လက်ရှိ ကမ္ဘာတဝှမ်းမှာ COVID-19 ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ ၁ သန်းကျော်ပြီလို့ သိရပါတယ်။ ရောဂါကူးစက်ခံရပြီး သေဆုံးသူ အရေအတွက်ဟာ ၅၈,၀၀၀ ကျော် ရှိပြီး ဒါဟာ ၁၀ နှစ်ကျော်ဖြစ်ခဲ့တဲ့ အမေရိကန် – ဗီယက်နမ် စစ်အတွင်း သေဆုံးခဲ့တဲ့ စစ်သားဦးရေထက် ပိုများနေပြီလို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
ရောဂါကူးစက်မှုနှုန်းတွေ မြင့်တက်နေပေမယ့် ပြည်နယ်အချို့မှာတော့ စီးပွားရေးလုပ်ငန်းများကို ပြန်လည် လုပ်ဆောင်ခွင့် ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတထရမ့်နဲ့ အာဏာရပါတီကို မကျေမနပ်ဖြစ်နေကြသူများလည်း ရှိပါတယ်။ တချို့သော အမေရိကန်များကတော့ နေအိမ်အတွင်း ရောဂါခြေချုပ်နဲ့ နေထိုင်ခြင်းကို လူ့အခွင့်အရေး ပိတ်ပင်ခံရတယ်လို့ ယူဆပြီး ဆန္ဒပြမှုတွေ ရှိနေပါတယ်။
ဧပြီလ ၂၈ ရက်နေ့မှာ ကူးစက်ခံရသူ ၁ သန်း ကျော်သွားခဲ့ပြီး ၁၈ ရက်အတွင်း ကူးစက်သူ ၂ ဆ တိုးမြင့်လာတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် အစစ်အမှန်ဟာ အတည်ပြုထားမှုထက် ပိုများနိုင်ကြောင်း၊ လေ့ကျင့်ထားတဲ့ ဝန်ထမ်းနဲ့ စစ်ဆေးရေး ကိရိယာ မလုံလောက်မှုတို့ကြောင့် ကူးစက်ခံရမှု အများအပြားဟာ စာရင်းမဝင်ခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ဆိုပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံမှု အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ နယူးယောက်ပြည်နယ်မှာ ဖြစ်ပွားနေပြီး ကူးစက်မှု ဗဟိုချက်နေရာ ဖြစ်ပါတယ်။ နယူးယောက်ရဲ့ နောက်မှာတော့ နယူးဂျာစီ၊ မက်ဆာချူးဆက်၊ ကယ်လီဖိုးနီးယားနဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေမှာ ကူးစက်မှု အများဆုံးလို့ သိရပါတယ်။
Ref. CNN
You may also like these stories:
ပြည်သူများကို စိတ်ရှည်ကြဖို့ ထိုင်းဝန်ကြီးချုပ် မေတ္တာရပ်ခံ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ၆ လအရွယ် ကလေးငယ်ရဲ့ အခြေအနေ
ထိုင်းတွင် Lockdown အချိန် ထပ်တိုးမည်