တရုတ်နိုင်ငံကစတင်ဖြစ်ပွားခဲ့တဲ့ကိုရိုနာ COVID-19 ကြောင့် တချိန်ကစည်ကားခဲ့တဲ့နေရာတွေ ဟာ အခုအချိန်မှာတော့ တိတ်ဆိတ်ခြောက်ကပ်လို့ နေပါတယ်။
ရောဂါစတင်ဖြစ်ပွားပြီး သိပ်မကြာ ခင်ကာလအတွင်းမှာပဲ တတမ္ဘာလုံးနီးပါး ရောဂါကူးစက်ခံခဲ့ရပါတယ်။ နိုင်ငံတကာမှာလည်း ပြည်ဝင်ခွင့်တွေကန့်သတ်လိုက်သလို မြို့တော်တော်များများမှာလည်း သွားလာခွင့်တွေ ကန့်သတ်လိုက်ပါတယ်။ တချိန်က ခရီးသွားတွေကြား ရေပန်းစားခဲ့တဲ့နေရာတွေဟာ အခုချိန်မှာတော့ လူသွားလူလာမရှိသလောက်ဖြစ်နေပါ ပြီ။
နောက်ဆုံးထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင်တော့ ကမ္ဘာမှာ လူပေါင်း ၁၉၉၀၅၄ ယောက် ရောဂါ ကူးစက်ခံထားရပြီး ၇၉၉၂ ယောက်သေဆုံးခဲ့ပြီလို့ သိရပါတယ်။ လူပေါင်း ၈၂၇၇၉ ယောက်က တော့ ပြန်လည်နလန်ထူနိုင်ခဲ့ပါတယ်။ သေဆုံးမှုအမြင့်ဆုံးနိုင်ငံတွေကတော့ တရုတ် ၊ အီတလီ ၊ အီရန် ၊ စပိန် ၊ ပြင်သစ် ၊ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံပါပဲ။ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံ နေရသူ မတွေ့ရသေးပေမယ့် သံသယလူနာ ၊ ဓာတ်ခွဲခန်းအဖြေ စောင့်နေတဲ့လူနာတွေတော့ ရှိလာနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားရပါတယ်။ နေ့စဉ်ဆိုသလို လည်း ရောဂါကူးစက်ခံရမှုနှုန်းနဲ့ လူသေဆုံးမှုနှုန်းက မြင့်တက်လာနေပါတယ်။ ဒါကြောင့်လည်း ပြင်သစ်ကLouvre ပြတိုက်လို နေရာမျိုးတွေ ၊ Disneyland လိုနေရာမျိုးတွေကို ပိတ်ထား ရပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြင်းထန်တဲ့ ကန့်သတ်မှုတွေပြုလုပ်လာပါတယ်။
ဥရောပမှာ အိမ်ကနေအပြင်ထွက်လာသူတိုင်း ဘာကြောင့်ထွက်လာတယ်ဆိုတဲ့ ရှင်းပြတဲ့စာ ယူဆောင်လာရမှာ ဖြစ်ပြီး လိုက်နာဖို့ပျက်ကွက်တယ်ဆိုရင်တော့ ၁၂၅ ယူရိုဒဏ်ရိုက်မယ်လို့ သိရပါတယ်။ အကြောင်း ကိစ္စကြီးငယ်မရှိဘဲ လုံးဝအပြင်ထွက်ခွင့် မရှိတော့ပါဘူး။
ယူရို ၂၀၂၀ ဘောလုံးပွဲကိုလည်း တနှစ်ရွှေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ နောက်နှစ်မှသာ ဒီဘောလုံးပွဲကို ပြန်လည်ကျင်းပတော့မယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဥရောပနိုင်ငံတွေ မှာ ပိုပြီးကူးစက်မြန်နေပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာအစိုးရက သတိကြီးကြီးထားပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref:travelandleisure,bbc
You may also like these stories:
အင်ဒိုနီးရှားအစိုးရက နိုင်ငံအချို့ကို ပြည်ဝင်ခွင့်ကန့်သတ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီးယူနိုင်ငံတွေကို ခရီးသွား ဝင်ရောက်မှု ယာယီပိတ်ပင်
ကိုရိုနာကြောင့် ကမ္ဘောဒီးယားမှာ နိုင်ငံ ၅ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်