ကိုရိုနာဗိုင်းရပ်ကို ကြောက်ရွံ့ပြီး ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူကို လက်နက်ကိုင် လုယက်
အဆုတ်ရောင်ရောဂါ အသစ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်ရွံ့နေတဲ့ ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူများကို လက်နက်ကိုင်ပြီး လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကို ကြောက်ရွံ့တဲ့ ပြည်သူတွေကြောင့် အိမ်သာသုံးစက္ကူတွေဟာ ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်နေပါတယ်။
ဓားကိုင်အမျိုးသားအုပ်စုဟာ Mong Kok အရပ်ရှိ စူပါမတ်ကတ်တခု အပြင်ဘက်မှာ ပစ္စည်းပို့ဆောင်သူတဦးထံက အိမ်သာသုံးစက္ကူတွေကို လုယက်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီလုယက်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ လုယက်သွားတဲ့ အိမ်သာသုံးစက္ကူလိပ် အချို့ကို ပြန်ရခဲ့ကြောင်း ဟောင်ကောင်သတင်းဌာနတွေက ပြောပါတယ်။
အိမ်သာသုံးစက္ကူလိပ်တွေ လုယက်မှုဖြစ်ပွားခဲ့တဲ့ Mong Kok အရပ်ဟာ ဟောင်ကောင်မှာ လျှို့ဝှက်ရာဇဝတ်ဂိုဏ်းများ ကျင်လည်ကျက်စားခဲ့ကြတဲ့ နေရာတစ်ခုအဖြစ် သမိုင်းကြောင်းရှိခဲ့တယ်လို့ သိရပါတယ်။ ဟောင်ကောင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ လုယက်သူတွေက Wellcome စူပါမတ်ကက်အပြင်ဘက်မှာ ပစ္စည်းပို့ဝန်ထမ်းကို ခြိမ်းခြောက်ခဲ့ပြီး အိမ်သာသုံးစက္ကူလိပ်တွေကို ယူဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဟောင်ကောင်အခြေစိုက်သတင်းစာများ
ဟောင်ကောင်မှာ အစားအစာနဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို
ဟောင်ကောင်မှာ အခြား အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ခေါက်ဆွဲခြောက်နဲ့ သန့်ရှင်းရေးပစ္စည်းတွေကိုလည်း ဗိုင်းရပ်စ်စိုးရိမ်ကြောက်လန့်
Ref. BBC , AFP