Trend

အီတလီကမ်းခြေက သဲခိုးယူခဲ့တဲ့ ပြင်သစ်ခရီးသွား ဒဏ်ငွေရိုက်ခံရ

Want create site? Find Free WordPress Themes and plugins.

သဘာဝအလှအပကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ နိုင်ငံအသီးသီးမှာ သီးခြားသတ်မှတ်ထားတဲ့ ဥပဒေတွေ ရှိပါတယ်။ အီတလီနိုင်ငံကတော့ ကမ်းခြေက သဲတွေကို သယ်ဆောင်ခွင့် မပြုပါဘူး။ ဒေသတွင်း ကမ်းခြေက သဲတွေကို သယ်ဆောင်သူတွေဟာ ဒဏ်ငွေ ရိုက်ခံရနိုင်သလို အခန့်မသင့်ရင် ထောင်ကျနိုင်တဲ့အထိ အပြစ်ကြီးပါတယ်။

အီတလီနိုင်ငံ၊ ဆာဒီးနီးယားကမ်းခြေကို လာရောက် လည်ပတ်နေတဲ့ ပြင်သစ်ခရီးသွား တယောက်ဟာ ကမ်းခြေကသဲတွေကို ခရီးဆောင်အိတ်ထဲ ထည့်ပြီး ခိုးယူဖို့ ကြိုးစားခဲ့ပါတယ်။ တာဝန်ရှိသူတွေ ဖမ်းမိသွားချိန်မှာတော့ ကမ်းခြေက သဲတွေကို အခွင့်မရှိဘဲ သယ်ယူဖို့ ကြိုးစားခဲ့တဲ့အတွက် ယူရို ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၀၀ နီးပါး) ဒဏ်ရိုက်ခံခဲ့ရပါတယ်။

ကမ်းခြေက ခိုးယူဖို့ ကြိုးစားခဲ့တဲ့ထဲမှာ သဲအပြင် ကျောက်စရစ်ခဲတွေလည်း ပါဝင်ပါတယ်။ အီတလီနိုင်ငံ အာဏာပိုင်တွေအနေနဲ့ ကမ်းခြေက အဖြူရောင်သဲတွေကို ကာကွယ်ပေးထားပါတယ်။ ဒါကြောင့်လည်း ဒေသတွင်း ကမ်းခြေက အဖြူရောင်သဲနဲ့ ကျောက်စရစ်ခဲ သယ်ဆောင်သူတွေကို ဒဏ်ငွေအပြင် ထောင်ဒဏ်ချမှတ်ဖို့ သတ်မှတ်ထားပါတယ်။

အဆိုပါ ပြင်သစ်ခရီးသွား အမျိုးသားရဲ့ နာမည်ကိုတော့ အီတလီ အာဏာပိုင်တွေက ဖော်ပြထားခြင်း မရှိပါဘူး။ ပြင်သစ်ခရီးသွားဟာ ဆာဒီးနီးယားကမ်းခြေက သဲ ၄ ဒသမ ၄ ပေါင် သယ်ဆောင်လာခဲ့ပြီး Cagliari Elmas လေဆိပ်မှာ စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကစပြီး ဆာဒီးနီးယားကမ်းခြေမှာ ကမ်းခြေက သဲတွေကို တရားမဝင် သယ်ဆောင်ခွင့် မပြု တဲ့ ဥပဒေ စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒေသတွင်း တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သယ်ဆောင်လာတဲ့ သဲပမာဏ၊ သယ်ဆောင်လာခဲ့တဲ့ နေရာပေါ် မူတည်ပြီး ဒဏ်ငွေအဖြစ် ယူရို ၅၀၀ ကနေ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၀ ကနေ ၃၅၅၀)အထိ ပေးဆောင်ဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း ကမ်းခြေကနေ တရားမဝင် သယ်ဆောင်သွားတဲ့ သဲတွေကို ဝက်ဘ်ဆိုက် တခုမှာ ရောင်းချနေတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ ဆာဒီးနီးယားကမ်းခြေက ပြောခွင့်ရပုဂ္ဂိုလ် သစ်တောဝန်ထမ်းက ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး သစ်တောဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေ ပူးပေါင်းပြီး ကမ်းခြေမှာ တင်းကျပ်မှုတွေ ပိုမိုပြုလုပ်ခဲ့တယ်လို့ အဆိုပါ သစ်တောဝန်ထမ်းက ပြောပါ တယ်။

၂၀၁၉ ခုနှစ်မှာတော့ သဲ ၉၉ ပေါင် ခိုးယူခဲ့တဲ့ ပြင်သစ်ခရီးသွား ဇနီးမောင်နှံကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သလို ၂၀၁၈ ခုနှစ်ကလည်း သဲခိုးယူ သယ်ဆောင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသားတယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော် ဒဏ်ငွေရိုက်ခဲ့တယ်လို့ သိရပါတယ်။

Ref: CNN

You may also like these stories:

ကိုဗစ် ကူးစက်မှု ရှိနေသေးရင်တောင် တိုကျိုအိုလံပစ်ကို ၂၀၂၁ မှာ ကျင်းပမည်

စက်တင်ဘာ ၁၂ ကစပြီး အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်ခွင့်ပြု

လက်ဘနွန်မှာ ဘေရွတ်ပေါက်ကွဲမှု ၁ လပြည့် ဆုတောင်းပွဲ ကျင်းပ

Did you find apk for android? You can find new Free Android Games and apps.
Loading