Health

ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်းဆုံး နိုင်ငံများ

နေ့စဉ် ဖြတ်သန်းနေရတဲ့ လူမှုဘဝမှာ ကျန်းမာရေးကဏ္ဍဟာ အလွန် အရေးကြီးပါတယ်။ လူတွေပြောလေ့ ရှိကြတဲ့ “စိတ်သွားတိုင်း ကိုယ်ပါ” ဆိုတဲ့ စကားဟာ ကျန်းမာရေးကို ရည်ညွှန်းတဲ့ စကားပါ။ ဒါကြောင့်လည်း နောက်ထပ် ရောက်လာမယ့် အနာဂတ်ဘဝမှာ ကျန်းမာရေးက အရေးကြီးသလို ပစ္စုပ္ပန်မှာလည်း ကျန်းမာအောင် နေထိုင်တတ်ဖို့ လိုအပ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကလည်း ကမ္ဘာကြီးဟာ အရင်ကထက်စာရင် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးတွေ မြင့်တက်လာတဲ့အတွက် လူတွေရဲ့ ပျမ်းမျှသက်တမ်းဟာလည်း ပိုတိုး လာတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အရည်အသွေးမြင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို လူတိုင်းခံစားရတာမျိုးတော့ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အပြည့်အဝ ခံစားရတဲ့ နိုင်ငံတွေကတော့ တဦးချင်း ဝင်ငွေမြင့်မားမှု အပေါ်မှာ အခြေခံနေပါတယ်။

“ပိုက်ဆံရှိရင် ကျန်းမာမယ်” လို့ လူတွေပြောလေ့ ရှိသလိုပါပဲ။ ပြောတဲ့အတိုင်းလည်း ပိုက်ဆံရှိမှသာ ကျန်းကျန်းမာမာ နေထိုင်နိုင်ပါလိမ့်မယ်။ အခုဖော်ပြပေးမယ့် နိုင်ငံတွေဟာလည်း တဦးချင်းဝင်ငွေ မြင့်မားတဲ့ နိုင်ငံတွေပါ။ လေ့လာဆန်းစစ်မှုတွေအရ အဲဒီနိုင်ငံတွေမှာ ကျန်းမာရေးအတွက် သုံးရတဲ့ စရိတ်က ကြီးမားသလို အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိုလည်း ရရှိကြတာ တွေ့ရပါတယ်။

နှစ်တိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စစ်တမ်းတွေကို ထုတ်ခဲ့ရာမှာ ဥရောပနိုင်ငံ အများစုက အကောင်းဆုံး ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်အတွက်လည်း ဥပရောပနိုင်ငံတွေကသာ နေရအများအပြား ယူထားပြီး အမေရိကန် ပြည်ထောင်စုကတော့ နံပါတ် ၁၉ နေရာမှာ ရှိနေပါတယ်။

ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေဟာ လူတွေကို ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပေမယ့် တချို့နိုင်ငံတွေကတော့ ကျန်းမာရေးအတွက် အစိုးရကို အားကိုးနေရပြီး အစိုးရကလည်း  ပြည်သူတွေ ပေးဆောင်ကြမယ့် အခွန်ကို အားကိုးအားထား ပြုနေရပါတယ်။ အချို့နိုင်ငံတွေကတော့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေကို အားကိုးနေရပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုလည်း ပါဝင်ပါတယ်။

အခုဖော်ပြပေးမယ့် စစ်တမ်းကတော့ နိုင်ငံပေါင်း ၈၀ က လူပေါင်း ၂၀,၀၀၀ ကျော်ကို မေးမြန်းပြီး ရလာတဲ့အဖြေတွေအပေါ်မှာ အခြေခံထားပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး နိုင်ငံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) ဖင်လန်နိုင်ငံ

(၂) နော်ဝေနိုင်ငံ

(၃) ဆွီဒင်နိုင်ငံ

(၄) ဆွစ်ဇာလန်နိုင်ငံ

(၅) ကနေဒါနိုင်ငံ

(၆) ဒိန်းမတ်နိုင်ငံ

(၇) ဂျာမနီနိုင်ငံ

(၈) နယ်သာလန်နိုင်ငံ

(၉) သြစတြေးလျနိုင်ငံနဲ့

(၁၀) အင်္ဂလန်နိုင်ငံတို့ ဖြစ်ပါတယ်။

Ref. www.usnews.com , fr.april-international.com

You may also like these stories:

ခန္ဓာကိုယ် ကျန်းမာရေးအတွက် မိုးရေရဲ့ အကျိုးပြုပုံများ

အအေးမိ၊ တုပ်ကွေး ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ ကြက်သွန်ဖြူ

မကြာခဏ ရေဆာရခြင်း အကြောင်းအရင်းများ

စိုစွတ်နေတဲ့ ဆံပင်နဲ့ အိပ်စက်တဲ့အခါ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ

Loading