မကြာခင် ဝါလကင်းလွတ် သီတင်းကျွတ်ကာလကို ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် အနုပညာရှင်တွေကို သီတင်းကျွတ် အမှတ်တရတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဘာလုပ်ကြမလဲဆိုတဲ့ အကြောင်း အခုလိုပဲ စုစည်း ဖော်ပြလိုက်ပါတယ်။
သရုပ်ဆောင် ခန့်စည်သူ
“ကျနော် သီတင်းကျွတ်မှာ အဖေနဲ့ အမေကို တတ်နိုင်တာနဲ့ ကန်တော့မယ်။ သီတင်းကျွတ်မှာ ဆရာသမားတွေ လူကြီးတွေကိုလည်း လိုက်ကန်တော့ပြီး ကုသိုလ်ယူပါမယ်။ ကျနော့်ကိုလည်း လာကန်တော့ကြတာတွေ ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ရင် ပျော်တာပေါ့။ ရေကျော်ဘက်သွားပြီး ပွဲဈေးလျှောက်တာပေါ့။ အခုတော့ မရှိတော့ပါဘူး။ အသက်ကြီးလာလေ အပျော်နည်းလာလေပေါ့”
သရုပ်ဆောင် ဖွေးဖွေး
“သီတင်းကျွတ်ကတော့ ပုံမှန်အားဖြင့် အဖေ၊ အမေတို့ကို ကန်တော့တယ်။ အမျိုးတွေကို ကန်တော့ တယ်။ ဆရာတွေကို ကန်တော့တယ်။ မီးပန်းဖောက်တယ်။ အေးအေးဆေးဆေး ဖြတ်သန်းဖြစ်မယ်။ သီတင်းကျွတ်မှာတော့ ကန်တော့ခံ ဖြစ်နေပြီ။ မနှစ်ကရော ဒီနှစ်ရော မောင်လေးက ကန်တော့တယ်။ ဒီနှစ် သီတင်းကျွတ်ကို ဘယ်လိုပဲ ဖြတ်သန်း ဖြတ်သန်း အားလုံး အစစ အရာရာ အောင်မြင်ပါစေ။ အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ်”
သရုပ်ဆောင် အိချောပို
“သီတင်းကျွတ်မှာ မိဘတွေ ဆရာသမားတွေကို ကန်တော့ဖို့ရှိတာပေါ့။ သူတို့ကို ကန်တော့ပြီး မုန့်ဖိုးတွေ ရရင်ပျော်တယ်။ အခုချိန်ထိလည်း လူကြီးတွေက မုန့်ဖိုး ဘယ်လောက်လေးပဲ ပေးပေး ရရင် ပျော်နေတယ်။ သီတင်းကျွတ် အမှတ်တရကတော့ ငယ်ငယ်တုန်းက ခရီးတွေ သွားတယ်။ အဲ့လောက်ပါပဲ။ သီတင်းကျွတ်မှာ သတင်းထူးလည်း မရှိပါဘူး။ ကားတွေလည်းရိုက်နေမှာပါ။ သီတင်းကျွတ်မှာ ပရိသတ်တွေ ကျန်းမာပျော်ရွှင်ပြီး လိုအင်ဆန္ဒတွေ ပြည့်ကြပါစေ”
သရုပ်ဆောင် နန်းစန္ဒာလှထွန်း
“နန်း သီတင်းကျွတ်ရင် ငယ်ငယ်တုန်းက ဆီမီးထွန်းရတာ ပျော်တယ်။ မေမေ့ကို ကူညီပေးပြီး ဆွမ်းတွေ ကပ်တယ်။ နှစ်တိုင်းတော့ လူကြီးမိဘတွေကို ကန်တော့လေ့ ရှိပါတယ်။ သိပ်ထွေထွေထူးထူး မရှိပါဘူး။ ရိုက်ကူးရေးနဲ့ပဲ ပြီးဆုံးသွားမှာပါ”
သရုပ်ဆောင် ခါရာ
“သီတင်းကျွတ် အမှတ်တရတွေကတော့ ငယ်ငယ်တုန်းက ပိုများတယ်။ သူငယ်ချင်းတွေနဲ့ ဆုံပြီးတော့ ဗောက်အိုးတွေ ဖောက်ကြတာကတော့ အမှတ်တရပါပဲ။ နောက်ပိုင်းကျတော့ သိပ်မလည်ဖြစ်ဘူး။ သူငယ်ချင်းအပေါင်းအသင်းတွေက နည်းတော့လေ။ ဒီနှစ်မှာ လူပျိုကြီး၊ အပျိုကြီး၊ အစ်ကိုကြီး၊ အစ်မကြီးတွေ မြန်မြန်စွံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
You may also like these stories:
ဒီသီတင်းကျွတ်မှာ စွံစရာ မျက်စိပဲရှိတယ်လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင်
ရေကျော်ပွဲဈေးက “ခင်ဝိုင်းချစ်”ဆိုင်မှာ ၅ ရက်လုံး စားပွဲထိုးအနေနဲ့ ရှိနေမယ့် အောင်ရဲထိုက်
သီတင်းကျွတ်ပိတ်ရက်မှာ ခရီးထွက်လို့ကောင်းတဲ့ ဒေသများ
သီတင်းကျွတ်ကာလ ရန်ကုန်မြို့မှာ လည်ပတ်စရာ ပွဲများ