ဒီကနေ့ခေတ် ကာလမှာ လူအများအပြား Gym ကစားလေ့ ရှိကြပါတယ်။ တကမ္ဘာလုံးနီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားနေတဲ့အတွက် Gym ကစားတာကနေတဆင့် ဗိုင်းရပ်စ် ကူးစက်နိုင်ကြောင်း ဒေါက်တာ Norman Swan က ပြောကြားလိုက်ပါတယ်။
ကူးစက်နိုင်တဲ့ အကြောင်းကတော့ ချွေးထွက်များတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အားကစားရုံတွေဟာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်းကို မြင့်တက်လာစေတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာအဖြစ် သတ်မှတ်ထားပါတယ်။
အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ အားကစားရုံက အားကစားသမားတွေကို အဲဒီလိုနေရာတွေ ရှောင်ရှားဖို့ အကြံမပေးသေးပေမယ့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အားကစားပစ္စည်းတွေကနေ ဗိုင်းရပ်စ် ကူးစက်နိုင်တဲ့အတွက် ကူးစက်မှုနှုန်း ရုတ်တရက် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။
ဒေါက်တာ Jenna Macciochi ကလည်း အားကစားရုံလို နေရာမျိုးတွေဟာ လူထပ်တဲ့ နေရာဖြစ်သလို အားကစားပစ္စည်းတွေကို လူအများ အသုံးပြုတဲ့နေရာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုတ်တရက် ဗိုင်းရပ်စ် ကူးစက်မှုနှုန်းကို မြင့်တက်လာစေနိုင်ပါတယ်။ ဒါကြောင့် အားကစားရုံ အပါအဝင် လူထူထပ်တဲ့နေရာမျိုးတွေကို သွားလာတာမျိုး ရှောင်ကြဉ်သင့်ပါတယ်လို့ ပြောဆိုထားပါတယ်။
လူအများစုရဲ့နေ့စဉ်ဘဝမှာ Gym ကစားတာကလည်း အရေးပါတဲ့အရာ အဖြစ် တည်ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလာတဲ့ အချိန်မှာတော့ Gym ကစားခြင်းက ဗိုင်းရပ်စ်ကို ဖိတ်ခေါ်နေသလိုပါပဲ။ ဗိုင်းရပ်စ် ပျံ့နှံ့တယ်၊ မပျံ့နှံ့ဘူးဆိုတာက ကိုယ့်ရဲ့ကိုယ်ပိုင် အသိဉာဏ်နဲ့သာ သက်ဆိုင်တယ်လို့ ဒေါက်တာ Norman Swan က ပြောပါတယ်။
ဒေါက်တာ Norman Swan ဟာ ဆေးပညာရှင်တယောက်ဖြစ်သလို ဂျာနယ်လစ်တယောက်လည်း ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဒေါက်တာ Swan က “ကျနော် ဆိုလိုချင်တာက အားကစားရုံတွေကိုမသွားနဲ့လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ဂရုတစိုက် ရှိကြဖို့သာ ဆိုလိုချင်တာပါ”လို့ ပြောဆိုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ လူတဦးကနေ တဦးကို ကူးစက်လွယ်တဲ့ ရောဂါတမျိုးပါ။ ဒါကြောင့်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တယောက်ယောက် အသုံးပြုထားတဲ့ အားကစားပစ္စည်းတွေကို နောက်လူတယောက်က အသုံးပြုလိုက်တာနဲ့ ရောဂါကူးစက်နိုင်ပါတယ်လို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ အချက်အလက်တွေအရ အားကစားခန်းမတွေလည်း ပါဝင်တယ်လို့ ဒေါက်တာ Swan က ပြောပါတယ်။
Ref: news.sky
You may also like these stories:
လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့
အိပ်ရေးဝအောင် အိပ်စက်ခြင်းက Gym သွားတာထက် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်