အိမ်ထောင်ပြုပြီးတဲ့ လင်မယားတွေမှာ ကလေးယူမယ်လို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ဘဝက တဆစ်ချိုးထပ်မံ ပြောင်းလဲတော့မယ်ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ ကိုယ်ဝန်ဆောင်ဓာတ်ပုံတွေ ရိုက်ကြပါတယ်။
ပရောဖက်ရှင်နယ်ဓာတ်ပုံ ဆရာတယောက်ဖြစ်တဲ့ Chris Urena ဟာ သူ့မိန်းမ ကိုယ်ဝန်ရှိပြီးတဲ့ နောက်မှာ ကိုယ်ဝန်ဆောင်အမှတ်တရ ရိုက်ချင်လာပါတယ်။ ဒါပေမယ့် ခက်တာကတော့ သူ့မိန်းမက ကင်မရာရှက်တတ်တာ ဖြစ်ပါတယ်။ သူဟာ သူ့မိန်းမကို နေ့တိုင်း ကိုယ်ဝန်ဆောင် ဓာတ်ပုံရိုက်ဖို့ မေးနေပေမယ့် သူ့မိန်းမက မရိုက်ဘူးဘဲ ငြင်းနေတာကြောင့် သူကိုယ်တိုင်ပဲ ကိုယ်ဝန်ဆောင်အမှတ်တရဓာတ်ပုံ ရိုက်ဖို့ ဖြစ်လာပါတော့တယ်။
သူဟာ ယခင်က သူ့သူငယ်ချင်းတွေကို ဒီလို အကြံမျိုးပေးဖူးပေမယ့် တကယ်တမ်းလက်တွေ့မှာ သူကိုယ်တိုင်ရိုက်ခဲ့ရတာ ဖြစ်ပါတယ်။ သူရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ Nilo Hodge, Kalief Robinson နဲ့ Agustine Rivera တို့က ရိုက်ကူးပေးခဲ့ပါတယ်။
ဒီဓာတ်ပုံရိုက်ကူးတဲ့ ရိုက်ကွင်းဟာ အရမ်းပျော်ဖို့ကောင်းပြီး သူ့သူငယ်ချင်းတွေကိုလည်း ရိုက်ဖို့ Challenge တွေ လုပ်ခဲ့ပြီး သူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
Chris ရဲ့ အမျိုးသမီးဖြစ်တဲ့ ကိုယ်ဝန်ဆောင်သည်ကတော့ ဒီဓာတ်ပုံတွေကို တွေ့တွေ့ချင်း ရူးသွပ်တယ် လို့ ပြောခဲ့ပေမယ့် သိပ်မကြာခင်မှာ သူမဟာ ရီမောခဲ့ပါတယ်။ Chris ကတော့ ဒီဓာတ်ပုံတွေကို သူရိုက်ခဲ့တာဟာ လူတွေကို ပျော်ရွှင်ဖို့ ရည်ရွယ်ချက်တွေ အပြင် သူ့မိန်းမအတွက် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ လင်မယားဟာ ကလေးရဖို့ ကြိုးစားနေတာ ၂ နှစ်ရှိပြီ ဖြစ်ပြီး အခုမှ ကလေးရတဲ့ အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။ လူမှုကွန်ရက်မှာတော့ သူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို လူတွေက အပြုသဘောဆောင်တဲ့ အားပေးမှုတွေ ရှိခဲ့ပါတယ်။
Ref;awkward.com