အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေဟာ နေပြည်တော်မှာရှိတဲ့ နေအိမ်မှာ ကျန်းကျန်းမာမာ အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနဲ့ တပ်ကို နောက်ကွယ်က ကြိုးကိုင်နေတယ်ဆိုတဲ့ ပြောဆိုချက်များ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင်အုတ်မြစ်ချပေးခဲ့တဲ့ လက်ရှိ နိုင်ငံရေးစနစ်ကို မျက်ကွယ်ပြုမထားဘူးလို့ အခါအားလျော်စွာ ဦးသန်းရွှေဆီ သွားရောက် လည်ပတ်လေ့ရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ဧရာဝတီသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။