၁။ အင်တာမီလန် ယူ-၁၈နှင့် မြန်မာ ယူ ၁၈ အသင်းတို့၏ Intermilan Friendly Tour ဘောလုံးပွဲကို သုဝဏ္ဏ အားကစား ကွင်းတွင် ၁၁.၈.၂၀၁၇ ရက်နေ့နှင့် ၁၃.၈.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်သည်။ ပွဲလက်မှတ် များကို သုဝဏ္ဏအားကစားကွင်းတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ငြိမ်းချမ်းရေးပွဲတော်နှင့် လူငယ်အဖွဲ့အစည်း ပြပွဲအား ပြည် လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ၁၂.၈.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွင်း လူငယ်များ၏အခန်းကဏ္ဍကို ဆွေးနွေးသွားမည်ဖြစ်ပြီး လူငယ်အဆိုတော် ဇွဲပြည့်မှလည်း လာ ရောက်ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၃။ BaganMart.com နှင့် စက်မှုဝန်ကြီးဌာန SME Development Dept တို့ပူးပေါင်းကျင်းပသည့် Smart Living Expo and ASEAN 50th Anniversary ကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၁၁.၈.၂၀၁၇ မှစ၍ ၁၃.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါဈေးရောင်းပွဲတော်တွင် အိမ်တွင်းအလှဆင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ပရိဘောဂပ စ္စည်းများ၊ ကားပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများစွာကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
၄။ နိုင်ငံတကာတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကြီး International Education Exhibition 2017 ကို ပြည် လမ်းရှိ NOVOTEL Hotel တွင် ၁၂.၈.၂၀၁၇ ရက်နေ့ နေ့လယ် ၁ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် စင်ကာပူ၊ သြစ တြေးလျ၊ အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ အိုင်ယာလန်နိုင်ငံများရှိ ကမ္ဘာ့တက္ကသိုလ်များအကြောင်း၊ တက် ရောက်ရယူနိုင်မည့် ဘွဲ့ဒီဂရီများ Ranking များ အကြောင်း၊ သင်ကြားရေးအဆင့်နှင့် အလုပ်အကိုင်များအကြောင်း သက် ဆိုင်ရာနိုင်ငံများ၏ကျောင်းသားဗီဇာ လျှောက်ထားရန် လိုအပ်ချက်များကို ကျောင်းတခုချင်းစီတွင် အသေးစိတ် မေးမြန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။
၅။ နာမည်ကျော်ဖက်ရှင် Designer များ၏ ခေတ်မှီဆန်းသစ်သည့် Fashions လက်များကို ပြသမည့် Eternity Love Fashion Show ကို Novotel Yangon Max တွင် ၁၂.၈.၂၀၁၇ မှ ၁၃.၈.၂၀၁၇ အထိပြုလုပ် သွား မည်ဖြစ်သည်။ အဆိုပါ ပြပွဲမှ Fashions လက်ရာများ ကိုဝယ်ယူလိုသူများအတွက် ပြပွဲရက်အတွင်း ၂၀ ရာ ခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ဈေး လျှော့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၆။ Get Chance Lucky Draw Website မှ ကျင်းပသည့် Monsoon Sales & Promotion Event ကို ပြည် လမ်းရှိ Hledan Center Promotion Area (Indoor)တွင် ၁၁. ၈.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါဈေး ရောင်းပွဲတော်တွင် ဖုန်းနှင့်ဆက်စပ်စ္စည်းများ၊ Canon Camera & Printerများ ၊ အလှကုန်ပစ္စည်းများကို အထူးလျှော့ဈေး နှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဂိမ်းအစီအစဉ်များ၊ မျက်လှည့်ပြကွက်များ၊ အခမဲ့ စားသောက်ဖွယ်ရာများ အစီ အစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
၇။ နိုင်ငံကျော်အဆိုရှင်များ၊ ဆိုင်းပညာရှင်များပါဝင်မည့် ဂီတစာဆိုကိုသက်ဦး၏ ဒေဝစ ္ဆရာနှင့် ရွှေအလင်္ကာ ဂုဏ်ပြု ဂီတ ဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၁၁.၈.၂၀၁၇ ရက်နေ့ပြုလုပ်သွား မည်ဖြစ်သည်။ အဆိုပါပွဲ လက် မှတ်ဈေးနှုန်းကို ၅ ထောင်ကျပ်မှ ၂ သောင်းကျပ်အထိ သတ်မှတ်ထားပြီး ဖုန်း ၀၉-၅၁၃၂၂၇၉ သို့ ဆက်သွယ်ဝယ်ယူနိုင် ကြောင်း သိရသည်။
၈။ မော်ဒန်ပန်းချီဆရာမောင်ဒီ၏ Sculpture Series ပန်းချီ၊ ပန်းပုပြပွဲကို တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ် ပန်းချီ ပြ ခန်းတွင် ၇.၈.၂၀၁၇ မှ ၉.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ပန်းချီကား ၂ ချပ် နှင့် ပန်းပု ၇ ခု ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီမြင့်စံမြင့်၏ to the Sea ပန်းချီပြပွဲကို ယုဇနဥယျာဉ်မြို့တော်ရှိ Eternal Art Gallery တွင် ၁.၈.၂၀၁၇ မှ ၂၈.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ရခိုင်ပြည်နယ်ဝန်းကျင်အခြေပြု အရိုင်းလစ် ပန်းချီကား ၂၅ ကားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
၁၀။ မော်ဒန်ပန်းချီဆရာပိုပို၏ “Autokinetic Drawings” ပန်းချီပြပွဲကို သာကေတမြို့နယ်၊ အမှတ်၁၈၆၊ သိင်္ဂီလမ်း၊ ၅ ရပ်ကွက်ရှိ ပန်းချီပိုပို၏ Art Studio တွင် ၁.၈.၂၀၁၇ မှ ၁၅.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ၁၉၉၀ မှ ၁၉၉၅ ခုနှစ်အတွင်း ရေးဆွဲထားသော ပန်းချီကား ၂၀ ကားကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။