Entertainment

"Venom" နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Tom Hardy

မင်းသား Tom Hardy ဟာ “Venom (2018)” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းမှာ ပါဝင်လာမယ်လို့ တရားဝင် အတည်ပြုလိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ် မင်းသားဟာ မနှစ်က ထွက်ခဲ့တဲ့ ရုပ်ရှင်မှာ ဂြိုဟ်သား အသက်ရှိ ခန္ဓာကိုယ်တခုနဲ့ ပေါင်းစပ်ပြီး မကောင်းဆိုးရွားပုံစံ ပြောင်းသွားနိုင်တဲ့ ဂျာနယ်လစ် Eddie Brock အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

ထုတ်လုပ်သူ Amy Pascal ကတော့ အော်စကာဆန်ခါတင် စာရင်းဝင် ဗြိတိသျှ မင်းသား Tom ဟာ Michelle Williams နဲ့ Riz Ahmed တို့ပါ အဲ့ဒီနာမည်ကျော် ရုပ်ရှင်မှာ ပါဝင်လာမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“Tom Hardy ပြန်လာပြီး ဘယ်သူမှ မလုပ်နိုင်တဲ့ ဇာတ်ကောင်မှာ ထူးခြားစွာ သရုပ်ဆောင်မယ်လို့ ကျမပြောနိုင်ပါတယ်။ Vernom အကြောင်း စဉ်းစားလိုက်တဲ့အခါ ဘယ်သူ့ကိုမှ မမြင်မိဘဲ Tom Hardy က ပုစွန်တုပ်တွေ ရှိတဲ့ ရေချိုးကန်ထဲမှာ ထိုင်နေတာကိုတွေ့ရမှာပါ။ Tom Hardy က ဒီဇာတ်ကောင်ကို သရုပ်ဆောင်တာ မြင်ဖူးတယ်ဆိုရင်တော့ အဲ့ဒါတွေအားလုံးက ရှင်တို့သိဖို့ လိုအပ်ပါတယ်” လို့ ထုတ်လုပ်သူ Amy က ပြောပါတယ်။

မင်းသား Tom Holland ရဲ့ ပင့်ကူလူသားဇာတ်ကောင်ဟာလည်း “Venom 2” ရုပ်ရှင်မှာ ပါဝင်လာနိုင်ခြေ ရှိတယ်လို့လည်း Amy က ပြောပါတယ်။ ဆက်လက်ပြီး “လူတိုင်းက ဒါကို ကြည့်ရတာသဘောကျမှာပါ။ တနေ့နေ့ တချိန်ချိန်မှာ ဖြစ်လာမယ်လို့ ဘယ်သူက သိနိုင်မှာလဲ။ ကျမပြောနိုင်တာက ဒီလိုမျိုး ထူးခြားတဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ပင့်ကူလူသားနဲ့ ပတ်သက်လို့ ပြောစရာဇာတ်လမ်းအများကြီး ရှိပါတယ်။ Tom Holland အတွက် အစီအစဉ်ကြီးတခု ကျမတို့ဆီမှ ာရှိပါတယ်”လို့ Amy က ဆိုပါတယ်။

ပထမဆုံး “Venom” ရုပ်ရှင်ဟာ ဝေဖန်သူတွေထံကနေ အဆိုးမြင်မှတ်ချက်အများစု ရခဲ့ပေမယ့် တကမ္ဘာလုံးကနေ ဝင်ငွေ ဒေါ်လာ သန်း ၈၅၀ ရှိခဲ့တာကြောင့် ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တကား ဖြစ်ခဲ့ပါတယ်။

Ref: contactmusic

You may also like these stories:

ရုံဝင်ငွေစာရင်းမှာ “A Star Is Born” ရုပ်ရှင်ကို ကျော်တက်သွားတဲ့ “Venom”

ဂျိမ်းစ်ဘွန်းမင်းသားသစ်အဖြစ် Tom Hardy ကို သရုပ်ဆောင်စေချင်တဲ့ မင်းသား Pierce Brosnan

Loading