• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုကာကိုလာက မြန်မာအမျိုးသမီးများ အလုပ်အကိုင်အတွက် ဒေါ်လာ ၃ သန်း ကူမည်

by လင်းသန့်
16 June 2012
in သတင်း
A A
ကိုကာကိုလာက မြန်မာအမျိုးသမီးများ အလုပ်အကိုင်အတွက် ဒေါ်လာ ၃ သန်း ကူမည်

ထိုင်းနိုင်ငံတွင် တွေ့ရသော ကိုကာကိုလာ ဖြန့်ချိရောင်းချရေး ကားတစီး (ဓာတ်ပုံ - Wikimedia)

5.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည် ရင်းနှီးမြှုပ်နှံမည့် ကိုကာကိုလာကုမ္ပဏီက မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း အတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့မည်ဟု သိရှိရသည်။

ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် ကုမ္ပဏီကြီးတခုဖြစ်သည့် ကိုကာကိုလာသည် လာမည့် ၂ နှစ် ၃ နှစ်အတွင်း မြန်မာနိုင်ငံ၌ စတင် လည်ပတ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
24
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
53
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
289

သမ္မတ ဦးသိန်စိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် ဘဏ္ဍာရေး ကန့်သတ်ပိတ်ပင်မှုများ၊ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များ ပါဝင်သည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ဖြေလှျှော့ပေးလိုက်ပြီးနောက် ကိုကာကိုလာ၏ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ကမ္ဘာတဝန်း လူသားနှင့် အလုပ်ခွင်ဆိုင်ရာ အခွင့်အရေးမူဝါဒ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒတို့ကို ကိုကာကိုလာကုမ္ပဏီ အနေဖြင့် တင်းတင်းကြပ်ကြပ် လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ကုမ္ပဏီအနေနှင့် အစဉ်ကိုင်စွဲလာသည့် လူမှုဘဝပံ့ပိုးမှု အကူအညီမူဝါဒများကို အစိုးရမဟုတ်သော NGO အဖွဲ့ကဲ့သို့ Coco-Cola Foundation အဖြစ်လည်း လည်ပတ်ပြီး ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ အစားအသောက် လုံခြုံစိတ်ချရေးများအတွက် ကူညီနေသည့် Pact နှင့် ဒွန်တွဲကာ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော WORTH ၏ အစီအစဉ်များကို ပံ့ပိုးမည်ဟု ကြေညာချက်က ဆိုသည်။

WORTH အစီအစဉ်၏ အစီအစဉ်တွင် အမျိုးသမီး ၂၀ မှ ၂၅ ဦး တစု စုဖွဲ့ထားသည့် အစုအဖွဲ့များကို ရာနှင့်ချီသော ရပ်ကွက်၊ ကျေးရွာများတွင်စုဖွဲ့ပြီး စီးပွားရေး စွန့်ဦးဖန်တီး လုပ်ငန်းလုပ်ကိုင်လိုသူများအား ချေးငွေထုတ်ပေးသည့် ငွေချေး ဘဏ်ငယ်ကလေးများ တည်ထောင်ပေးခြင်းလည်း ပါဝင်သည်။

“ကိုကာကိုလာ ကုမ္ပဏီဟာ ကမ္ဘာတဝန်းက ပြောင်းလဲ တိုးတက်မှုဖြစ်စဉ်တွေကို အချိန်နဲ့အမျှ သတိထား စောင့်ကြည့်နေပါတယ်။ ဘာလင်တံတိုင်း ပြိုလဲမှုကအစ ဗီယက်နမ်နဲ့ အမေရိကန် ပုံမှန်ဆက်ဆံရေး တည်ဆောက်တာအလယ် အခု မြန်မာနိုင်ငံက အပေါင်းလက္ခဏာဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအဆုံး ကျနော်တို့ မြင်တွေ့နေရတဲ့အတိုင်း ကိုကာကိုလာဟာ ပိုကောင်းတဲ့ အနာဂတ်အတွက် မျှော်လင့်ခြင်းတွေ သယ်ဆောင်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အစဉ် လတ်ဆတ်မှုတွေအတွက် အမြဲ ဂုဏ်ယူနေတာပါ” ဟု ကုမ္ပဏီ ဥက္ကဋ္ဌလည်းဖြစ် အမှုဆောင် အရာရှိချုပ်လည်းဖြစ်သည့် Muhtar Kent က ဆိုသည်။

“ကိုကာကိုလာကုမ္ပဏီရဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေဟာ တာဝန်သိတဲ့ လုပ်ရပ်မျိုးကို ကိုယ်စားပြုတဲ့ အစီအစဉ်ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားအားလုံး အကျိုးအမြတ်ရှိစေဖို့အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ အပြောင်းအလဲနဲ့ အခွင့်အလမ်းတွေ အများကြီးကို ဖန်တီးပေးဖို့၊ နိုင်ငံသားတွေနဲ့ ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ဆောင်ဖို့ အမေရိကန် ကုမ္ပဏီတွေကို ကျမတို့ လိုလားတယ်ဆိုတာပါပဲ” ဟု ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီး မစ္စ Melanne Verveer က ပြောသည်။

မြန်မာဈေးကွက်တွင် စီးပွားရေးလုပ်ရန် အနာဂတ်အရေး မျှော်တွေးလုပ်ဆောင်ရာ၌ အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး၊ မြန်မာအမျိုးသမီးများကို စီးပွားရေး အခွင့်အလမ်းတွေ သယ်ဆောင်ပေးမည့် အားထုတ်မှုများအတွက်လည်း ၎င်းက ကိုကာကိုလာကုမ္ပဏီကို ချီးမွမ်းပြောဆိုသည်။

ကိုကာကိုလာ ကုမ္ပဏီသည်  မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ၁၉၂၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု စတင်လုပ်ကိုင်ခဲ့ဖူးပြီး ၁၉၄၉ ခုနှစ်က ပြန်လည် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများ ဖြေလျှော့ရုပ်သိမ်းပေးပြီး မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံမှုများ ပြန်လည်လုပ်ခွင့်ကို အမေရိကန် အစိုးရက ခွင့်ပြုပြီးနောက်ပိုင်း ကိုကာကိုလာ ကုမ္ပဏီအပြင် တခြားသော အမေရိကန် ကုမ္ပဏီပေါင်း ၃၀၀ ခန့်သည်လည်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန် စီစဉ်နေကြကြောင်း သတင်း ရရှိသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြား ကုမ္ပဏီများနှင့် ပတ်သက်၍ အကြံပြုချက်ကို မကြာသေးမီက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ညီလာခံတွင် ပြောကြားခဲ့သည်။

“လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းမှုပညာ အရေးကြီးတာကြောင့် မြန်မာနိုင်ငံကို လာရောက် ရင်းနှီး မြုပ်နှံဖို့ ရှိတဲ့သူတွေအနေနဲ့ ကိုယ့်အတွက်ကိုပဲ ကိုယ်မကြည့်ဘဲနဲ့ မြန်မာ လူငယ်တွေလည်း အကျိုးလည်း ရှိအောင်၊ ဒီအပြင် လုပ်ငန်းက ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း ရင်းနှီး မြုပ်နှံသူတွေရော၊ မြန်မာ ပြည်သူတွေရော အကျိုးရှိအောင် တာဝန် သိစိတ်နဲ့ ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာအစိုးရကလည်း မကြာသေးခင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဥပဒေပိုင်းဆိုင်ရာများ ပြုပြင်ပေးခြင်း၊ ဘဏ်စနစ် အာမခံချက်ရှိပြီး ခိုင်မာစေရေးနှင့် အခြားသော လိုအပ်သည်များကို ပြင်ဆင်ပေးလျက်ရှိသည်။

Your Thoughts …
Tags: Economy
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
တပ်မတော်က အာဏာကို အလွန်အကျွံ မသုံးရန် ဒေါ်အောင်ဆန်းစုကြည်ပြော

တပ်မတော်က အာဏာကို အလွန်အကျွံ မသုံးရန် ဒေါ်အောင်ဆန်းစုကြည်ပြော

နိုဗဲလ်ဆုဟာ သူ့နှလုံးသားကို ဆွဲဖွင့်တဲ့ တံခါးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

နိုဗဲလ်ဆုဟာ သူ့နှလုံးသားကို ဆွဲဖွင့်တဲ့ တံခါးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate