ကမ္ဘာတဝန်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကို ကာကွယ်တဲ့နေရာမှာ လက်ကို သေသေချာချာနဲ့ ပုံမှန်ဆေးဖို့ဟာ အဓိကကျပါတယ်။ ကျန်းမာရေးဆိုင်ရာ ကပ်ရောဂါဖြစ်ပေါ်နေချိန်မှာ နာမည်ကျော် အနုပညာရှင်တွေဟာ သူတို့ရဲ့ တဦးချင်း နည်းပညာတွေကို ပြသဖို့ ဆိုရှယ်မီဒီယာကို အသုံးပြုလာပါတယ်။
အဆိုတော်၊ သရုပ်ဆောင် Selena Gomez ဟာ သူ့ရဲ့ ၁၇၁ သန်းရှိတဲ့ Follower တွေနဲ့အတူ Instagram မှာ #Safehandschallenge လုပ်ဆောင်နေတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။
https://www.instagram.com/p/B-A3PkSDOoU/?utm_source=ig_embed
အမေရိကန်စာရေးဆရာ Ariana Huffington ရဲ့ အဆိုပြုမှုကို ခံခဲ့ရပြီးတဲ့နောက် အဆိုတော် Gomez ဟာ သီးသန့် ခွဲခြားနေထိုင်နေတဲ့အိမ် လက်ဆေးကန်မှာ လက်ဆေးတဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ လက်ဝါး၊ လက်သန်းနဲ့ လက်ချောင်းတွေကို ၄၀ စက္ကန့်လောက် ပွတ်တိုက်ပြီး ကင်မရာရှေ့မှာ စကားစမြည် ပြောနေခဲ့တာ ဖြစ်ပါတယ်။
သူဟာ လက်ရှိမှာ အိမ်မှာ စောင့်ကြည့်ခံတဲ့အနေအထားနဲ့ နေထိုင်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲ့ဒါအပြီး သူဟာ လက်ကို ရေဆေးခဲ့ပြီး စက္ကူ လက်ကိုင်ပုဝါကို အသုံးပြုကာ ရေဘုံပိုင်ကို ပိတ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူ့လက်ကို အခြောက်ခံခဲ့ပါတယ်။
အဆိုတော် Gomez ဟာ အဲ့ဒီ Challenge အတွက် Olivia Wilde, Gigi Hadid နဲ့ Cardi B တို့ကို ဖိတ်ခေါ်အဆိုပြုခဲ့ပါတယ်။ အခုလိုမျိုး Challenge ကို သူက စိတ်ပါဝင်တစား ပါဝင်ခဲ့ပြီး အကအလှတွေနဲ့ ဆပ်ပြာတွေ အသုံးပြုကာ စိတ်ပါလက်ပါ လက်ဆေးနေတာကို ပြသတဲ့ ဗီဒီယိုကို တင်ခဲ့တာဖြစ်ပါတယ်။
သူက “ရုပ်မြင်သံကြားမှာ ဆရာဝန်တယောက်ကို ကြည့်ခဲ့တယ်။ ခွဲစိတ်ဆရာဝန်တွေက သူတို့ရဲ့လက်ကို ဘယ်လို ဆေးကြောတယ်ဆိုတာကို သင်ပေးတဲ့ တကယ့်ဆရာဝန်တွေ ရှိခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ကျမတို့ဟာ တကယ့်ကိုပဲ လက်ဆေးကြောဖို့ စိတ်အားထက်သန်သူတွေ ဖြစ်လာပါတယ်” လို့ ဆိုပါတယ်။
မင်းသမီး Margaret Qualley ဟာလည်း အဲ့ဒီ Challenge မှာ ပါဝင်လာခဲ့တဲ့ အနုပညာရှင်တဦးဖြစ်ပါတယ်။ လက်တွေကို ဆေးကြောသန့်စင်ခဲ့ပြီး မီးဖိုချောင်ထဲမှာ အကတွေကိုလည်း ကပြခဲ့ပါတယ်။ အဲ့ဒီနောက် မင်းသမီး Cara Delevingne ကို အဲ့ဒီ Challenge မှာပါဝင်ဖို့ အဆိုပြုခဲ့ပါတယ်။
အခုလိုမျိုး ကိုရိုနာကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ လူထုအနေနဲ့ လက်ကို စက္ကန့် ၂၀ ခန့်သေချာစွာ ဆေးကြောသန့်စင်ဖို့ အတွက် စိတ်ပါဝင်စားလာစေရေး ပြည်သူချစ် အနုပညာရှင်တွေက ဦးဆောင် ပြုလုပ်လာကြတာပဲဖြစ်ပါတယ်။
Ref:asiaone