ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်တဲ့ MPT မှ 4G စနစ်ပါ စမတ်ဖုန်းမော်ဒယ်သစ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ M50A မော်ဒယ်သစ်ဖုန်းကို မတ်လ ၂၄ ရက်နေ့မှ စတင်ပြီး ဈေးကွက်ထဲမှာ ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ M50A စမတ်ဖုန်းကို ပရိုမိုးရှင်းကာလအတွင်း ၈၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ ဝယ်ယူပြီးတဲ့နေ့မှ ၆ လ တိုင်တိုင် လစဉ်သုံး ဒေတာအပိုဆု 2.5GB ရရှိနိုင်မယ့် MPT ဆင်းမ်ကတ်တကတ်ကို လက်ဆောင် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းဘေလ်အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းပြီး အဆိုပါ ဒေတာအပိုဆုကို ရရှိနိုင်မယ့် အစီအစဉ်ဖြစ်ကာ ယင်း ၃,၀၀၀ ကျပ်မှာ မူလဖုန်းဘေလ်ထဲတွင် ဆက်လက်ကျန်ရှိနေမှာ ဖြစ်တဲ့အပြင် MPT ရဲ့ ဆွေသဟာအစီအစဉ်ကိုလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“MPT အမှတ်တံဆိပ် စမတ်ဖုန်းစီးရီးထဲကို နောက်ထပ်မော်ဒယ်တမျိုး ထပ်မံထည့်သွင်းလိုက်နိုင်ပြီဖြစ်တဲ့အတွက် ကျနော်တို့ အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်။ M50A က ဈေးနှုန်းအားဖြင့် အတော်လေးသက်သာရုံမက အရည်အသွေး မြင့်မားတဲ့ စမတ်ဖုန်းပဲဖြစ်ပါတယ်။ ခုရော နောင်မှာပါ MPT ရဲ့ ကျယ်ပြန့်ပြီး မြန်ဆန်တဲ့ 4G ကွန်ရက်နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ဦးမှာပါ။ ဒေတာအပိုဆုအနေနဲ့လည်း တလကို 2.5GB ရရှိမှာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ သုံးစွဲသူတွေဟာ ထူးခြားစုံလင်လှတဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ရယူသုံးစွဲပြီး ဆက်သွယ်မှု ပိုမိုကောင်းမွန်သော နိုင်ငံတခုအဖြစ် ဆက်လက်ပြီးချီတက်နိုင်မှာဖြစ်ပါတယ်” လို့ MPT-KSGM Joint Operation ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ ပြောကြားခဲ့ပါတယ်။
အဆိုပါ M50A 4G ဟန်းဆက်ကို အဖြူ၊ အနက်၊ ရွှေရောင် အရောင်သုံးမျိုးနဲ့ ရနိုင်မှာဖြစ်ပါတယ်။