ပြည်တွင်းမှာ လူကြိုက်အများဆုံးToyota ရဲ့ ဇိမ်ခံအမှတ်တံဆိပ်၊ နိုင်ငံတကာဈေးကွက်မှာ စိတ်အချရဆုံး အရည်အသွေးအကောင်းဆုံးအဖြစ် ရွေးချယ်ခံထားရတဲ့ အမှတ်တံဆိပ်၊ Lexus ရဲ့ ပြည်တွင်းဈေးကွက်မှာ ဈေးချိုချိုနဲ့ ရ နိုင်မယ့်မော်ဒယ် CT200 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇိမ်ခံမော်ဒယ်အဖြစ် ထုတ်လုပ်ထားတဲ့အနေအထားမှာ အခြားတန်းတူ ဇိမ်ခံတွေနဲ့စာရင် ဈေးချိုတယ်လို့ ဆိုလိုက်တာ ဖြစ် ပေမယ့် ပုံမှန်အိမ်စီးမော်ဒယ်တွေထက်တော့ ဈေးနည်းနည်းများနေမှာပါ။
အင်ဂျင်စနစ်က ၁.၈လီတာသုံး အရွယ်၊ ဇိမ်ခံမော်ဒယ် အနေအထားမှာ ထည့်သွင်းနည်းပညာပိုင်းကနေ လျှပ်စစ်အသုံး လည်းရှိမယ်၊ စီးနင်းသူလည်း Air-Con က အစ ဖျော်ဖြေရေးစနစ်တွေ စိတ်ကြိုက်သုံးမယ့်အနေအထားမှာ ဒီ အင်ဂျင်အ ရွယ်က နည်းနည်းလေးသေးချင်နေပေမယ့် ဆီစားနှုန်းနဲ့ ပြန်တွက်ရင်တော့ မြို့တွင်းသုံးအနေအထားရော ခရီးဝေးမောင်း နှင်မှုအတွက်ပါ စိတ်ကြိုက်ဖြစ်မယ့်အနေအထားပါ။
ပြည်တွင်းဈေးကွက်မှာ Lexus နှစ်သက်သူတွေ များလို့ တခြားနာမည်ကျော် တန်ကြေးသင့် ဇိမ်ခံတွေထက် Lexus တွေ အများအပြား ဈေးကွက်ဝင်နေတာ တခုကလည်း ရွေးချယ်နိုင်စရာများလာစေပါတယ်။
Modeတွေ ပြောင်းလဲမောင်းနှင်နိုင်မှုက မော်ဒယ်မြင့်ဆိုတာသိသာစေတဲ့အချက်ဖြစ်သလို သင့်အနေနဲ့ အင်ဂျင်စနစ်ကို စိတ်ကြိုက် ခိုင်းနိုင်မှာပါ။ Normal, Eco, Sport နဲ့ EV တွေ အဖြစ် ရွေးချယ်သုံးနိုင်မှာပါ။
မြို့တွင်းသုံးအတွက်ကတော့ Normal နဲ့ Eco တွေကအကောင်းဆုံး ဖြစ်ပြီး ခရီးဝေးမောင်းနှင်မှုမှာ Eco နဲ့ EVတွေက သင့် မှာပါ။ တောင်တက်လမ်းတွေမှာတော့ Sport နဲ့ Normalတွေ သုံးရင် ကောင်းပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အင်ဂျင်စွမ်း အင်ထုတ်စနစ်ကို စိတ်ကြိုက် ရွေးချယ်လာနိုင်လို့ သဘောကျစရာပါ။
Push Start ပုံစံနဲ့ အင်ဂျင်ကိုစက်နှိုးနိုင်မယ်၊ Smart Key စနစ်နဲ့ပါ။ မော်ဒယ်မြင့်လည်း ဖြစ်သလို အတွင်းခန်းTV နဲ့ CD တွေက မူလမော်ဒယ်ရဲ့ပစ္စည်းတွေပါ။ သုံးရ တော်တော်လေးအဆင်ပြေသလို အရည်အသွေးပိုင်းလည်း စိတ်ချရပါတယ်။ နောက်ကြည့်ကင်မရာစနစ် ပါရှိပြီး ဖြစ်သလို အဆိုပါစနစ်နဲ့ အတူ Parking အကူအချက်ပြစနစ်တွေက ပါကင်ထိုးရ ပိုမို လွယ်ကူလာစေပါတယ်။
CrusieControl ပါမယ်၊ Voice Control သုံးနိုင်မယ်၊ Bluetooth ချိတ်ရမယ်၊ ဂီယာချက်က အမျိုးသမီးယာဉ်မောင်းတွေ အတွက်ပါ အဆင်ပြေမယ့် E-CVT နဲ့လာတယ်၊ လက်ကိုင်ကလည်း ပေါ့ပါးတည်ငြိမ်အောင် လျှပ်စစ်စနစ်နဲ့ ထိန်းချုပ်ထား တဲ့ E-Power Steering နဲ့ပါ။
ဖျော်ဖြေရေးပိုင်းမှာ Speaker ၆လုံးပါတယ်၊ ထပ်ထည့်မယ် ဆိုရင်လည်းရမယ်၊ အသက်ကယ်လေအိတ် ၁၂ လုံးပါတယ်၊ နေ့ ခင်းမီးတွေက LED တွေနဲ့ ဖြစ်ပြီး ဘီးတွေက Alloy တွေပါ။ ပြည်တွင်းမှာတော့ လူကြိုက်များအဖြူနဲ့ အနက်တွေအဖြစ် အဝင်များပြီး ရန်ကုန်လိုင်စင်နဲ့ကိုပဲ ၂၀၁၃ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်ကို သိန်း ၇၅၀ပဲ အခေါ်ရှိပါတယ်။
အင်ဂျင်အရွယ်က အထူးကုန်စည်ခွန်နဲ့ စကားပြောစရာ ဖြစ်လာလို့ ဈေးအနည်းငယ် အကျဘက်မှာရှိချင်ပြီး အနက်ရောင် တွေအဝင်များပေမယ့် အဖြူဆိုရင်တော့ ဈေးနည်းနည်းမာချင်ပါလိမ့်မယ်။