စာရေးသူ – ဗန်းမော်တင်အောင်
စာအုပ်အမည် – ဗန်းမော်တင်အောင် ဝတ္ထုတိုပေါင်းချုပ် – ၂
အမျိုးအစား – ဝတ္ထုတို
စာရေးဆရာ ၊ နိုင်ငံရေးသမား ဆရာဗန်းမော်တင်အောင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်အမှတ် ၂ ဖြစ်ပါတယ်။ ဝတ္ထုတိုပေါင်းချုပ် အမှတ် ၁ ကိုတော့ ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ အခု အမှတ် ၂ စာအုပ်မှာတော့ ဆိုက်ကားသမားနှင့် မုဆိုးမသားအမိ၊ ဤသုံးဦးတို့ အကြောင်း၊ နော်မူဂေး၊ လူသုံးပစ္စည်း၊ လိုက်ခဲ့ပါ့ မောင်တို့ရွာ ၊ မိုးမမြင် လေမမြင်၊ လှတန်ဆောင်နှင့် လှကဗျာ၊ သက်မေ၊ ဘဝ၊ ထမင်းတစ်လုတ်၊ အဖြူ၊ မမထား၊ ညိုဝါရွှေ၊ မတုံ့ပြန်သော မေတ္တာ၊ ဖာသည်မ မိသန်းကြည် စတဲ့ ဝတ္ထုတို ၁၄ ပုဒ်ကို ဖတ်ရှု့မှာ ဖြစ်ပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၃၃၀၀ နဲ့ ဖြန့်ချိပါတယ်။
စာရေးသူ – စန္ဒယားသိမ်းမောင်
စာအုပ်အမည် – မဟာဂန္ထဝင် စန္ဒရားဆရာ၏ ဘဝမှန်ကူကွက်များ
အမျိုးအစား – အနုပညာ
မဟာန္ထဝင်စန္ဒရားဆရာ မြို့မဦးသိမ်းမောင် လစဉ်ထုတ် မဂ္ဂဇင်းများတွေမှာ ရေးသားခဲ့တဲ့ အနုပညာ ခရီးရှည် ဖြတ်သန်းမှု ဆောင်းပါးတွေကို စုစည်းထားတဲ့ စာအုပ် ဖြစ်ပါတယ်။ သင်္ကြန်မိုး၊ ဝင်းဦးနှင့် မြို့မ၊ ကျေးဇူးရှင် ဆရာ (ဒါးတန်း) ဦးသန့်သို့ တမ်းချင်း၊ ဆရာမြို့မငြိမ်း၏ နောက်ဆုံးနေ့များ၊ ပန်းတိုင်းပွင့်လန်းရာ AI ဗိသုကာအခန်းမှာ၊ ဦးနု၏ ဂီတဒဿန၊ မြန်မာ့ဂီတကို ခေတ်မီစေလိုသူ ဦးအုန်း၊ လေးလေးဦးထွန်းေ၀ အလွမ်းပြေ စသည့် ဆောင်းပါးများ အပါအဝင် ဆောင်းပါးပေါင်း ၂၇ ပုဒ် ပါဝင်ပါတယ်။ ဝင်းဖေ၊ ခင်မောင်ရင်၊ သန်းစိုးနိုင် တို့က အမှာစာ ရေးသားပေး ထားပါတယ်။ ရေသောက်မြစ် စာအုပ်တိုက်က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – Quality အယ်ဒီတာအဖွဲ့
စာအုပ်အမည် – အဓိပတိ ဒေါက်တာဘမော်
အမျိုးအစား – အတ္ထုပ္ပတ္တိ
၉၁ ဌာနအုပ်ချုပ်ရေးမှာ ပညာရေးဝန်ကြီးချုပ်၊ နန်းရင်းဝန်၊ ဂျပန်ခေတ် နိုင်ငံတော်အဓိပတိ တာဝန်တွေကို ထမ်းဆောင် ခဲ့တဲ့ ဒေါက်တာဘမော်ရဲ့ အတ္တုပ္ပတ္တိ ဖြစ်ပါတယ်။ အောင်မြတ်ဦး ရေးသားပြီး Quality အယ်ဒီတာ အဖွဲ့က ဝိုင်းဝန်း တည်းဖြတ်ထားတာပါ။ ဒေါက်တာဘမော် စာအုပ်မှာ အပိုင်း (၁) ဒေါက်တာဘမော်နှင့် သူ့မိသားစုဘ၀ နိဒါန်း၊ အပိုင်း (၂) ဘဝရေဆန်ခရီး ၊ အပိုင်း (၃) နိုင်ငံရေး ဝဲသြဃအတွင်းမှ ဒေါက်တာဘမော် ၊ အပိုင်း (၄) ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် ၊ အပိုင်း (၅) ဒေါက်တာဘမော်နှင့် မှတ်မှတ်ရရများ၊ အပိုင်း (၆) ဒေါက်တာဘမော်၏ ဒဿနဆန်သော ဘဝ၊ အတွေးနှင့် လူမျိုးစုပဋိပက္ခများ သုံးသပ်ခြင်းနှင့် နောက်ဆက်တွဲ အရေးအခင်း ၃ ခု တို့ ပါဝင်ပါတယ်။ Quality Publishing House က တန်ဖိုး ၂၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူအမည် – အောင်လွန်းမြိုင်နှင့်အခြား
စာအုပ်အမည် – အမှာ
အမျိုးအစား – ကဗျာ
အောင်လွန်းမြိုင် ၊ မင်းညွန့်လှိုင် ၊ ရန်လင်းအောင် ၊ နီဇူလိုင် ၊ ခက်ဦး အစရှိတဲ့ ကဗျာဆရာ ၅ ယောက်ရဲ့ စုပေါင်း ကဗျာစာအုပ်လေး ဖြစ်ပါတယ်။ အမှာ ၁ ကစလို့ အမှာ ၅၀ အထိ ကဗျာအပုဒ်ပေါင်း ၅၀ ပါဝင်ပါတယ်။ မြန်မာ့ခြေရာ စာပေက တန်ဖိုး ၁၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။