အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံပြီးရင် အင်ဒိုနီးရှားနိုင်ငံက ဒုတိယမြောက် COVID-19 ကူးစက်မှုနှုန်း အများဆုံးနိုင်ငံပါပဲ။ စင်ကာပူနိုင်ငံဟာ ကူးစက်မှုနှုန်းများပေမယ့် သေဆုံးသူအရေအတွက်ကတော့ ၂၅ ယောက်သာ ရှိခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကူးစက်သူ အရေအတွက်မြင့်မားသလို လူသေဆုံးမှုနှုန်းလည်း များပြားနေတဲ့နိုင်ငံတနိုင်ငံပါ။ လက်ရှိအချိန်အထိတော့ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် ၁၈၅၁ ယောက်အထိ ရှိသွားခဲ့ပါပြီ။
ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါ ကူးစက်ခံနေရသူပေါင်း ၃၁,၁၈၆ ယောက်အထိ ရှိနေခဲ့ပါပြီ။ အာရှနိုင်ငံတွေထဲမှာဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံဟာ ရောဂါ ကူးစက်မှု အဆင့် ၁၂ နေရာမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါကူးစက်သူ ၉၉၃ ယောက်အထိ ရှိခဲ့ပါတယ်။ COVID-19 အရေးနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Achmad Yurianto ကလည်း ကလည်း နေ့စဉ်ဆိုသလို ရောဂါကူးစက်သူ အရေအတွက် မြင့်မားနေကြောင်း ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စီးပွားရေးအင်အားကြီးတဲ့ နိုင်ငံတနိုင်ငံပါ။ ရောဂါကူးစက်သူ အရေအတွက် မြင့်မားလာနေပေမယ့် စီးပွားရေးလုပ်ငန်တွေ ပြန်လည်ပတ်နိုင်အောင် ကန့်သတ်ချက်တချို့ကို ရုတ်သိမ်းပေးသွားမယ်လို့ သိရပါတယ်။ မြို့တော် ဂျကာတာမှာဆိုရင်လည်း ဇွန်လ ၈ ရက်နေ့ကစတင်ပြီး စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ အစိုးရရုံးတွေ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
နိုင်ငံအလိုက် ပျံ့နှံ့မှုအရဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံက အဆင့် ၃၃ နေရာမှာ ရှိနေပါတယ်။ ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်အရကမ္ဘာတဝှမ်း ရောဂါ ကူးစက်ခံနေရသူပေါင်း ၇ သန်းကျော်အထိ ရှိနေပြီး သေဆုံးသူပေါင်း ၄ သိန်းကျော်အထိ ရှိသွားခဲ့ပါပြီ။
ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ အရေအတွက်ကတော့ ၃ သန်းကျော် ရှိသွားပြီလို့ သိရပါတယ်။ ကူးစက်မှု အများဆုံးနိုင်ငံကတော့ အမေရိကန်ဖြစ်ပြီး လူ ၂ သန်းကျော် ရောဂါကူးစက်ခံရပြီး ၁ သိန်းကျော်သေဆုံးခဲ့ရပါတယ်။ ဒုတိယကူးစက်မှု အများဆုံးနိုင်ငံကတော့ ဘရာဇီးနိုင်ငံဖြစ်ပြီး ရုရှား၊ ဗြိတိန်၊ အိန္ဒိယ၊ စပိန်နိုင်ငံတို့က အစဉ်အလိုက် ရပ်တည်နေပါတယ်။
Ref:bloomberg
You may also like these stories:
COVID-19 ကို တိုက်ထုတ်နိုင်မယ့် နည်းလမ်း တရုတ် မျှဝေ
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုကနေ လူဦးရေ ၁ သိန်းကျော် ပြန်လည်သက်သာ