စင်ကာပူနိုင်ငံအနေနဲ့ တရုတ်ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေကို ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ အရေအတွက် ပိုမိုများပြားလာနေတဲ့အတွက် အခုလို ပြည်ဝင်ခွင့် ယာယီ ဆိုင်းငံ့လိုက်ရတာပါ။
ဒီနေ့အချိန်ထိတော့ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁၈ ဦး ရှိနေပြီး အများစုဟာ ဝူဟန်မြို့ကနေ စင်ကာပူနိုင်ငံကို လာရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး လူသေဆုံးတဲ့အထိ ဖြစ်လာတဲ့အတွက် စင်ကာပူ အစိုးရအနေနဲ့ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အခုလို ပြည်ဝင်ခွင့် ယာယီ ဆိုင်းငံ့ထားလိုက်ရတာပါ။
စင်ကာပူအစိုးရအနေနဲ့ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်။ တရုတ် ခရီးသွားတွေအနေနဲ့ စင်ကာပူနိုင်ငံကို အများဆုံး လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။
စင်ကာပူ ခရီးသွားလာရေး လုပ်ငန်းဘုတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ တရုတ်ခရီးသွား အရေအတွက် ၂ သိန်းခွဲနီးပါး ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း စင်ကာပူနိုင်ငံရဲ့ ခရီးသွားလာရေး လုပ်ငန်းတွေမှာ တရုတ်ခရီးသွားတွေက အဓိကကျတဲ့ နေရာက ရှိနေပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာတော့ တရုတ်ပြည်မကြီးကနေ စင်ကာပူနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွားအရေအတွက်က ၃ ဒဿမ ၄၂ သန်း ရှိခဲ့ပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားနေချိန်မှာ နိုင်ငံတချို့က တရုတ်ခရီးသွား ဝင်ရောက်မှုကို ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။ အမေရိကန်၊ ကနေဒါ၊ ရုရှား၊ ဂျပန်၊ အီတလီ စတဲ့နိုင်ငံတွေမှာလည်း တရုတ်ခရီးသွား ဝင်ရောက်မှုကို ယာယီဆိုင်းငံ့ထားတာမျိုး လုပ်လာကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့လည်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာ ထားတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်အချိန်အထိ လူတွေကို ကူးစက်နေဦးမလဲ ဆိုတာ သေသေချာချာမသိရသေးပါဘူး။
Ref: bangkokpost
You may also like these stories:
မလေးရှားနဲ့ မကာအိုမှာ ဟူဘေးပြည်နယ်က တရုတ်ခရီးသွားတွေ ဝင်ရောက်မှု ယာယီပိတ်ပင်
တရုတ်ဗိုင်းရပ်ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာဘီလီယံများစွာ အထိနာ