စီးပွားရေး

Jaguarရဲ့ ဖန်တီးမှုအကောင်းဆုံး မော်ဒယ်သစ် XE SV Project 8

မော်ဒယ်က ဆီဒင်တန်းဝင်၊ အင်္ဂလန် အခြေစိုက် Jaguarရဲ့ မော်ဒယ်သစ်၊ ဇိမ်ခံတန်းဝင် ကိုယ်ထည်အသေးစား ပုံစံနဲ့ ဖြစ်ပြီး ၂၀၁၄ခုနှစ် အတွက် ထုတ်လုပ်ခဲ့တဲ့ F-Type Project 7ရဲ့ နောက်ဆက်တွဲလို့ ဆိုနိုင်မယ့်မော်ဒယ်ပါ။

ကုမ္ပဏီကတော့ စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်လောက်ထိ ကောင်းမွန်အောင် ဖန်တီးနိုင်တယ်ဆိုတာ ပြချင်တာကြောင့် အခု မော်ဒယ်ကို ဖန်တီးလာပုံ ရပါတယ်။

အင်ဂျင်စနစ်က ၅.ဝလီတာသုံး အရွယ်၊ Supercharged စနစ်ပါရှိတယ်၊ V8 တန်းဝင် အင်ဂျင်စနစ်၊ ရုန်းအား ၅၁၆ပေါင်-ပေထိအောင် ထုတ်လုပ်ပေးနိုင်ပြီး မြင်းကောင်ရေ ၅၉၂ ကောင်အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။

ဒီနေ့ထိအောင် Jaguar ကနေ ထုတ်လုပ်ခဲ့သမျှ မော်ဒယ်တွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးမော်ဒယ် ဖြစ်လာပါတယ်။ လေခွင်းစနစ်နဲ့ အင်ဂျင်အအေးခံစနစ်မှာ ပိုမို ကောင်းမွန်တဲ့ ဖန်တီးမှု လုပ်ဆောင်နိုင်လာတာကြောင့် အခုလို စွမ်းဆောင် ရည် ကောင်းလာတယ်လို့ ဆိုပါတယ်။

မော်ဒယ်က ဘီးစုံယက်စနစ်နဲ့ လာတယ်၊ ၈ ချက်သုံး Auto နဲ့ သွားတယ်၊ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၃.၃ စက္ကန့်တည်းနဲ့ ရောက်အောင် မောင်းနှင်နိုင်ပြီး Sport ကားတွေရဲ့ စွမ်းဆောင်ရည်ကို အမီလိုက်နိုင်လာပါတယ်။ တနာရီ မိုင် ၂၀၀ထိ အောင် အမြန်ဆုံးမောင်းနှင်နိုင်မှာပါ။

ထူးခြားချက်မှာ ဂီယာပိုင်းက ဂီယာချက် တချက်ကနေ နောက်တချက်ကို ၂၀၀ မီလီစက္ကန့်အတွင်း ပြောင်းလဲ မောင်းနှင် နိုင်မယ်လို့ ဆိုပါတယ်။

အမေရိကန်လို ဈေးကွက်အတွက်ကိုတောင်မှ အစီးရေ အနည်းငယ်ပဲ ထုတ်လုပ်ရောင်းချလာမှာလည်း ဖြစ်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၁၉၂၀၀၀ရှိမယ်။

မော်ဒယ်ခွဲရွေးချယ်ဝယ်ယူနိုင်ဖို့တော့ မရှိပါဘူး။ မော်ဒယ်ကို တပ်ဆင်ထုတ်လုပ်မှုက အဆင့်မြင့် ဇိမ်ခံမော်ဒယ်တွေကို ထုတ်လုပ်လေ့ရှိတဲ့ ပုံစံအတိုင်း လူအားနဲ့ တပ်ဆင်ထုတ်လုပ်လာမှာ ဖြစ်ပြီး စက်ရုပ်လုပ်သား မသုံးဘူးလို့ သိရပါတယ်။

ခွေတွေက အလူမီနီယမ်သားတွေ၊ Sport ကားတွေရဲ့ ပုံမှန်ဘီးတွေထက် ၂.၂လက်မလောက် အဝန်းကို ပိုပြီး ကြီးမား အောင် ဖန်တီးထားမယ်၊ ဒါကြောင့် ခွေတွေရဲ့အဝန်းက လက်မ ၂၀ ရှိလာတယ်၊ တာယာတွေက 305 အရွယ်တွေ ထည့်ထားတယ်၊ ကိုယ်ထည်ပိုင်း အလေးချိန်ပေါ့ပါးအောင် ကာဗွန်ဖိုက်ဘာသားတွေ သုံးထားမယ်။

အိတ်ဇောက တိုက်တမ်နီယမ်သားနဲ့ ဖန်တီးထားတယ်၊ ကားရဲ့စုစုပေါင်း အလေးချိန်က ပေါင် ၃၈၅၀ ဖြစ်လို့ လေးချင် နေပါသေးတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။

လက်ကိုင်းပိုင်းကို Chassisကနေရော Suspension စနစ်ကပါ အထောက်အပံ့ဖြစ်ပြီး တည်ငြိမ်မှု ရှိအောင်ရော လားရာ လမ်းကြောင်းပြောင်းလဲ မောင်းနှင်နိုင်မှု မြန်ဆန်အောင်ပါ ဖန်တီးထားပါတယ်။

ရှေ့ဘက်ရော နောက်ဘက်ဝင်ရိုးမှာပါ ထပ်ပိုးစနစ် ပါရှိသေးတယ်၊ F-Type ပြိုင်ကားမှာ တွေ့ရတဲ့စနစ်မျိုးပါ။ သူက မြန် နှုန်းမြင့် မောင်းနှင်ချိန်မှာပါ လက်ကိုင်စနစ်ကို အတည်ငြိမ်ဆုံး ဖြစ်စေမှာပါ။ ပြီးတော့ Suspension စနစ်က အနိမ့်၊ အမြင့် ချိန်နိုင်သေးပြီး မိမိ အသုံးပြုမယ့်လမ်းကြောင်း အနေအထားအလိုက် ပြောင်းလဲမောင်းနှင်နိုင်မှာပါ။

ဇွန်လ ၂၉ရက်ကနေ ဇူလိုင်လ ၂ရက်နေ့ထိအောင် ကျင်းပခဲ့တဲ့ Goodwood Festival of Speedမှာ အကောင်းဆုံး မိတ် ဆက်ပြသလာနိုင်တဲ့ ကားအဖြစ် သတ်မှတ်ခံရတာလည်း တွေ့ထားပါတယ်။

မကြာခင်မှာ ဈေးကွက်အတွင်း ရောက်လာတော့မယ့် မော်ဒယ်လည်း ဖြစ်ပြီး ဦးစားပေးအနေနဲ့ကတော့ ဥရောပ၊ အမေရိ ကနဲ့ အာရှကားဈေးကွက်ကြီးတွေကို ဝင်ရောက်လာပါလိမ့်မယ်။

Ref: www.businessinisider.com

Loading