Entertainment

ဒါရိုက်တာ Zack Snyder ရဲ့ “Justice League” ဗားရှင်းအသစ်မှာ Jared Leto ပါဝင်မည်

ဒါရိုက်တာ Zack Snyder ရဲ့ “Justice League” ဗားရှင်းအသစ်မှာ Joker အဖြစ် မင်းသား Jared Leto ပါဝင်လာမယ်လို့ သိရပါတယ်။ မင်းသားဟာ လင်းနို့လူသားရဲ့ ရန်သူတော်အဖြစ် သရုပ်ဆောင်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ မိသားစုပြဿနာတွေကောင့် အဲ့ဒီစူပါဟီးရိုးရုပ်ရှင်ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ မင်းသား Leto ကို ဒါရိုက်တာ Synder က ပြန်ခေါ်ခဲ့တာဖြစ်ပြီး Ben Affleck, Ray Fisher, Amber Heard တို့နဲ့အတူ ပါဝင်လာမှာ ဖြစ်ပြီး၊ သူပါဝင်လာမယ့် ဇာတ်ရုပ်ရဲ့ အရေးပါမှုကိုတော့ မသိရသေးပါဘူး။

Warner Bros. စတူဒီယိုက “Joker” ရုပ်ရှင်အတွက် မင်းသား Joaquin Phoenix ကို ငှားရမ်းခဲ့တဲ့အချိန်မှာ မင်းသား Leto ဟာ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ သိပါတယ်။ အခုတော့ မင်းသားဘက်ကရော၊ စတူဒီယိုဘက်ကပါ အခု “Justice League” ဗားရှင်းအသစ်မှာ ပြန်လည်ပါဝင်လာနိုင်ဖို့ ချောချောမွေ့မွေ့ ခွင့်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။

မင်းသားဟာ မကြာသေးခင်တုန်းကစလို့ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှုကို လုပ်ဆောင်ခဲ့တာကြောင့် အခုဇာတ်ရုပ်မှာ ပြန်လည်ပါဝင်လာဖို့ အခက်အခဲတော့ ရှိမှာ မဟုတ်ပါဘူး။

မကြာသေးခင်တုန်းကလည်း အသက် ၄၈ နှစ်အရွယ် မင်းသားဟာ သူ့ရဲ့ ဝတ်လစ်စလစ် နီးပါး ခန္ဓာကိုယ် ဓာတ်ပုံကို တင်ခဲ့ပါတယ်။ သူ့ရဲ့ ခိုင်မာတဲ့ ရင်ဘတ်ကြွက်သားပုံကို အဓိကထားပြီး ဓာတ်ပုံထဲမှာ မျက်နှာကို ဖြတ်ထုတ်ထားပါတယ်။ ဒါပေမဲ့ မျက်နှာပေါ်မှာ အရင်တုန်းက သူအရှည်ထားခဲ့တဲ့ အမွေးအမျှင်တွေကိုလည်း ရှင်းလင်းထားတာကို မြင်တွေ့နိုင်ပါတယ်။

“Justice League” ရုပ်ရှင်အကြောင်းပြောရမယ်ဆိုရင်တော့ ဒါရိုက်တာ Joss Whedon နေရာမှာ ဒါရိုက်တာ Synder ကို အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Whedon ရိုက်ကူးခဲ့တဲ့ ဗားရှင်းဟာ ဝင်ငွေဒေါ်လာ သန်း ၆၀၀ ကျော် ရရှိခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒါရိုက်တာ Synder ဖန်တီးထားတဲ့ ရုပ်ရှင်ကိုဖြန့်ချိဖို့ တောင်းဆိုခဲ့ကြပြီး #ReleaseTheSnyderCut ဆိုတဲ့ကမ်ပိန်းမှာ မင်းသား Affleck နဲ့အတူ မင်းသမီး Gal Gadot တို့က ထောက်ခံခဲ့ပါတယ်။

အခုနှစ် မေလမှာတော့ Snyder ဟာ ရုပ်ရှင်အတွက် သူ့ရဲ့ဗားရှင်းကို ပြီးစီးအောင် လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။ အထူးပြုလုပ်ချက်၊ တေးဂီတနဲ့ တည်းဖြတ်မှုပိုင်း အတွက် ဒေါ်လာ သန်း ၂၀ နဲ့ ၃၀ ကြားကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်မှာ မီနီစီးရီးအဖြစ် ဖြန့်ချိမှာဖြစ်ပြီး အပိုင်းတခုစီမှာ ၁ နာရီ ကြာမြင့်မယ်လို့ သိရပါတယ်။ Gadot, Henry Cavill, Ezra Miller နဲ့ Jason Momoa ရုပ်ရှင်အတွက် ပြန်လည် ရိုက်ကူးမှုမှာ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Ref: aceshowbiz

You may also like these stories:

ရုပ်ရှင်အသစ်မှာ ကလီယိုပတ်ထရာအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Gal Gadot

“The Batman” ရုပ်ရှင် ရိုက်ကူးရေး ပြန်စတင်ပြီ

“Aquaman 2” ရုပ်ရှင်ကို Horror ပုံစံ ရိုက်ကူးမည်

Loading