မော်တော်ကားတွေရဲ့ ဆီစားနှုန်း သက်သာအောင် ရည်ရွယ်ပြီး အင်ဂျင်အသေးစား တပ်ဆင်ထားတဲ့ မော်ဒယ် တွေကို အသုံးပြုမှုများနေပေမယ့် အသုုံးပြု မောင်းနှင်မှု နည်းစနစ် မကျတဲ့အခါ ဆီအရမ်းစားလာပါတယ်။ အဲဒီလိုု ဆီအရမ်းစားလာတဲ့အခါ မိမိရဲ့ ကားကိုု ပြန်လည် စစ်ဆေးဖိုု့လိုုတာမိုု့ ဘယ်လိုု အချက်တွေကိုု စစ်ဆေး ရမလဲဆိုုတာကိုု ဖော်ပြလိုုက်ပါတယ်။
၁ – Plug မကောင်းတဲ့အတွက် အင်ဂျင်ပေါက်ကွဲချက် မမှန်ဘဲ ဆီစားများစေနိုင်ပါတယ်။ ဒါဟာ စွမ်းအင် ထွက်ရှိမှု မမှန်တာကြောင့် ဆီပိုမို အသုံးပြု မောင်းနှင်ရစေတာလည်း ဖြစ်ပါတယ်။ ဒီအတွက် Plugကို ကီလို ၁၅၀၀မောင်းနှင်ပြီးတိုင်း ဖြစ်စေ၊ တလတခါဖြစ်စေ အနည်းဆုံး စစ်ဆေး လဲလှယ်သင့်ပါတယ်။
၂ – Air-Conလို အသုံးပြုမှုတွေကြောင့် အင်ဂျင်ကို ပိုမို လည်ပတ်ရုန်းကန်စေတဲ့ အတွက် ဆီစားများ စေနိုင်ပါတယ်။ သူကတော့ ခရီးဝေး မောင်းနှင်မှုတွေမှာ လေအေးပေးစနစ်ကို ပိတ်ပြီး မောင်းနှင်တာ အကောင်းဆုံး ဖြစ်ပြီး မြို့တွင်းသုံးမှာတော့ သိပ်မသိသာလှပါဘူူး။
၃ – မှန်ကန်တဲ့ ဂီယာချက် ပြောင်းလဲ အသုံးပြုမှု မရှိတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ Manualမှာတော့ ဂီယာချက် ပြောင်းလဲ အသုံးပြုမှု မှားစရာမရှိပေမယ့် Autoမှာတော့ လူအများစုက Dတစ်ခုတည်းကိုပဲ အသုံးပြု မောင်းနှင်လေ့ ရှိတာမျိုးက လိုအပ်သလို ပြောင်းလဲ အသုံးပြု မောင်းနှင်မှု အားနည်းစေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လိုအပ်သည်ထက် အင်ဂျင်က ပိုမို ရုန်းကန်ရတာတွေ ရှိလာတတ်ပြီး ဆီစားများ စေနိုင်ပါတယ်။
၄ – အရည်အသွေးပြည့် မရှိတော့တဲ့ အင်ဂျင်ဝိုင် (သက်တမ်းလွန်)နေတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ အင်ဂျင်ရဲ့ သွေးလို့ ဆိုနိုင်မယ့် အင်ဂျင်ဝိုင်ကို အမြဲစစ်ဆေး၊ လဲလှယ်စီးနင်းဖို့ သင့်ပါတယ်။ Plug စစ်ဆေးချိန်တိုင်း တခါတည်း စစ်ဆေးလဲလှယ်သင့်ပါတယ်။
၅ – ဝန်ပိုတင်ဆောင်မောင်းနှင်တဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ အင်ဂျင်ကို မနိုင်ဝန် ထမ်းစေတာကြောင့် စွမ်းအင်ထုတ်လုပ်ရမှု ပိုများစေပြီး ဆီစားများစေတာ ဖြစ်ပါတယ်။
၆ – လေပေါင်ချိန် မပြည်တဲ့ ဘီးတွေနဲ့ မောင်းနှင်မှုကြောင့် ဆီစားများစေနိုင်ပါတယ်။ သတ်မှတ်လေပေါင်ချိန် မပြည့်ပါက ကားရဲ့ ပြေးအားကျသွားစေတာကြောင့် အင်ဂျင်ကို ပိုမို ရုန်းကန်ရစေနိုင်တာ ဖြစ်ပါတယ်။
၇ – အင်ဂျင်အရွယ်ကြီးမားတဲ့ (၃ ဒသမ ၀ လီတာသုံးနဲ့အထက်) မော်ဒယ်တွေ အနေနဲ့ ပွိုင့်မိနေတဲ့ အချိန်မျိုးတွေမှာပါ အင်ဂျင်နှိုးထားခြင်းက သိသာတဲ့ ဆီစားများခြင်းကို ဖြစ်စေနိုင်ပါတယ်။ သူကတော့ ပွိုင့်ကြီးတွေမှာ အချိန်ကြာ မိနေတာမျိုးတွေ အတွက် စက်သတ်ထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။