မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်းက တတိယလှိုင်း ၁ လအတွင်း အမြင့်ဆုံး အနေအထားကို ရောက်ရှိနေပြီး၊ ဇူလိုင်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ တရက်တည်း ကိုဗစ် ကူးစက်လူနာ ၃,၉၀၀ ကျော် တွေ့ရှိထားပါတယ်။
ကိုဗစ် တတိယလှိုင်းဟာ ကမ္ဘာ့နိုင်ငံအချို့မှာလည်း ကူးစက်မှု မြင့်တက်နေပြီး၊ ပထမလှိုင်း၊ ဒုတိယလှိုင်းတို့နဲ့ မတူတဲ့ ရောဂါ လက္ခဏာများကြောင့် COVID-19 ရောဂါကို အထူး ဂရုစိုက် ကာကွယ်နေကြရပါတယ်။
COVID-19 ကို ကာကွယ်ဖို့ Mask စနစ်တကျ တပ်ဖို့၊ မကြာခဏ လက်ဆေးဖို့ ကျန်းမာရေး ပညာရှင်များ၊ ဆရာဝန်များက တိုက်တွန်းထားကြပြီး၊ မြန်မာနိုင်ငံက အနုပညာရှင်များကလည်း ပြည်သူများကို ဂရုစိုက်ကြဖို့ အခုလိုပဲ လူမှုကွန်ရက်ကနေ တိုက်တွန်း ရေးသားထားကြပါတယ်။
သရုပ်ဆောင် အလင်းရောင်
“အခုဆိုရင် COVID-19 ရဲ့ အခြေအနေ ဆိုးလာပြန်ပြီမို့ အားလုံးအတွက် စိတ်ပူမိပါတယ်။ ဒီရောဂါကြီးရဲ့ အန္တရာယ်က ကင်းဝေးအောင် လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း သေချာ ဂရုစိုက်ပေးကြပါ ခင်ဗျာ။ အပြင်သွားတဲ့အခါမှာလည်း Mask ကို လုံခြုံအောင် တပ်ကြမယ်။ မကြာခဏ လက်ဆေးကြမယ်နော်။ အားလုံး ကျန်းမာပြီး ဘေးကင်းလို့ COVID-19 ရဲ့ အန္တရာယ်မှ ကင်းဝေးကြပါစေ”
အလှမယ် သူဇာဝင့်လွင်
“အပြင်သွားတိုင်း Mask သေချာတပ်ပြီး လက်ကို မကြာခဏ ဆေးကြပါနော်။ အားလုံး ကျန်းမာကြပါစေ”
သရုပ်ဆောင် အောင်မင်းခန့်
“ကပ်ရောဂါ ကင်းဝေးကြပါစေ။ ကျန်းမာကြပါစေ။ ဘေးရန်ကင်းပါစေ။ အသိတွေ တော်တော်များများဖြစ်နေတယ်။ မပေါ့ကြပါနဲ့နော်။ ပိုက်ဆံရှိလည်း မရဘူး။ အသိသတိနဲ့မှ ရမှာပါ။ သတိရှိမယ်ဆိုတာလည်း သိတယ်။ ထပ်ပြီး သတိပေးတာပါ။ အရမ်းစိတ်ပူလို့။ ဂရုစိုက်ပါနော်”
သရုပ်ဆောင် မေမီကိုကို
“ကိုဗစ်က တကယ် ဆိုးပါတယ်။ ကူးစက်မှုတွေ အရမ်းမြန်နေတယ်။ ရာသီတုပ်ကွေးချိန်ဆိုတော့ ပိုသတိထားကြပါနော်။ ကျနော့် ပတ်ဝန်းကျင်မှာတော့ ချောင်းလေးဟန့်ပြီး လည်ချောင်းနာပြီဆို ဆိုက်ကို ဖောက်နေကြပါပြီ (ကိုယ်တိုင် အပါအဝင်)”
“ဒါပေမဲ့ စိတ်ဓာတ် မကျအောင် နေကြပါနော် စိတ်ကျရင် ပိုဆိုးနိုင်ပါတယ်။ အားတင်းထားကြပါ။ ဂရုလည်း စိုက်ကြပါနော်။ အားလုံးကို စိတ်ပူမိပါတယ်။ အားလုံးလည်းပဲ ကျန်းမာ သက်ရှည်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်”
သရုပ်ဆောင် မြနှင်းရည်လွင်
“Covid ကို အထူးဂရုစိုက်ကြပါ။ သတိနဲ့သွား၊ သတိနဲ့လာ၊ သတိနဲ့နေပါ။ Mask အမြဲတပ်ပါ။ ဘယ်လိုနေထိုင် ကာကွယ်ရမလဲ ဆိုတာလည်း အားလုံးသိပြီးသား ဖြစ်မယ်ထင်လို့ ထပ်မရေးတော့ဘူး။ ကျန်းမာအောင် အထူးအသိကို သတိကပ်ပြီးနေပါ။ အာဏာရှင်ကိုလည်း ကိုယ်နိုင်သလို ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖီဆန်ကြပါ”
You may also like these stories:
ကိုဗစ်တတိယလှိုင်း ၁ လကျော်ကာလ ပိုးတွေ့မှု အမြင့်ဆုံး ရောက်လာ
ကိုဗစ်ကူးစက်မှု တရက်ထဲ လူ ၁၀၀၀ ကျော်အထိ ရှိလာ
စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်