂ ဖြစ်သည်။ ဖိလစ် ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများ က ၎င်းတို့ကြားတွင်ရှိနေသည်။
အခွင့်အလမ်းသစ်များ အာဆီယံနိုင်ငံအများစုတွင် စီးပွားရေး ဖွဲ့စည်း တည်ဆောက်ပုံစနစ် အသစ်ပြောင်းလဲရန် လိုအပ် ခြင်းမှာ ပြင်ပမှ ရိုက်ခတ် သက်ရောက်မှုများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် တခုတည်းအတွက် မဟုတ်ပါ ကမ္ဘာ့ ထုတ်ကုန်၏ ထောက်ပံ့ရေးကွင်းဆက် မှ ပေါ်ထွက်လာသည့် လမ်းကြောင်းများမှ အားသာ ချက်ရယူနိုင်ရန် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ကုန်ကျ စရိတ် ပိုမိုမြင့်မားလာသည့်အတွက် နိုင်ငံအသီးသီး က ရင်းနှီးမြှုပ်နှံရန် နေရာအသစ်များ ရှာဖွေနေကြ ခြင်းကို သတိပြုသင့်သည်။ အကယ်၍ တောင်အာရှ (အထူးသဖြင့် အိန္ဒိယ နိုင်ငံ) က ကမ္ဘာ့ဈေးကွက်သို့ ပိုမို တံခါးဖွင့်လှစ်ပေး လိုက်လျှင် လုပ်သားအင်အား အဓိကထားသော လုပ်ငန်းများနှင့် ပို့ကုန်ဦးစားပေး လုပ်ငန်းများ ထို နေရာသို့ ပြောင်းရွှေ့ သွားကြမည်ဖြစ်သည်။
ထိုအချက်က အာရှတိုက်၏ ဒေသတွင်းကုန် ထုတ်လုပ်မှု ကွန်ရက်များ၏ အလယ်တွင်ရှိပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ခရီးတဝက်တွင် ရှိသော အာဆီယံနိုင်ငံများအတွက် ကြီးမားသော အခွင့်အရေးများဖြစ်သည်။ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ အရင်းအနှီး များနှင့် ပြည်သူများ လွတ်လပ်စွာ စီးဆင်းခွင့်ရှိသည့် စစ်မှန်သော အာဆီယံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှုသည် ကြီးမားသည့် အကျိုးကျေးဇူးများပေးနိုင်သလို ကမ္ဘာ့ထောက် ပံ့ရေး ကွင်းဆက်အတွင်းသို့ လည်း ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းပါဝင်နိုင်သည်။ ၎င်းအချက်က အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ၏ ယုတ္တိဗေဒလည်းဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံများကြားမှ အကောက်ခွန်အများစု ကိုလည်း ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ အကောက်ခွန် လုပ်ငန်းစဉ် များ ရှင်းလင်းလွယ်ကူရေးနှင့် ဟန်ချက် မညီမျှရေး၊ နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သည့် အခြေခံ အဆောက်အဦ စီမံကိန်းများနှင့် အာဆီယံကောင်း ကင်ကို စရိတ်နည်း လေကြောင်းလိုင်းများအတွက် ဖွင့်လှစ်ပေးရန် စသည့် နေရာများတွင် တစိတ်တပိုင်း တိုးတက်မှုများ ရရှိနေသည်။ ဒေသခွဲများအတွင်း ပူးပေါင်းဆောင်ရွက်ရေး ကနဦး အစီအစဉ်များလည်း ရှေ့သို့တိုးတက်နေပြီး နမူနာအဖြစ် မဟာမဲခေါင် ဒေသခွဲနှင့် Iskandar-Singapore (စင်ကာပူနှင့် မလေးရှားနိုင်ငံကြားဒေသ) တို့ကို မြင်တွေ့နိုင်သည်။
AEC သို့မဟုတ် အာဆီယံစီးပွားရေး အသိုက်အဝန်း အားလုံးကိုခြုံကြည့်လျှင် AEC သည် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုတို့နှင့် သက်ဆိုင်သည့် အကောက် ခွန်နှင့် ဥပဒေစည်းမျဉ်းများ ဖျက်သိမ်း ရေးနှင့် လျှော့ချရေး စသော ၎င်း၏ ရည်မှန်းချက်များကို ပြည့်မီအောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ ဒေသတွင်း ကူးသန်းရောင်းဝယ်ရေးအတွက် တားမြစ်ကန့်သတ်ချက် အများစုက ထိုနေရာတွင် ရှိနေသည်။ အကောက်ခွန်များနှင့် နယ်စပ်မှ ခွဲတမ်း စနစ်များတွင် မဟုတ်ပါ။
ထို့ပြင် အာဆီယံ၏ ဘဏ္ဍာရေးနှင့် ငွေကြေး ပေါင်းစပ်မှုသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ထက် အားနည်းနေသည်။ Chiang Mai Initiative (အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်နှင့် တောင်ကို ရီးယား တို့ပါဝင်သည့် နိုင်ငံခြား ငွေကြေးဆိုင်ရာ သဘောတူညီချက်) ကဲ့သို့ ဆောင်ရွက်မှုပင်လျှင် အကန့်အသတ် ရှိနေသည်။
လက်တွေ့နိုင်ငံရေး အခြေအနေများအရ နက် နက်ရှိုင်းရှိုင်း ပေါင်းစပ်ဖွဲ့စည်းထားသည့် ဥရောပ သမဂ္ဂ၏ ပုံစံအတိုင်း အလုံးစုံ ထပ်တူဖြစ်အောင် ကျော်လွှားသွားနိုင်ခြင်းမရှိသေးဘဲ ဖြည်းဖြည်းမှန်မှန် တိုးတက်မှု ရရှိရေးသာလျှင် အာဆီယံအနေဖြင့် အကောင်းဆုံး မျှော်လင့်နိုင်သည့်အရာဖြစ်သည်။
အစိုးရများက ဈေးကွက်ကို လွတ်လပ်ခွင့်ပေးခဲ့ သဖြင့် အရှေ့တောင်အာရှသည် စီးပွားရေးတိုးတက် မှု ရရှိအောင် လုပ်နိုင်ခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့ထုတ်ကုန် ထောက်ပံ့ရေးကွင်းဆက်အတွင်းသို့လည်း ပေါင်းစပ် ဝင်ရောက်နိုင်ခဲ့သည်။ ယခုအချိန်တွင် ပြင်ပက ဆိုးကျိုးသက်ရောက်မှု များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်နှင့် အခွင့်အလမ်းသစ် များကို ရယူနိုင်ရန် ဒုတိယမျိုးဆက် ဈေးကွက်ပြုပြင် ပြောင်းလဲရေးတခု လိုအပ်နေသည်။ အာဆီယံ၏ စုပေါင်းအားထုတ်မှုသည် အကောင်း ဆုံး အထောက်အကူ ဖြစ်နိုင်ပါသည်။ သို့သော်လည်း အောင်မြင်မှုရရှိရေးသည် အစိုးရ တခုချင်းစီ၏ ဆောင်ရွက်မှုအပေါ်တွင် အဓိက မူတည်နေသည်။ အကောင် အထည် ဖော်သင့်သည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးကို ပြုလုပ်နိုင်ပါက အာဆီယံသည် ကမ္ဘာ့စီးပွားရေးတွင် ပို၍ထူးခြား အောင်မြင်သည့် အဖွဲ့အစည်းတခု ဖြစ်လာပါလိမ့်မည်။
(Razeen Sally သည် National University of Singapore ၏ Lee Kuan Yew School of Public Policy မှ တွဲဖက်ဧည့်ပါမောက္ခဖြစ်သည်။ Strait Times သတင်းစာပါ “Report card on Asean economic integration” ကို နိုင်မင်းသွင် ဘာသာပြန်သည်။)