ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို
ရောဂါပိုးသယ်ဆောင်သူတွေအဖြစ် လူမှုရေးဖိအား (Social Pressure) မပေးကြဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင် က ပြောပါတယ်။
ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး ဝင်ရောက်ခွင့်ပေးနေသလို လမ်းခရီးဒေသတွေမှာ ဆင်းကျန်ရစ်တာမျိုး မဖြစ်စေဖို့လည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ မူရင်းနေရပ်တွေဆီ ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အင်တာဗျူး – အောင်သီဟ
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း
#IRWLaborRights #အလုပ်သမားအခွင့်အရေး