၂၀၁၉ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
၂၀၁၉ ခုနှစ်ဟာ နှစ်စပိုင်းမှာတင်ပဲ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ လက်ထပ်ခဲ့ကြတဲ့ နှစ်တနှစ် ဖြစ်ပါတယ်။ တိတ်တဆိတ် လက်ထပ်ခဲ့ကြသူတွေလည်း ရှိသလို ပရိသတ်တွေ ခန့်မှန်းထားတဲ့အတိုင်း လက်ထပ်သွားကြတဲ့ အနုပညာရှင် စုံတွဲတွေလည်း ရှိနေပြန်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ၂၀၁၉ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။
(၁) Joe Jonas နဲ့ Sophie Turner
Jonas Brother အဖွဲ့ဝင်ခေါင်းဆောင် အဆိုတော် Joe Jonas နဲ့ အသက် ၂၃ နှစ်အရွယ် မင်းသမီးချော Sophie Turner တို့ဟာ ပြီးခဲ့တဲ့ မေလတုန်းက Las Vegas မှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့ပါတယ်။ ဟောလိဝုဒ်ရဲ့ အလန်းစား စုံတွဲတတွဲဖြစ်တဲ့ သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်လောက်တည်းက Date ခဲ့ကြတာလည်း ဖြစ်ပါတယ်။
(၂) Jude Law နဲ့ Phillipa Coan
အသက် ၄၆ နှစ်အရွယ်ရှိ မင်းသားကြီး Jude Law ဟာဆိုရင် ၄ နှစ်ကြာတွဲခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ Coan နဲ့ ဧပြီလတုန်းက တိတ်တဆိတ် လက်ထပ်ခဲ့ကြတာပါ။ သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲမှာ ရင်းနှီးတဲ့မိတ်ဆွေတွေလောက်ကိုသာ ဖိတ်ကြားပြီး အကျဉ်းချုံး ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
(၃) Tom Ellis နဲ့ Meaghan Oppenheimer
Lucifer မင်းသားချော Tom Ellis တယောက်ကတော့ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူ Meaghan Oppenheimer နဲ့ ဇွန်လမှာပဲ လက်ထပ်သွားခဲ့တာပါ။ Tom အတွက်တော့ ဒါဟာ ဒုတိယအိမ်ထောင်ဖြစ်ပြီး ၄ နှစ်ကြာတွဲလို့အပြီးမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။
(၄) Chris Patt နဲ့ Katherine Schwarzenegger
ဇွန်လမှာပဲ နောက်ထပ် လက်ထပ်သွားခဲ့တဲ့ ဟောလိဝုဒ် အကျော်အမော်တဦးကတော့ Star Lord ကြီး Chris Patt ပဲ ဖြစ်ပါတယ်။ မင်းသားကြီး အာနိုးရဲ့သမီးဖြစ်သူနဲ့ လက်ထပ်သွားခဲ့တာဖြစ်ပြီး ကောလဟာလတွေထွက်ခဲ့တဲ့အတိုင်း တကယ် လက်ထပ်သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။
(၅) Ellie Goudling နဲ့ Caspar Jopling
အဆိုတော် Ellie Goudling ဟာဆိုရင်တော့ ၂၀၁၈ ခုနှစ်တုန်းက စေ့စပ်ထားခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် Jopling နဲ့ ၂ နှစ်ကြာ တွဲခဲ့ပြီးတဲ့နောက်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
Ref. www.insider.com
You may also like these stories:
ထူးဆန်းတဲ့ အကြောက်လွန်ရောဂါတွေ ရှိကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
မင်းသားကြီး အာနိုးရဲ့ သမီးနဲ့ လက်ထပ်လိုက်ပြီ ဖြစ်တဲ့ မင်းသား Chris Pratt
မင်္ဂလာပွဲကို လက်ချင်းချိတ်ပြီး တက်ရောက်ခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ
နယူးယောက်မြို့မှာ လက်ထပ်ပွဲကြို ပါတီကျင်းပခဲ့တဲ့ မင်းသမီး Priyanka Chopra