ကမ္ဘာ့အနှံ့ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ကာလအတွင်း စားသောက်ဆိုင်တွေမှာ သွားထိုင်စားရတဲ့အချိန်တွေ ကို ပြန်တမ်းတမိနေပြီဆိုရင် ဒါဟာ သင်တယောက်တည်းမဟုတ်ပါဘူး။ ဒီလို စားသောက်ဆိုင်မှာ ထိုင်စားပြီး အချိန်ဖြုန်းချင်သူတွေအတွက် နယ်သာလန်နိုင်ငံက စားသောက်ဆိုင်တဆိုင်က အဆင်ပြေအောင် ဖန်တီးပေး ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း လေးသောင်းကျော်ရှိခဲ့ပြီး သေဆုံးသူ ငါးထောင်ကျော်ထိ ရှိတဲ့ နယ်သာလန်နိုင်ငံမှာ အခုတော့ တားမြစ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလာပါပြီ။ ဒီထဲကမှ မြို့တော် အမ်စတာဒမ် မှာ Social distancing စည်းကမ်းအတိုင်း လိုက်နာပြီး ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တဆိုင် ရှိပါတယ်။
လာရောက်စားသောက်သူတွေဟာ ကိုယ်ပိုင် Quarantine Greenhouse လို့ခေါ်တဲ့ မှန်လုံအိမ်ခန်းလေးထဲမှာ စားသောက်ရမှာဖြစ်ပါတယ်။ ဒါဟာ COVID-19 ကာလအတွင်း ဖြစ်ပေါ်လာတဲ့ အိုင်ဒီယာအသစ်နဲ့ တီထွင်ထား တဲ့ ပုံစံအသစ်ပါ။
Mediamatic ETEN စားသောက်ဆိုင်မှာ ညစာအတွက် သက်သတ်လွတ်အစားအစာတွေကို ကိုယ်ပိုင်မှန်လုံခန်းတွေကနေ မှာယူစားသောက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အစမ်းကာလအဖြစ် ဆိုင်ဝန်ထမ်း တွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုပဲ လာရောက်စားသောက်ခွင့်ပြုထားပြီး နောက်ပိုင်း လာရောက်စားသောက်မယ့်ဧည့်သည်တွေ ကြိုတင်ဘိုကင်တွေလည်း ကုန်သွားပြီလို့ ဆိုင်ရဲ့ Website မှာ ဖော်ပြ ထားပါတယ်။
“အရမ်းကို သက်သောင့်သက်သာရှိပါတယ်။ အရမ်းမိုက်တယ်။ အစားအသောက်တွေကလည်း အကုန်အရသာ ရှိတယ်” လို့ ဆိုင်မှာ သွားစားဖူးတဲ့ Janita Vermeulen က ဆိုပါတယ်။ ခုချိန်မှာတော့ နယ်သာလန်နိုင်ငံမှာ ကန့်သတ်ထိန်းချုပ်မှု တွေကို စတင်ဖြေလျော့ပေးနေပြီမို့ အဆိုပါစားသောက်ဆိုင်မျိုးတွေလည်း ဖွင့်လှစ်လာ နိုင်ပါပြီ။
ဆိုင်မှာ ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းတွေကလည်း အကာအကွယ် မျက်နှာဖုံးတွေ၊ လက်အိတ်တွေ ဝတ်ဆင် ထားမှာဖြစ်လို့ ရောဂါမကူးစက်အောင် အပြည့်အဝကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မှာယူထားတဲ့ အစားအသောက်တွေကို ကိုယ်ပိုင်မှန်လုံအိမ်ခန်းထဲထိ လာရောက်ဝန်ဆောင်မှုပေးမှာလည်း ဖြစ်ပါတယ်။
COVID-19 အများဆုံးကူးစက်ခံနေရတဲ့ အမေရိကန်နိုင်ငံမှာလည်း ပြည်နယ်တဝက်လောက်မှာ ဆိုင်တွေပြန်ဖွင့် ဖို့ စီစဉ်နေပါပြီ။ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာကတော့ ပြန်ဖွင့်မယ့် စားသောက်ဆိုင်တွေကို တခါသုံး ပစ္စည်းတွေ အသုံးပြုကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Ref: edition.cnn
You may also like these stories:
COVID – 19 ရောဂါပိုး မထိန်းချုပ်နိုင်မီ မပေါ့ဆကြဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး
သြစတြေးလျမှာ ကိုဗစ် ကူးစက်မှုကို ဖုန်းကတဆင့် ခြေရာခံနိုင်မယ့် App အသုံးပြု
“The Simpsons” ကာတွန်းစီးရီးမှာ ကိုဗစ်နဲ့ အလားတူ ရောဂါမျိုး ခန့်မှန်းမှု ပါဝင်