ခန္ဓာကိုယ်ရဲ့ အရေးကြီး အစိတ်အပိုင်းတွေထဲမှာ အစာအိမ်ကလည်း တခုအပါအဝင်ဖြစ်ပြီး အစာအိမ် ကျန်းမာရေး ပြဿနာရှိသူတွေဟာ ပုံမှန်ထက်ပိပြီး အစားအသောက်ကို ဂရုစိုက်ရပါတယ်။ အစားအသောက် မဆင်ခြင်တဲ့အခါ အစာအိမ် ဝေဒနာတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ ရင်ပူရင်ဆာဖြစ်တာ၊ ပျို့အန်တာမျိုးတွေ ဖြစ်နိုင်တာကြောင့် ဘယ်လို အစားအစာတွေကို အဓိကထား ရှောင်ကြဉ်သင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(၁) နို့နဲ့ နို့ထွက်ပစ္စည်း
နို့်နဲ့နို့ထွက်ပစ္စည်းတွေဟာ အစာချေဖျက်ရခက်တဲ့ အစားအစာတမျိုး ဖြစ်တာကြောင့် အစာအိမ် ကျန်းမာရေးပြဿနာ ရှိသူတွေအနေနဲ့ ရှောင်ကြဉ်သင့်ပါတယ်။ ဝမ်းဖောဝမ်းရောင်ဖြစ်တာ၊ အစာအိမ်မှာ နာကျင်တာနဲ့ ပျို့အင့်တာမျိုး တွေကို ခံစားရနိုင်ပြီး နို့ထွက်ပစ္စည်းတွေထဲမှာ ဒိန်ချဉ်ကတော့ အစာချေဖျက်မှုစနစ်ကို အားပေးတာကြောင့် စားသုံးနိုင်ပါတယ်။
(၂) ချဉ်တဲ့အသီးအနှံတွေ
အချဉ်ဓာတ်ပါတဲ့ သံပရာ၊ လိမ္မော်တို့လို အသီးအနှံတွေမှာ အက်ဆစ်ဓာတ် ပါဝင်မှုများတာကြောင့် အစာအိမ်အချဉ် ပေါက်တာ၊ အစာအိမ်နာတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) ကဖင်းဓာတ် ပါဝင်တဲ့ အရည်တွေ
ကဖင်းဓာတ်လို့ပြောလိုက်ရင် ကော်ဖီ၊ လက်ဖက်ရည်အပြင် ဆိုဒါနဲ့ အားဖြည့်အချိုရည်တွေလည်း ပါဝင်ပါတယ်။ ဒါတွေဟာ အစာအိမ် ကျန်းမာရေး ပြဿနာကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး အစာအိမ် ရောင်ရမ်းမှုကိုလည်း ပိုမိုဖြစ်ပေါ်စေနိုင်ပါသေးတယ်။
(၄) အယ်လ်ကိုဟော
အယ်လ်ကိုဟော ပါဝင်တဲ့ အရက်၊ ဘီယာ သောက်သုံးမှုဟာဆိုရင်လည်း အစာအိမ်ဝေဒနာကို ပိုမိုဆိုးရွားစေတာကြောင့် အစာအိမ်ဝေဒနာ လတ်တလော ခံစားနေရတယ်ဆိုရင်တော့ ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။
(၅) စပ်လွန်းတဲ့ အစားအစာတွေ
အစာအိမ် ကျန်းမာရေး ပြဿနာရှိပြီ၊ အစာအိမ်ဝေဒနာ စတင်ခံစားရပြီဆိုတာနဲ့ ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ ရှောင်ကြဉ်ဖို့ကို ဆရာဝန်တွေက သတိပေးကြပြီး စပ်လွန်းတဲ့ အစားအစာတွေဟာ အစာအိမ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တရားလွန် နှိုးဆွပေးသလို ဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
Ref. www.everydayhealth.com