လူတော်တော်များများဟာ သွားကျန်းမာရေးနဲ့ပက်သက်ပြီး ကြိုတင်ဂရုစိုက်ကြတာထက် ဖြစ်မှသာ ဂရုစိုက်တတ်ကြတာ များပါတယ်။ သွားကျန်းမာရေးဟာ အသက် အရွယ်မရွေး ဂရုစိုက်စောင့်ရှောက်ရမှာ ဖြစ်တာကြောင့် သွားကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်စေဖို့ သတိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သင်ဟာ အချိုစားရတာ နှစ်သက်သူ တဦးဆိုရင်တော့ သွားပိုးစားခြင်းမဖြစ်ရအောင် ချိုတဲ့အရသာရှိတဲ့ အစားအစာတွေ စားပြီးတိုင်း သွားတွေကို သန့်ရှင်းပေးသင့်ပါတယ်။
(၂) လေ့လာချက်တွေအရ သွားကို ပုံမှန် မတိုက်ခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါဖြစ်ပွားနိုင်ခြေများတယ်လို့ ဆိုပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားပိုးမွှားတွေဟာ သွေးတွင်းကနေတဆင့် ကိုလက်စထရော Level ကို မြင့်တက်စေပြီး နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
(၃) နောက်ဆုံးရ သုတေသနပြုချက်တွေအရ ခံတွင်းသန့်ရှင်းရေးကို သေချာစွာ မပြုလုပ်ခြင်းဟာ အရွယ် မတိုင်ခင် မှတ်ဉာဏ်ချို့ယွင်းခြင်းကို ဖြစ်နိုင်ခြေ မြင့်တက်စေတယ်လို့လည်း ဆိုပါတယ်။
(၄) သွားတိုက်တံနဲ့ သွားတိုက်ခြင်းဟာ သွားကြားထဲမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှား မပေးနိုင်တာကြောင့် သွားပွတ်ကြိုးတွေကို အသုံးပြုပြီး သန့်ရှင်းပေးသင့်ပါတယ်။
(၅) အစာစားပြီးတိုင်း ပလုပ်ကျင်းတဲ့အခါမှာ ရေနဲ့ ပလုပ်ကျင်းတာထက် ဆားရည်နဲ့ပလုပ်ကျင်းတာမျိုးနဲ့ ခံတွင်းသန့် ဆေးရည်နဲ့ ပလုပ်ကျင်းတာမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။
(၆) ခံတွင်းသန့်ရှင်ရေးမှာ နောက်ထပ် အရေးကြီးတာတခုကတော့ လျှာကိုပါ သန့်ရှင်းရေး ပြုလုပ်ပေးသင့်တာ ဖြစ်ပါတယ်။ ခံတွင်းအနံ့ဆိုးခြင်းဟာ သွားကို သေချာစွာ မတိုက်တဲ့အခါမျိုးတွေနဲ့ လျှာကို သန့်ရှင်းရေး မပြုလုပ်တဲ့အခါမျိုးတွေမှာ အများဆုံးဖြစ်ပေါ်တတ်တာ ဖြစ်ပါတယ်။
Ref ; www.rd.com