• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

မလေးရှားနဲ့ မကာအိုမှာ ဟူဘေးပြည်နယ်က တရုတ်ခရီးသွားတွေ ဝင်ရောက်မှု ယာယီပိတ်ပင်

by ညီညီသူ
28 January 2020
in Travel
A A
တရုတ်ခရီးသွားများ

တရုတ်ခရီးသွားများ

11.8k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ်ဟာ အရှေ့တောင်အာရှနိုင်ငံတွေကိုလည်း ကူးစက်လာပါတယ်။ ကူးစက်ခံနေရတဲ့ နိုင်ငံထဲ မလေးရှားနိုင်ငံလည်း ပါဝင်ပါတယ်။ အခုချိန်ထိတော့ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရသူ စုစုပေါင်း ၄ ယောက်အထိ ရှိနေပါတယ်။

မလေးရှားအစိုးရအနေနဲ့ အရှေ့တောင်အာရှကို ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ ဝူဟန်မြို့နဲ့ ဟူဘေးပြည်နယ် တဝိုက်က တရုတ်လူမျိုးတွေကို ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်ထားလိုက်ပါတယ်။ အခုလို ပြည်ဝင်ခွင့် ယာယီပိတ်ပင်လိုက်ရတဲ့ အကြောင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူသေဆုံးမှုနှုန်းတွေ မြင့်တက်လာနေတာကြောင့်ပါ။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
408
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
829
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

ဇန်နဝါရီလ ၂၈ နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၀၆ ယောက်အထိ ရှိလာခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၄၅၀၀ ကျော်သွားခဲ့ပါပြီ။ ဒါကြောင့်လည်း မလေးရှားအစိုးရအနေနဲ့ ပြည်ဝင်ခွင့်ယာယီပိတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်တယ်လို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။

မလေးရှားအစိုးရအနေနဲ့ ရောဂါအန္တရာယ် ဘယ်လောက်အထိ ကြီးမားနိုင်ကြောင်းနဲ့ လူတွေကို အလွယ်တကူ ဘယ်လို ကူးစက်နိုင်သလဲဆိုတာ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအပြင် ထိုင်း၊ ဟောင်ကောင်၊ မကာအို၊ အမေရိကန်၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ထိုင်ဝမ်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ နီပေါ၊ ကနေဒါ၊ ကမ္ဘောဒီးယား၊ ဂျာမနီ၊ သီရိလင်္ကာနိုင်ငံကိုပါ ကူးစက်သွားခဲ့ပါပြီ။

တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ ဒီနေ့အချိန်ထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄,၅၁၉ ယောက် ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတော့ လူပေါင်း ၁၀၆ ယောက်အထိ သေဆုံးခဲ့ပြီဖြစ်ပယ့် ကျန်ဒေသတွေမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးတာမျိုး မရှိသေးပါဘူး။

မကာအို အစိုးရအနေနဲ့လည်း ဟူဘေးပြည်နယ်က လာရောက်မယ့် ခရီးသွားတွေကို ပိတ်ပင်ထားပါတယ်။ ဟူဘေးပြည်နယ်ကို သွားရောက် လည်ပတ်ခဲ့သူတွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံခဲ့ရကြောင်း သက်ဆိုင်ရာပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထောက်ခံချက် မပါရင် မကာအိုမြို့ကို ပေးမဝင်ဘူးလို့ သိရပါတယ်။

အခုဆိုရင် နိုင်ငံတချို့မှာ ဟူဘေးပြည်နယ်က လာရောက်ကြမယ့် တရုတ်ခရီးသွားတွေကို ကန့်သတ်မှုတွေ ပြုလုပ်နေတာမျိုး တွေ့လာရပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈ နိုင်ငံလောက်ကို ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်အချိန်လောက်မှ ထိန်းချုပ်လို့ရနိုင်မယ်ဆိုတာ ယတိပြတ် ပြောလို့ မရသေးပါဘူး။ နိုင်ငံတကာအနေနဲ့ ဒီဗိုင်းရပ်စ် ကူးစက် မခံရအောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားသင့်ပါတယ်။ ဒါမှလည်း ကိုယ့်နိုင်ငံတွေ ရောဂါကူးစက်မခံရအောင် စောင့်ရှောက်နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: Bangkokpost

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတွေရဲ့ ဝင်ငွေများစွာ ဆုံးရှုံးနေ

ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်

Your Thoughts …
Tags: တရုတ်ခရီးသွား ဝင်ရောက်မှုယာယီပိတ်ပင်
ညီညီသူ

ညီညီသူ

Similar Picks:

No Content Available
Next Post
တခါသုံး Mask တွေကတော့ ဗိုင်းရပ်စ်အန္တရာယ်ကို အပြည့်အဝ မကာကွယ်ပေးနိုင်ဘူးလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘယ်လို Mask မျိုး သုံးသင့်သလဲ

မော်ဒယ်၊ သရုပ်ဆောင် လီလီကျော်ခိုင်  / ချစ်ပိုး / ဧရာဝတီ

ရွှေကြိုဖြစ်ဖို့ အိပ်မက်ရှိတာကြောင့် ဒီနှစ်ရွှေကြို ဝင်ပြိုင်ဖြစ်တဲ့ လီလီကျော်ခိုင်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate